@hope_youth_empowerment: ပညာတစ်ခုခုတတ်ထားတဲ့ လူငယ်တွေပြည်ပရောက်ပြီး Visa ကြောင့်ဖြစ်ဖြစ် ၊ ဘာကြောင့်ဖြစ်ဖြစ် အလုပ်ရှာလို့မရ ( လုပ်လို့မရ ) သေးရင် Risk နည်းပြီး ဝင်ငွေလမ်းကြောင်း တစ်ခုဖန်တီးလို့ရမယ့်နည်းလမ်းတစ်ခုရှိတယ်။ အဲ့တာ...... ကိုယ်တတ်ထားတဲ့ပညာကို ပြန်သင်တဲ့နည်းလမ်းပဲ။ အစ်မနဲ့သိတဲ့တစ်ချို့လူငယ်တွေဆို ပညာအရည်အချင်းကောင်းကောင်းရှိတယ်။ တစ််ကယ်လည်းအရည်အချင်းရှိကြတယ်။ ဒါပေမယ့် သူတို့ရထားတဲ့ Visa ကြောင့် အပြင်မှာအလုပ်လုပ်မရတာမျိုး ၊ ဒါမှမဟုတ်ကျောင်းတက်နေရလို့ အလုပ်မသွားနိုင်တာမျိုး စသည်ဖြင့်ပေါ့နော်အဲ့လိုအခြေအနေရင်ဆိုင်နေရတာတွေအများကြီးတွေ့ဖူးတယ်။ အဲ့လိုအခြေအနေရင်ဆိုင်နေရပေမယ့် Online ကနေ စာပြန်သင်တဲ့အလုပ်လုပ်ပြီးရပ်တည်နေကြတဲ့သူတွေလည်းအများကြီးပဲ ။ ဒီတော့ကိုယ်က ဘယ်လိုပညာကိုတတ်ထားလဲ။ ကိုယ်တတ်ထားတဲ့ပညာက ကိုယ်ဘယ်နေရာရောက်နေနေ ကိုယ့်ဆီကနေ ဘယ်သူမှယူသွားလို့မရတဲ့ပိုင်ဆိုင်မှုပဲ။ ကိုယ်ရောက်နေတဲ့နိုင်ငံမှာရပ်တည်ဖို့ စာသင်တဲ့အလုပ်တစ်ခုတည်းနဲ့မရတာတော့ဟုတ်ပေမယ့် တစ်ကယ်လို့သာ အချိန်တစ်ခုအထိ ဝင်ငွေလိုတာမျိုးဖြစ်ဖြစ် ၊ အပိုဝင်ငွေလိုတာမျိုးဆိုရင် ဒီနည်းလမ်းတစ်ခုကိုအသုံးချပေါ့နော်။ ဘာတွေလိုအပ်မလဲဆိုရင်တော့ (1) ကိုယ်တတ်ကျွမ်းထားတဲ့ပညာတစ်ခုခုရှိရမယ်။ဥပမာ Language လား ။ ဒါမှမဟုတ် Skill တစ်ခုခုလား။ အဲ့တာနဲ့ပတ်သက်ပြီး ဘာတွေဘယ်လိုပြန်သင်မလဲ။ဒါကိုစီစဥ်ရမယ်။ (2) ပြီးရင်တော့ ကိုယ်ပြန်သင်ပေးမှာကိုလူတွေသိအောင်လုပ်ရမယ်။ Social Media ကိုကောင်းကောင်းအသုံးချပြီး ကိုယ့်အရည်အချင်းကိုသေချာ ချပြတတ်ရမယ်။ အဲ့ဒီ့အတွက်က အရမ်းမခက်ခဲဘူး။ လေ့လာလိုက်ရင်ရတယ်။ 📍 ဘာလေ့လာရမလဲဆိုရင် - Social Media ကိုသေချာ Set Up လုပ်တာပါမယ်။ - Planတွေချမယ် ။ Content တွေဖန်တီးရမယ်။ - Marketing အခြေခံလေးတွေသိဖို့လိုမယ်။ - Branding တည်ဆောက်ရမယ်။ - အဲ့တာတွေလုပ်ဖို့ Content လည်းဖန်တီးတတ်ရမယ်။ ဒီတော့ Freelance Teacher တစ်ယောက်ဖြစ်လို့ လိုအပ်တဲ့ Skill တွေထဲကတစ်ခုဖြစ်တဲ့ Content Writing ကိုလေ့လာချင်တယ်ဆိုရင်တော့ အစ်မရဲ့ HOPE မှာစီစဥ်ထားတဲ့ Class ရှိပါတယ်။ စိတ်ဝင်စားရင် Bio က Link ထဲကိုဝင်ကြည့်ပြီး Page မှာအတန်းလာအပ်လို့ရပါတယ်ရှင့်။ ဒီနေ့မျှဝေပေးချင်တာကတော့ဒီလောက်ပါပဲ။ အစ်မကတော့ Jess ပါ။ @HOPE-Youth Empowerment ရဲ့ Founder & Instructor ဖြစ်ပါတယ်။ မနက်ဖြန်မှာနောက်တစ်ပိုင်းကိုမျှဝေပေးသွားမှာမို့လို့ စောင့်ကြည့်ပေးပါဦးနော်။ ❤ ပေးပြီး Share သွားဖို့မမေ့ပါနဲ့။ #Freelanceteaching101 #HOPE_Youth_Empowerment
HOPE- youth empowerment
Region: TH
Tuesday 23 June 2026 13:30:00 GMT
Music
Download
Comments
There are no more comments for this video.
To see more videos from user @hope_youth_empowerment, please go to the Tikwm
homepage.