@poelay8229: #@မပြည့်ခဲ့ရင်တောင် ဘောင် တော့ မခတ်စေနဲ့ လောကမှာ မပြည့်တဲ့ အိုးတွေက ဘောင်ဘင်ခတ် တတ်ပါတယ်။ အဲ့ဒီလို ဘောင်ဘင်ခတ်ရင်းနဲ့ အိုးထဲက အရာတွေ တဖြည်းဖြည်း ကုန်သွားတတ်ပါ တယ်။ လူတချို့က ကိုယ့်ကိုယ်ကို အတော်ဆုံးပါလို့ ထင်မြင်ပြီး တစ်ဖက်သားကို အထင်သေးတတ်ကြတယ်။ အဲ့ဒီလိုလူမျိုးတွေက ခပ်များများပဲ ကိုယ့်ထက် မိုးပျံအောင် တော် တတ်နေသူတွေ တပုံကြီးရှိတယ်ဆိုတာ သိထားဖို့ လိုပါတယ်။ လူတချို့က ကိုယ့်ကိုယ်ကို အချမ်းသာဆုံးပါ လို့ မှတ်ထင်ပြီး ဆင်းရဲနွမ်းပါးတဲ့တစ်ဖက်သားကို ချိုးနှိမ်တတ်ကြတယ်.... ကိုယ့်ထက် ကျိကျိတက် ချမ်းသာသူတွေ ဒုနဲ့ဒေး ရှိတယ်ဆိုတာ သိထားဖို့ လိုပါတယ်။ လူတချို့က ကိုယ့်ကိုယ်ကိုပြည့်စုံလွန်းသူလို့ သတ်မှတ်ပြီး တစ်ဖက်သားကို နှာခေါင်းရှုံ့ တတ်ကြတယ်။ ကိုယ့်ထက်ပေါများ ပြည့်လျှံသူတွေ အမြောက်အများ ရှိတယ်ဆိုတာ သိထားဖို့လိုပါတယ် ဘဝမှာ လူတိုင်းကတော့ သူ့အရည်အချင်းနဲ့သူရှိကြပါတယ်။ ကိုယ့်မှာ မရှိတဲ့ အရည်အချင်း တွေသူ့ဆီမှာ ရှိနိုင်သလို သူ့မှာ မရှိတဲ့ အရည်အချင်းတွေ လည်းကိုယ့်ဆီမှာ ရှိနေနိုင်ပါတယ်။ ဘာမှ မမြဲတဲ့ လောကကြီးမှာ ဘ၀ကို ပုံသေတွက်မထားပါနဲ့။ အောင်မြင်ခြင်းနဲ့ရူံးနိမ့်ခြင်းဆိုတာ ခေါင်းနဲ့ ပန်းလိုပဲ အနီးဆုံးမှာ ရှိနေတာမို့ ဘယ်သူ့ကိုမှ အနိမ့်နဲ့ အမြင့် မခွဲခြားတာကောင်းပါတယ်။ လောကမှာ အမြဲတမ်းအောင်မြင်နေတဲ့သူမ ရှိနိုင်သလို အမြဲတမ်း ရှုံးနိမ့်နေတဲ့သူလည်း မရှိပါဘူး။ ထိုနည်းတူစွာ အမြဲတမ်းချမ်းသာနေမယ်လို့ပြောလို့မရသလို အမြဲတမ်း ဆင်းရဲနေမယ်လို့ လည်း မထင်လိုက်ပါနဲ့။ ဒါကြောင့် ဘယ်သူ့ ဘယ်သူကိုမှ အထင်မသေးပါနဲ့ လျှော့မတွက် ပါနဲ့ ။မပြည့်တဲ့အိုးလို မဖြစ်ပါစေနဲ့။ ကိုယ်က မပြည့်တဲ့အိုး ဖြစ်နေခဲ့ ရင်တောင် ဘောင်ဘင်မခတ်အောင် နေတတ်ရမယ်။ လောကမှာ မပြည့်တဲ့ အိုးတွေက တအားကို ဘောင်ဘင် ခတ်တတ်လို့ပါ။

poelay
poelay
Open In TikTok:
Region: MM
Monday 22 June 2026 13:52:27 GMT
9454
509
10
30

Music

Download

Comments

apk.apk989
Mg Thiha :
ဒါပေါ့ဒါပေါ့အမှန်ပါဘဲဗျာ🥰🥰🥰🥰
2026-06-22 16:10:42
1
user5006004329294
𝓒𝓱𝓲𝓽 𝓜𝓲𝓷 ရန်ကုန်သာလေး😘 :
ဟုပ်နေရော့ကွာ။ 👍👍👍😘😘😘😘😘😘😘🤫🤫🤫
2026-07-12 13:18:56
1
koaung.426
ko ko aung :
😁😁😁
2026-06-24 07:18:27
1
yoattay14
yoattay14 :
❤️❤️❤️
2026-07-02 05:29:29
1
hlaine.nu.wai4
Hlaine Nu Wai :
👍👍👍👍
2026-06-24 04:21:17
1
momor6955
ကန်တုံရင်😂😂😂😂 :
🥰🥰🥰
2026-06-24 11:35:07
1
moelya18256
moelya😭😭😭😭😭 :
👍👍👍
2026-06-22 15:34:14
1
alice84985
သဲငယ်လေးရဲ့ကိုကို🤗🤗😘❤️❤️ :
❤️❤️❤️
2026-06-22 15:39:57
1
user800583636818
TL :
🥰
2026-06-22 17:53:18
1
user3868475034568
user3868475034568 :
👍👍👍
2026-07-09 12:54:26
1
To see more videos from user @poelay8229, please go to the Tikwm homepage.

Other Videos


About