@aungaung.myint: .....``ရွာမွန်သုဿန်ဆရာတော် ဦးဝိစာရ´´..... ဓမ္မမိတ်ဆွေရဲ့အိမ်မှာ ဧည့်သည်အဖြစ်ရောက်ရှိခဲ့စဥ်အခါက ရွာမွန်သုဿန်ဆရာတော်ဘုရားကြီးကို သွားရောက်ဖူးမျှော်ဖြစ်ခဲ့ပါတယ်။တည်နေရာ ကတော့ စစ်ကိုင်းတိုင်း ဘုတလင်မြို့နယ် မောင်းထောင်ရွာ မြောက်ဘက် ၃ မိုင်ခန့် အကွာ ရွာမွန်ရွာမှာရှိတဲ့ သုဿန်မှာ ဆရာတော်ဘုရားကြီးသီတင်းသုံးနေတာဖြစ်ပါတယ်။ ဓမ္မမိတ်ဆွေနဲ့ကျွန်ုပ် မောင်းထောင်ရွာအနီးမှာရှိတဲ့ မြေဇင်းတောရ ဆရာတော်ဘုရားကြီးထံမှာ သွားရောက်ပြီး သင်္ကန်းကပ်ပါတယ်။နံနက် ၉နာရီ လောက်မှာ ကျောင်းရောက်သွားပြီး သင်္ကန်းကပ် ဖြစ်ကြပါတယ်။မြေဇင်းဆရာတော်ဘုရားကြီးက တရားအနည်းငယ်ဟောပေးပြီး ထမင်းစားပြီးမှ ပြန်ရန် အမိန့်ရှိခဲ့ပါတယ်။ ဓမ္မမိတ်ဆွေနဲ့ကျွန်ုပ် ထမင်းစားနေစဥ်အခါမှာ ခေါင်းပေါင်းနဲ့ အသက် ၇၀ ကျော်ခန့် အဖိုးကြီး တစ်ယောက်က ကြုံတုန်းကြုံခိုက် ရဟန္တာလို့ ကြော်ကြားနေတဲ့ ရွာမွန်သုဿန်မှာ တရားကျင့် နေတဲ့ တောထွက် ဦးဇင်းကြီးကို သွားရောက်ဖူး မျှော်သင့်ကြောင်း ၂ ကြိမ်တိုင်တိုင်လာရောက်ပြီးအသိပေးနှိုးဆော်ခဲ့လို့ ရွာမွန်သုဿန် ဆရာတော်ဘုရားကြီး ဦးဝိစာရကို သွားရောက်ဖူးမျှော်ဖြစ်ခဲ့ ပါတယ်။2005 ခုနှစ်ကဖြစ်ပါတယ်။ မောင်းထောင်ရွာရှိ ကုန်စုံဆိုင်တစ်ဆိုင်မှ ဖယောင်းတိုင် အမွှေးတိုင် မီးခြစ် ဂျုပ်ဘူး ဂျုပ်သွား ကျွဲရိုင်းဖျော်ရည် စတာတွေကို လှူရန်အတွက်ဝယ်ယူသွားခဲ့ပါတယ်။ဂျွတ်ဂျွတ်အိတ်နဲ့ နှစ်ထပ်ထုတ်ထားတော့ အတွင်းကပစ္စည်းတွေကို လုံးဝမမြင်ရပါဘူး။ နေ့လည် ၁ နာရီအချိန်ခန့်မှာ ဆရာတော်ဘုရားကြီး သီတင်းသုံးရာ ရွာမွန်သုဿန်ကိုရောက်သွားတယ်။ဆရာတော်ကိုဖူးမျှော်ရန် ရှာတဲ့အခါမှာ ကျောင်းကလေးနဲ့ အုပ္ပလင်အကြားမှာ သင်္ကန်း ကို ဦးခေါင်းပါလုံအောင်ခြုံထားပြီး တရားရှုမှတ် နေတာကို ဖူးတွေ့ခဲ့ရပါတယ်။ ကျွန်ုပ်နဲ့ဓမ္မမိတ်ဆွေလဲ အသံမပြုဘဲ ဆရာတော်ဘုရားကြီးရှေ့မှောက် သွားရောက် ရှိခိုးဦးချကန်တော့ပြီး ``ဆရာတော်ဘုရားကြီးကို အလျှင်အမြန် ဖူးတွေ့ရပါလို၏၊ ဖူးတွေ့ရပါလို၏´´လို့ ကျွန်ုပ်ကဆုတောင်းပါတယ်။မကြာမီမှာဘဲ ဆရာတော်ဘုရားကြီးရဲ့ သင်္ကန်းခြုံထားမှု ဖွင့်လာလို့ မျက်နှာတော်ကို အနီးကပ်စတင်ဖူးတွေ့ခဲ့ရပါတယ်။ ဆရာတော်ကြီးက ``တကာနဲ့ တကာမ ဘယ်မြို့က လာကြပါသလဲ´´လို့မေးပါတယ်။ကျွန်ုပ်က ``တန့်ဆယ်မြို့က လာတာပါဘုရား၊ မြေဇင်း ဆရာတော် ဘုရားကြီးထံမှာ ရက် ၆၀ တရား ထိုင်ခဲ့ဘူးလို့ လာရောက်ကန်တော့ရင်း ဆရာတော်ဘုရားကြီးကို လာရောက်ဖူးမျှော်တာပါဘုရား´´လို့ လျှောက်ထားတဲ့အခါ ဆရာတော်ဘုရားကြီးက ``ဦးသောဘိတ (မြေဇင်းဆရာတော်ရဲ့ ဘွဲ့အမည်) တို့ကတော့ လိမ်းဆေးရော စားဆေးရော (ပရိပတ္တိ၊ပရိယတ္တိ)ပေးတတ်သကွဲ့၊ဒို့များကတော့ ပေးတတ်ဖူးကွဲ့ ´´လို့ပြောဆိုပြီး တရားစတင် ဟောကြားပေးခဲ့ပါတယ်။ ``လူဆိုတာ ကိုယ်နေချင်တဲ့နေရာ မနေရဘူးကွဲ့ ကံက ပို့တဲ့နေရာနေရတာ၊အခု တကာနဲ့တကာမ ကံကနေ ပို့လိုက်တော့ သုဿန်သင်္ချိုင်းထဲကို ရောက်လာကြပြီ မဟုတ်လား´´လို့ စတင်မိန့်ကြား ခဲ့ပါတယ်။ ဒီလို ဘာ့ကြောင့် မိန့်ကြားတယ်ဆိုတာကို အစပထမက မသိခဲ့ပါဘူး။အပြန်မှာ ဓမ္မမိတ်ဆွေက သူ့ရဲ့စိတ်မှာ ဆရာတော်ဘုရားကြီးကို မဖူးမျှော်ခင်က ဖြစ်ပေါ်လာမှု အကြောင်းအရာကို ပြောပြပါတယ်။ ``ဒီ ဆရာတော်ကြီးဟာ ကျောင်းမှာ မနေချင်ရင် သစ်ပင်ဝါးပင်အောက်မှာနေလို့ ရရဲ့သားနဲ့ ဘာပြုလို့ သုဿန်သင်္ချိုင်းထဲမှာနေရတာလဲလို့´´သူ့ရဲ့ စိတ်မှာ ဖြစ်ပေါ်ခဲ့တာကို ပြန်လည်ပြောပြလို့ ``အော် ဒါ့ကြောင့် ဆရာတော်ကြီးက ဟောတာကိုး´´လို့ အကြောင်းအကျိုး ဆက်စပ်သိရှိခဲ့ရပါတယ်။ ကျွန်ုပ်ကလဲ အုပ္ပလင်ပေါ်မှာ တင်ထားတဲ့ လှူဘွယ်ပစ္စည်းအထုတ်ကို လှမ်းယူပြီး ကိုင်လိုက်တဲ့အခါမှာ ဆရာတော်ဘုရားကြီးက ``တကာ အထဲမှာ အချိုရည်ဘူးတွေပါတယ်၊ မွန်းတိမ်းသွားပြီ၊ဖရောင်းတိုင်ဘဲထုတ်လိုက်´´လို့ အမိန့်ရှိပါတယ်။ကျွန်ုပ်လဲ ဖရောင်းတိုင်သုံးထုပ်ကို ထုတ်ယူပြီး ဆရာတော်ဘုရားကြီးကို ဆက်ကပ် လှူဒါန်းလိုက်တဲ့အခါမှာ ဆရာတော်ကြီးက ``ဒီ တစ်ထုပ်က အိမ်မှာထွန်း၊ဒီတစ်ထုပ်က ရွှေကြီးသာဘုရား(ကျောင်းနှင့်မနီးမဝေးမှာတည်ရှိ)မှာ ထွန်းသွား´´လို့ အမိန့်ရှိပြီး ဖရောင်းတိုင် နှစ်ထုတ်ကို ပြန်စွန့်ပြီးပေးခဲ့ပါတယ်။ ကျွန်ုပ်ကတော့ မမြင်ရတဲ့အိပ်ထဲက အချိုရည်ဘူး တွေပါတယ်လို့ပြောတာကို ပိုပြီးအံသြမိပါတယ်။ ဒီလို သီလ သမာဓိ ပညာနဲ့ရရှိထားတဲ့အစွမ်းတွေကို မိမိအနေနဲ့ သဘောလဲကျပါတယ်၊လိုလဲလိုချင် ပါတယ်။မြေဇင်းနည်းနဲ့လဲကျင့်ခဲ့ဖူးပါတယ်။ ထိုက်သင့်သလောက်လဲ လေ့လာသိရှိခဲ့ပါတယ်။ ဆရာတော်ဘုရားကြီးက ``တကာ ကျောင်းပေါ် သွားပြီး သင်္ကန်းစသွားယူချေ´´ဟု မိန့်ကြားလို့ ကျောင်းလေးပေါ်ကို တက်ပြီးရှာဖွေကြည့်ပါတယ်။ပြန်ဆင်းလာပြီး ``မတွေ့ဘူးဘုရား´´လို့ လျှောက်ထားတဲ့အခါ ဆရာတော်ဘုရားကြီးက သင်္ကန်းဂျပ်ဘူးခွံထဲမှာရှိတယ်´´လို့ ထပ်မံမိန့်ကြားတဲ့အခါ ကျွန်ုပ်လဲ နှစ်ခုယူခဲ့ပြီး ဓမ္မမိတ်ဆွေကို တစ်ခုပေးလိုက်ပါတယ်။အဲဒီအခါမှာ ``ဆိုင်ကယ်အတွက် တစ်ခုထပ်ယူသွားအုံး´´လို့ ထပ်မံမိန့်ပါတယ်။ကျောင်းပေါ်တစ်ခေါက်ထပ်တက်ရင်း ကျောင်းလေးပေါ်ကို လေ့လာကြည့်တဲ့အခါ ကုတင်တစ်လုံးတွေ့ရပြီး အိပ်ယာမတွေ့ ဦးဇင်းကြီးအား ဖူးတွေ့ချိန် နံနက် ၆နာရီမှ နေ့ ၁၁နာရီ ထိလို့ရေးထားတာကို တွေ့ရတယ်
Aungaung Myint
Region: MM
Monday 22 June 2026 15:37:24 GMT
Music
Download
Comments
HlaMay Daw :
🙏🙏🙏
2026-06-23 00:17:06
1
Liquit salf :
🥰🥰🥰
2026-06-22 22:45:56
1
Htun Kyaing :
🙏🙏🙏🙏🙏🙏🙏
2026-06-22 17:58:18
0
U Ko :
🙏🙏🙏🙏🙏
2026-06-23 04:25:32
0
To see more videos from user @aungaung.myint, please go to the Tikwm
homepage.