@gyell142: လူတစ်ယောက် တကယ်ချစ်တဲ့အခါ အသိသာဆုံးအချက်က effort ထုတ်တာပဲ။ပေးဆပ်တယ်လို့လည်း ပြောချင်တယ်။ စေတနာရှိခြင်းလို့လည်း တင်စား ချင််တယ်။ လူတစ်ယောက်ကို တကယ်ချစ်မိသွားရင် သူ့အပေါ် စေတနာဆိုတာ အတိုင်းအဆမရှိအောင် ကျယ်ပြန့်ပါတယ်။သူ့အတွက်နဲ့ အားထုတ်ချင်လာတယ်။လက်ဆောင် ဝယ်ပေးချင််တယ်။စားကောင်းတာ တွေ့ရင် ကျွေးချင််တယ်။လမ်းသွားလှမ်းလာ သွားရင်း သူနဲ့ လိုက်တာ တွေ့ရင် ဝယ်ပေးချင်တယ်။အနာဂတ် plan တိုင်းမှာ သူ့ကို ထည့်ဖြစ်လာတယ်။သူနဲ့အတူဆိုတဲ့ အိပ်မက်တွေ အများကြီးပါပဲ။ ပေးဆပ်တယ်ဆိုတဲ့နေရာမှ ပိုက်ဆံရှိမရှိနဲ့ သိပ်မဆိုင်ပါ။ပိုက်ဆံ မရှိရင်လည်း မရမက တစ်နည်းနည်းနဲ့ ရအောင် ရှာပြီး ဖြည့်ဆည်းပေးလိမ့်မယ်။လုံးလုံး ဘယ်လိုမှ မရှိရင် မင်းအတွက် အရသာရှိတဲ့ထမင်းတစ်နပ်ချက်ကျွေးလို့လည်း ရတာပဲ။ အိမ်ရှေ့က အမေစိုက်ထားတဲ့နှင်းဆီပန်း တစ်ပွင့် ခူးပေးလည်း ရတာပါပဲ။အဓိက ချစ််တယ်ဆိုတာကို ပါးစပ်ဖျားပေါ်မှာ မတည်ရှိဘဲ လက်တွေ့မှာလည်း အကောင်အထည်ဖော်ဖို့ လိုပါတယ်။ တကယ်ချစ်ရင် ဒီတိုင်း မနေတတ်ဘူး။တစ်နည်းနည်းနဲ့ သူ့အချစ်ကို ပုံဖော်လိမ့်မယ်။ယောက်ျားဖြစ်ဖြစ် မိန်းကလေးဖြစ်ဖြစ် ချစ်မိသွားရင် ကိုယ့်ချစ်သူအတွက် effort ထုတ်ချင်တယ်။ပေးဆပ် ချင်တယ်။ အချစ်နဲ့စေတနာ၊အချစ်နဲ့effort ဒီနှစ်ခုက အမြဲဒွန်တွဲနေပါတယ်။ လူတစ်ယောက် မင်းကို ဘာပြောခဲ့လဲဆိုတာထက် မင်းအတွက်နဲ့ ဘာလုပ်ခဲ့လဲဆိုတာကို ပိုကြည့်ပါ။ ကိုယ့်အပေါ် စေတနာရှိတဲ့သူကိုပဲ ချစ်သင့်ပါတယ်။ #crdစာသား #fyp #foryou #tiktok #foryoupage
Gyell
Region: JP
Monday 22 June 2026 15:39:59 GMT
Music
Download
Comments
N :
စာလေး copyချပေးပါလား
2026-06-23 01:39:17
2
Zin🪸 :
အချစ်ဆိုတာ စေတနာ
2026-06-23 01:24:19
1
To see more videos from user @gyell142, please go to the Tikwm
homepage.