@aye.su.naing29580: နီးကပ်လာတဲ့ **仙逆 (Renegade Immortal) ရဲ့ Movie အမြည်းဗီဒီယိုအသစ်ဟာ ပရိသတ်တွေ မျှော်လင့်နေတဲ့ မူရင်းဝတ္ထုထဲက နာမည်ကြီး အမိုက်စား အခန်းကဏ္ဍပေါင်းများစွာကို သယ်ဆောင်လာခဲ့ပါတယ်။ "Movie မှာ ဘာတွေ စောင့်မျှော်ကြည့်ရှုရမလဲဆိုတာခွဲခြမ်းစိတ်ဖြာကြည့်ရအောင်။ 1️⃣ဝိဇ္ဇာနတ်ဧကရာဇ် ပိုင်ဖန်၏ တားမြစ်နတ်စွမ်းအားများနှင့် ဝမ်လင်း ဝမ်လင်းဟာ ဝိဇ္ဇာနတ်ဧကရာဇ်ပိုင်ဖန်ရဲ့ ထိပ်တန်းနတ်စွမ်းအားသုံးခုဖြစ်တဲ့ *လေဆင့်ခေါ်ခြင်း’၊ ‘မိုးဆင့်ခေါ်ခြင်း’** နဲ့ **‘ပဲစေ့မှ စစ်သည်တော်များ ဖန်ခြင်း ကို လက်ဝယ်ပိုင်ဆိုင်ခွင့် ရရှိလာတော့မှာပါ။ (လေဆင့်ခေါ်ခြင်း):** ဒါက ပထမဆုံး အကွက်ပဲ။ ဒီတားမြစ်စွမ်းအားကို ဝမ်လင်း တိုက်ဆိုင်စွာ သင်ယူခွင့်ရခဲ့လို့သာ *ချင်းရွှေ က သူ့ကို မျိုးဆက်ကျော် တပည့်ညီငယ်အဖြစ် အသိအမှတ်ပြုဖို့ စိတ်ပိုင်းဖြတ်ခဲ့တာ။ ချင်းရွှေဟာလည်း တကယ့်ကို စိတ်ခံစားချက်ကို ဦးစားပေးတဲ့ သွေးသားရင်းချာဆန်သူတစ်ယောက်ပါ။ ချင်းရွှေ ရဲ့ဆွေမျိုးသားချင်းတွေနဲ့ ဆရာ့ရဲ့ ဂိုဏ်းတစ်ခုလုံးကို မကာကွယ်နိုင်ခဲ့တဲ့ နောင်တတွေ၊ အနာဂတ်မှာ ပေးဆပ်ခဲ့ရသမျှ နာကျင်မှုတွေအားလုံးကို စီနီယာအစ်ကို ချင်းရွှေဟာ တပည့်ညီငယ် ဝမ်လင်းအပေါ် အလွန်အမင်း အကာအကွယ်ပေးခြင်းနဲ့ပဲ အစားထိုးကုစားခဲ့တယ်။ (ပဲစေ့မှ စစ်သည်တော်များ ဖန်တီးခြင်း) မိမိဘဝတစ်လျှောက် သတ်ဖြတ်ခဲ့သမျှသူတွေရဲ့ ဝိညာဉ်တွေကို သံသရာအာကာသဟင်းလင်းပြင်ထဲက ဆွဲထုတ်ပြီး စိတ်ကြိုက်စေခိုင်းတဲ့ စွမ်းအား။ ငါ့ဘဝမှာ အသတ်အဖြတ် အကုသိုလ်တွေ များလွန်းလို့ ဒီစွမ်းအားကို အောင်မြင်အောင် ကျင့်ကြံနိုင်ခဲ့တာ”* လို့ ချင်းရွှေက ဆိုဖူးတယ်။ အသတ်အဖြတ်ဆိုတာ ဝမ်လင်းအတွက်တော့ အကျွမ်းကျင်ဆုံး အရာမို့... ဒါဟာ ဝမ်လင်းအတွက် သီးသန့် ထုတ်လုပ်ပေးထားတဲ့ စွမ်းအားတစ်ခုလိုပါပဲ။(စတာ🙂↔️😆🤭) 2️⃣ချင်းးရွှေ၏ နိုးထလာခြင်း အစပိုင်းမှာ မြင်တွေ့ရတဲ့ ခြောက်သွေ့ပိန်လှီနေတဲ့ လူသားပုံစံဟာ... နှစ်ပေါင်းထောင်ချီ ရေဓာတ်ခန်းခြောက်ခံပြီး ပိတ်လှောင်ခံထားရတဲ့ ကျွန်တော်တို့ရဲ့ စီနီယာအစ်ကို ချင်းရွှေပါပဲ။ အပြင်ရောက်တာနဲ့ လမ်းတစ်လျှောက် လူတွေကို စားသောက်ပြီးမှ ဖြည်းဖြည်းချင်း ပြန်လည်နုပျိုလာတာဖြစ်တယ်။ (အကယ်၍ ဝမ်လင်းသာ မြန်မြန်မပြေးရင် စီနီယာအစ်ကိုရဲ့ စားခြင်းကို ခံရနိုင်တယ်... Not Really 😉)😆🤭 3️⃣ ရတနာသိုလှောင်ဆောင်ကို သိမ်းကျုံးယူခြင်း ဗီဒီယိုထဲက ဝမ်လင်း ရှိနေတဲ့နေရာဟာ **'ရတနာသိုလှောင်ဆောင်'** ဖြစ်ဖို့ ရာခိုင်နှုန်း တော်တော်များပါတယ်။ ဝမ်လင်းဟာ ပိုင်ဖန် ချန်ထားခဲ့တဲ့ ပုံရိပ်ကနေ ‘လေဆင့်ခေါ်ခြင်း’ စွမ်းအားကို ကိုယ်တိုင် သင်ယူခဲ့တာ (တကယ့် ဉာဏ်ကြီးရှင်ပါပဲ)။🙂↔️🤭 ကျင့်ကြံသူအများအပြားဟာ ဒီနေရာကို ဖူးမြော်ဖို့ လာကြတာဖြစ်ပေမဲ့၊ နောက်ပိုင်းမှာတော့ ဝမ်လင်းက နတ်စွမ်းအားတွေ သိုလှောင်ထားတဲ့ ရတနာသိုလှောင်ဆောင်တစ်ခုလုံးကို တိုက်ရိုက်ကျုံ့ပြီး တစ်ခုမကျန် သိမ်းကျုံးယူဆောင်သွားခဲ့ပါတယ်။ 4️⃣ ဝမ်လင်း VSချင်းရွှေ - မိုးကြိုးနတ်ပြည်ကို တုန်လှုပ်စေမယ့်တိုက်ပွဲ ဝမ်လင်းက ချန်းရွှေရှေ့မှာ ‘လေဆင့်ခေါ်ခြင်း’ ကို ထုတ်သုံးလိုက်တဲ့အချိန်မှာပဲ ချန်းရွှေဆီကနေ **"မင်းနဲ့ ဝိဇ္ဇာနတ်ဧကရာဇ်ပိုင်ဖန်ဘာပတ်သက်လဲ"** ဆိုတဲ့ မေးခွန်း ထွက်ပေါ်လာခဲ့တာပါ။ 🔥 အခုလာမယ့် Movie ကိုအမိုက်စား Graphics တွေနဲ့ ဒီတိုက်ပွဲအခန်းကို အန်နီမေးရှင်းအဖွဲ့က ဘယ်လောက်ထိ ထိမိအောင် ဖန်တီးပေးမလဲဆိုတာ ရင်ခုန်စွာနဲ့ စောင့်မျှော်ကြည့်ရှုလိုက်ကြရအောင်!🔥🙂↔️ #renegadeimmortal #အမတတစ်ပါး၏ကိုယ်ပိုင်လမ်းစဉ် #wanglin #donghua #views
Path Of The Immortal- WangLin
Region: SG
Monday 22 June 2026 22:53:55 GMT
Music
Download
Comments
Ko Htet :
ဘယ်ရက်လဲbro
2026-06-23 03:45:38
0
To see more videos from user @aye.su.naing29580, please go to the Tikwm
homepage.