@hope_youth_empowerment: မိဘတွေကို အပူမပေးချင်တော့ဘူး။ သူတို့ဆီက ငွေမယူချင်တော့ဘူး။ ကိုယ့်အသုံးစရိတ်လောက်တော့ရှာနိုင်ချင်တယ်။ပြီးရင် ကိုယ့်ပိုက်ဆံနဲ့ကိုယ် ပညာဆက်သင်ချင်တယ်။ ဘယ်ကစရမလဲ။ 💬 ညီမလေးတစ်ယောက်မေးထားလို့ဖြေပေးလိုက်ပါတယ်။ လိုရင်းလေးပဲသွားမယ်နော်။ ပထမဆုံးပြောချင်တာက အဲ့လိုအခြေအနေမျိုးနဲ့ ဖြစ်နေမယ့်ခံစားချက်ကို ကောင်းကောင်းနားလည်တယ်။ ဘာလို့လဲဆိုတော့ အစ်မလည်းအဲ့လိုကနေစခဲ့တာပဲမို့လို့။ ဒီတော့ အစ်မရဲ့အတွေ့အကြုံကနေ အကြံပေးချင်တာနဲ့မှာချင်တာတွေက (1) အရမ်းမလောနဲ့ဦး။ 📍 အဲ့လိုကာလမှာ ဘေးပတ်ဝန်းကျင်နဲ့ တစ်ချို့တွေကိုကြည့်ပြီး အခုချက်ချင်းမှမလုပ်နိုင်ရင် ဘဝက နောက်ကျ ကျန်နေခဲ့ပြီလို့ခံစားရတတ်တယ်။ အစ်မတုန်းကလည်းအဲ့လိုပဲခံစားရတာပဲ။ အရမ်းလောပြီးဘာဖြစ်လာလဲဆိုတော့ စိတ်ရောလူရော နှစ်ဆပိုပင်ပန်းတာပဲအဖက်တင်တယ်။ အမှားတွေလည်းပိုများတယ်။ အဲ့တော့မလောနဲ့ ။ အရာအားလုံးကို သူ့အချိန်နဲ့သူ တစ်ဆင့်ချင်းသွားလို့ရတယ်။ (2) အရင်လေ့လာရမယ်။ 📍 ဝါသနာပါလို့ဖြစ်ဖြစ် ၊ စိတ်ဝင်စားလို့ဖြစ်ဖြစ် လုပ်ချင်တာရှိတယ်ဆိုရင် အဲ့တာနဲ့ပတ်သက်ပြီး အရင် Research တွေလုပ်။ ကိုယ်တိုင်အရင်လေ့လာကြည့်။ သူများပြောတိုင်းမယုံနဲ့ ။ သူများလုပ်တိုင်းမလုပ်နဲ့ ။ ကိုယ်တိုင်အရင်တွေးပြီး သေချာစဥ်းစား။ သူများပြောလို့လုပ်ပြီး ၊ နောက်မှအဆင်မပြေတာတွေကြုံရတာတွေ ၊ အလုပ်ပိုရှုပ်ရတာတွေဖြစ်တတ်တယ်။ အဲ့တော့ လုပ်ချင်တာရှိရင် အရင်လေ့လာ။ (3) အမြန်ဆုံးစချင်ရင် Social Media နဲ့ Online ငွေရှာနည်းတွေကိုလေ့လာကြည့်။ 📍 ဝါသနာလည်းမရှိသေးဘူး။ ဒီတိုင်းစမ်းကြည့်ချင်တာ။ ငွေလည်းရှာချင်တယ်။ဆိုရင် Online ကနေလုပ်တာတွေက အကောင်းဆုံးပဲ။ အလုပ်တိုင်းက အစမှာတော့ မလုပ်ဖူးရင်ခက်တယ်ဆိုတာကိုတော့မမေ့နဲ့။ ဒါကြောင့်အရင်လေ့လာသင့်တယ်။ YouTube / Google / Chat GPT စတဲ့ Platform တွေကိုသုံးပြီး Online ငွေရှာနည်းတွေလေ့လာလို့ရတယ်။ (4) အဲ့တာတွေမလုပ်ချင်ရင်တော့ Skill တစ်ခုခုကိုအရင်လေ့လာရမယ်။ 📍 အရှေ့မှာခဏခဏပြောဖူးပါတယ်။ဘာမှမတတ်ရင်ဘယ်လိုမှငွေရှာလို့မရဘူး။ဒါကြောင့်တစ်ခုခုတော့တတ်ထားဖို့လိုမယ်။ သင်တန်းကြေးမရှိရင် YouTube ကနေ ကိုယ်တိုင်လေ့လာ။ မပျင်းနဲ့။ ဝါသနာပါတဲ့ Skill ဖြစ်ဖြစ် ၊ သင်ချင်တဲ့ Skill တွေမရှိရင် အနည်းဆုံးတော့ English ကိုလေ့လာ ။ ပြီးရင် Social Media အတွက်သုံးလို့ရတဲ့ Software လေးတွေ Tools တွေလည်းလေ့လာထား။ အဲ့ဒီ့ကနေ ကိုယ်စိတ်ဝင်စားတာလေးတွေ့ရင်တွေ့လာမှာပေါ့။ ဘယ်သူသိနိုင်မလဲ။လုပ်ကြည့်မှပဲသိရမှာ။ ဘာလေ့လာရမလဲမသိရင်တော့ဝင်ငွေကောင်းတဲ့ Skill တွေထဲကတစ်ခုဖြစ်တဲ့ Content Writing လောက်ကနေစပြီးလေ့လာကြည့်ပါ။ စိတ်ဝင်စားရင်တော့ Bio က Link ထဲဝင်ကြည့်ပြီး အတန်းလာအပ်လို့ရပါတယ်ရှင့်။ #hope_youth_empowerment #viral #premiumclass #HOPE_Youth_Empowerment #contentwriting
HOPE- youth empowerment
Region: TH
Wednesday 01 July 2026 13:30:00 GMT
Music
Download
Comments
Mind Upgrade :
အဲလိုမျိုးကို ကြိုက်တာ🥰🥰🥰
2026-07-17 09:21:56
0
To see more videos from user @hope_youth_empowerment, please go to the Tikwm
homepage.