@israela.lama: ဆေးမဆိုးထားတဲ့ မေတ္တာကိုသာပေးပါ ===================== လူဆိုတာ တစ်ယောက်နဲ့ တစ်ယောက် ဖြတ်သန်းလာရတဲ့ ဘဝအတွေ့အကြုံတွေလည်း မတူနိုင်သလို စရိုက်ချင်းလည်း မတူညီနိုင်ကြပါဘူး...။ ဒါကို အတင်းလိုက်ညှိနေရင်တော့ ပင်ပန်းရုံပဲ ရှိပါလိမ့်မယ်...။ အဖြစ်အပျက် တစ်ခုခု အခြေအနေတစ်ခုခုကို မြင်ပုံ ခံစားပုံ အဓိပ္ပါယ်ကောက်ယူပုံ မတူနိုင်တာကြောင့် ကိုယ်မြင်သလို သူလည်းမြင်ရမယ်လို့ ပုံသေ မတွေးလိုက်ပါနဲ့...။ ငါမြင်သလို မမြင်ကောင်းလားဆိုပြီးလည်း စိတ်မဆိုးပါနဲ့...။ အတွေးအခေါ် အယူအဆ မတူနိုင်တာဖြစ်လို့ အပြန်အလှန် နားလည်မှု လေးစားမှုတွေ ရှိရင် ရှေးခရီးဆက်တာက ပိုပြီး အဆင်ပြေပါလိမ့်မယ်...။ တခါတလေမှာ အသွားရှိရင် အပြန်ရှိရမယ်လို့ သဘောထားတတ်ကြတယ်...။ အဲ့ဒီလို သဘောထားတဲ့အခါ... ကိုယ့်ဘက်က အသွားရှိပေမယ့် အပြန်မရှိတဲ့အခါ ဒေါသဖြစ်တတ်ကြတယ် စိတ်ပျက်တတ်ကြတယ်...။ ဒေါသက အရာအတော်များများကို ပျက်စီး ဆုံးရှုံးစေတတ်ပါတယ်...။ ဒါကြောင့်... ဒေါသဖြစ်ရတာ နည်းချင်ရင် စိတ်ပျက်ရတာ နည်းချင်ရင် အသွားရှိတိုင်း အပြန် မရှိနိုင်ဘူးဆိုတာကို လက်ခံနိုင်ဖို့ ကြိုးစားရပါလိမ့်မယ်...။ ကူညီစရာရှိရင် ကိုယ်တတ်နိုင်တဲ့ဘက်က ဘာမှ မမျှော်လင့်ပဲ ကူညီပေးလိုက်ပါ...။ မျှော်လင့်စရာမရှိတော့ သောက ဖြစ်စရာ စိတ်ဆိုးစရာ ဒေါသဖြစ်စရာ မလိုတော့ပါဘူး...။ စေတနာ မေတ္တာတွေတောင်မှ အသွားရှိပေမယ့်လည်း အပြန်မရှိတတ်တာကို သိထားရင် ဘဝမှာ အတော်လေးကို အေးချမ်းနေပါပြီ...။ ဘဝမှာ တခြားသူကို ပေးချင်တဲ့ဆန္ဒရှိရင်... ဘာအရောင်မှ ဆေးခြယ်ထားခြင်းမရှိတဲ့ စေတနာ မေတ္တာကိုသာ ပေးနိုင်ရင်... ပူလောင်စရာ သောကလည်း နည်းသွားပါလိမ့်မယ်...။ #crd_to_owner_with_respect
ISRAELA LAMA
Region: MM
Tuesday 23 June 2026 05:34:45 GMT
Music
Download
Comments
🩵 Hsu Hsu 🩵 (ဆု) :
စာသားလေးချပေးပါလားရှင့် ပြန်တင်ချင်လို့ပါ
2026-06-24 06:47:35
14
Hnin Yee :
မဂ်လာပါနော်
2026-06-26 08:11:19
1
🫧Eshta Maran Sengbu🫧 :
Thanks 🥰
2026-06-26 09:41:55
1
ငွေမှုံ( NZP) :
ပြန်လည်မျှဝေခွင့်ပြု့ပါ ဆရာ🙏🙏🙏
2026-06-26 04:02:21
1
အိထွေး :
ပြန်တင်ခွင့်ပေးပါရှင်🥰🥰🥰🥰🥰🥰🥰🥰
2026-06-26 07:36:07
1
ThidarWin :
စာသားလေးပြန်တင်ပါရစေရှင့်🙏🥰
2026-06-25 10:22:45
2
Than Lwin :
very good
2026-06-25 05:58:34
1
May Lay :
ပြန်တင်ပါရစေရှင် 🥰
2026-06-25 08:32:50
1
Aung Sett :
ဟာလှလိုက်တဲ့စကားလုံးအရမ်းကြိုက်တယ်ဟုတ်တယ်ဆေးမဆိုးထားတဲ့.....
2026-06-25 04:36:06
1
Daw Hla Hla Nwe :
အရမ်းမှန်တဲ့စာသားလေးပါ🥰🥰🥰
2026-06-24 20:52:37
1
ဦးဇင်း :
အမှန်တယ်ဗျာ
2026-06-25 05:11:14
1
𝐤𝐡𝐚♏ :
ပြန်တင်ခွင့်ပေးပါ 🥰#crd
2026-06-24 18:42:48
1
Saw Si Thu Phyo :
copy ယူခွင့်ပြုပါဆရာ🥰
2026-06-24 08:13:36
1
ချမ်း :
သိပ်မှန်တာပေါ့ဗျာ
2026-06-25 02:30:12
1
ကျူးလစ်ဝါ🌷 :
ကျေးဇူးတင့်ပါတယ်အမှန်ပါရှင့်
2026-06-25 10:13:28
1
💕Myat.Lay.Z💕{For one person} :
copy ယူပါပီ
2026-06-24 08:13:01
1
လုင်လေး လုင်လေးလေး :
ရမယ်
2026-06-24 06:53:02
1
💫🅺💫 :
ပြန်တင်ပါရစေရှင်
2026-06-24 07:07:16
1
Zaw hmue shein :
Copyယူပါရစေ
2026-06-23 21:51:19
1
D phyu Lay :
🥰🙏🥰ပြန်တင်ပါရစေရှင့်
2026-06-24 07:12:50
1
🌸💕😘Jesica lady 🥰 :
မှန်ပါတယ်ရှင်
2026-06-24 02:36:53
1
𝒦𝒪.𝒫𝒜𝐼𝒩𝒢.𝑜𝒻𝒻𝒾𝒸𝒾𝒶 :
copy လေးလုပ်ပေးပါလားလို့ချင်လို့
2026-06-26 00:14:26
1
San Thet Win :
ကြိုက်တယ်
2026-06-25 01:27:08
1
Shwephyu :
အရမ်းကောင်းတဲ့စာသားလေး😍
2026-06-25 02:34:39
2
To see more videos from user @israela.lama, please go to the Tikwm
homepage.