@filmlogic18: 🪽Fight Club လို ဇာတ်ကောင်တွေရဲ့ မသိစိတ်ထဲက အထီးကျန်မှုနဲ့ စိတ္တဇဆန်တဲ့ အမှောင်ဘက်ခြမ်းတွေကိုမှ... ဟောင်ကောင်ရုပ်ရှင်လောကရဲ့ ကဗျာဆရာကြီး ဒါရိုက်တာ Wong Kar-wai က သူ့ရဲ့ ထုံးစံအတိုင်း မှိုင်းညို့အေးစိမ့်လှတဲ့ မိုးပြာရောင် Visuals တွေ၊ စွဲမက်ဖွယ် နာရီသံတွေနဲ့ အကွက်ကျကျ ပုံဖော်ထားတဲ့ Psychological Drama / Romance / Neo-Noir ဂန္ထဝင် ရုပ်ရှင်ကမ္ဘာကြီး ဖြစ်ပါတယ်ဗျာ။ 🪽၁၉၆၀ ပြည့်နှစ်တွေရဲ့ ဟောင်ကောင်မြို့ပြကြီးထဲမှာ ဖြစ်ပါတယ်။ အိမ်ထောင်ရေး မတည်မြဲတဲ့ မိခင်အရင်းက စွန့်ပစ်သွားခဲ့လို့ မွေးစားအမေဖြစ်သူ ဖာသည်မဟောင်းတစ်ဦးရဲ့ လက်ထဲမှာ စိတ္တဇဆန်ဆန် ကြီးပြင်းလာရတဲ့ ချောမောခန့်ညားပြီး ချမ်းသာတဲ့ လူငယ်လေး ယုဒိ (Leslie Cheung) ဟာ စိတ်ဒဏ်ရာ (Trauma) အပြည့်နဲ့ ဘဝကို တာဝန်မဲ့ ဖြတ်သန်းနေသူပါ။ သူဟာ မိန်းကလေးတွေကို သူ့ရဲ့ ဆွဲဆောင်မှုနဲ့ အရူးအမူးဖြစ်အောင် လုပ်ပြီးရင်... ဘယ်သူ့ကိုမှ သံယောဇဉ်မတွဲဘဲ ရက်ရက်စက်စက် စွန့်ပစ်တတ်တဲ့ Playboy အထာ နဲ့ အသက်ရှင်နေပါတယ်။ 🪽သူ့ရဲ့ ပထမဆုံး သားကောင်ကတော့ အားကစားကွင်း ကန်တင်းမှာ အလုပ်လုပ်တဲ့ ဖြူစင်တဲ့ ကောင်မလေး ဆူလီကျန်း (Maggie Cheung) ပါပဲ။ ယုဒိဟာ သူမကို ငါတို့ တစ်မိနစ်စာ အတူတူကြည့်ခဲ့တဲ့ အချိန်ကို နင်တစ်သက်လုံး မေ့တော့မှာ မဟုတ်ဘူးဆိုတဲ့ စကားလုံးနဲ့ သိမ်းပိုက်ခဲ့ပြီး... ဆူလီကျန်း က လက်ထပ်ဖို့ ပြောလာတဲ့အခါမှာတော့ ငြင်းပယ်ပြီး မောင်းထုတ်လိုက်ပါတယ်။ ဒုတိယတစ်ယောက်ကတော့ ကလပ်က ကချေသည်မလေး မီးမီး (Carina Lau) ဖြစ်ပြီး သူမလည်း ယုဒိရဲ့ အချစ်မဲ့ လှည့်စားမှုအောက်မှာပဲ ရူးသွပ်နာကျင်ရပြန်ပါတယ်။ 🪽တစ်ဖက်မှာလည်း ယုဒိ စွန့်ပစ်ခဲ့တဲ့ ဆူလီကျန်း ကို တိတ်တခိုး ချစ်မိသွားတဲ့ ရဲသားလေး တိုက်မင်း (Andy Lau) နဲ့ ယုဒိရဲ့ သူငယ်ချင်းအရင်းကြီး တပ်ဘီ (Jacky Cheung) တို့ပါ ဒီအချစ်မုန်တိုင်းထဲ ပါဝင်ပတ်သက်လာကြပါတယ်။ နောက်ဆုံးမှာ ယုဒိဟာ သူ့ရဲ့ စိတ္တဇဆန်တဲ့ အထီးကျန်မှုကို အဆုံးသတ်ဖို့နဲ့ မိခင်အရင်းကို ရှာဖွေဖို့အတွက် ဟောင်ကောင်ကနေ ဖိလစ်ပိုင်နိုင်ငံဆီ ထွက်ခွာသွားခဲ့တဲ့အခါ... လမ်းပျောက်နေတဲ့ ငှက်ငယ်တွေလို ဇာတ်ကောင်အားလုံးရဲ့ ဘဝတွေ ဘယ်လိုအဆုံးသတ်သွားမလဲဆိုတာကို...။ မကြည့်ဖူးသေးရင် တစ်ခါလောက်ဖြစ်ဖြစ် စမ်းကြည့်သင့်ပါတယ်။ ပြီးတော့မှ ဒီလိုဇာတ်ကားပုံစံမျိုးတွေပဲ ကြည့်ချင်သွားရင်တော့ တာဝန်မယူပါဘူး။😁 movie name 📛 days of being wild 🚀 channel link in bio 🚀 #depresion #lonely #movie #moviereview #movierecommendation

✞︎ᖴIᒪᗰ ᒪOᘜIᑕ✞︎
✞︎ᖴIᒪᗰ ᒪOᘜIᑕ✞︎
Open In TikTok:
Region: MM
Tuesday 23 June 2026 06:35:06 GMT
280856
16235
55
562

Music

Download

Comments

noriyan_sauron
sauron :
ကြည့်ဖူးတယ်အရမ်းကောင်းတယ်
2026-06-23 17:23:06
39
yes_im_changing
Yes, I'm Changing :
To all comments #spoiler အဲ့ငှက်က မွေးကတည်းက သေနှင့်နေပြီးဖြစ်လို့ပါ
2026-06-24 01:04:28
28
waiyanzaw5934
waiyan.zaw 🤍 :
ယောက်ျားလေးတစ်ယောက် ပထမဆုံးရဖူးတဲ့ ပန်းစည်းဟာ... သူသေဆုံးသွားတဲ့ အချိန်ပါပဲ
2026-06-24 02:31:26
26
zinminhtet851
Zin Min Htet :
မြေ ပေါ်မှာအိပ်လို့မရဘူးလား
2026-06-23 15:04:56
11
jusit_world
Liam :
I like the footless bird,do you know why?
2026-06-24 05:55:26
8
thaetonntonn
imma student called PeTe :
I need more spoiler 😭
2026-06-24 03:22:04
5
thethtar91250
Thet Htar :
link please
2026-06-24 09:11:53
4
rhizo222002
Rhizo :
အမြဲတမ်း ရုန်းကန်နေတာကို ဆိုလိုခြင်း
2026-06-24 10:07:42
3
bobo41578
Wang Lin(LeO♌) :
ငါကျတော့ ငှက်တော့ငှက်ပဲ အတောင်ကျိုးနေတဲ့ငှက်🤣မတူညီကြဘူး အခြေနေတွေက
2026-06-24 11:53:35
2
khun.aung.hein.soe1
Khun Aung Hein Soe :
ညငှက်
2026-06-24 12:10:11
2
tintlwinhtay
Tint Lwin Htay :
ဘာငှတ်လဲ ပြ
2026-06-24 13:56:51
2
fan85010
ဗိုလ်ဘို :
find"fang Yuan"
2026-06-24 15:46:39
2
rocketarmnzx
ROCKET :
😳♥️
2026-06-25 06:40:03
2
k.zee420
王艺🍂 :
တစ်ဘဝလုံးမနားပဲရုန်းကန်နေရတာကို ဆိုလိူတာပေါ့နော်
2026-06-25 03:42:24
2
mgnay504
▀▄▀▄ 𝕶𝖔 𝕹𝖆𝖞 𝕳𝖙𝖆𝖙 ▄▀▄▀ :
the game changer 2019 ဇာတ်လမ်းထဲမာ အပျော်မယ်ကို တော်ကီချုပ်တဲ့အခန်းမာ ထည့်ပြောသွားတာ
2026-06-25 03:41:33
1
phyoelayy06
PPW84466 :
🔥🔥🔥
2026-06-27 08:33:37
1
zin.min.khant.pai
Zin Min Khant Paing :
Days of Beaing Wild ကားများလား😪
2026-06-25 07:06:32
1
kyawminkhant00792
လူသားတယောက် :
လင့်ကဘယ်မှာတုန်းဗျာ တခါတည်း ထည့်ပေးတာမဟုတ်ဘူး
2026-06-25 04:27:24
1
kyawthuya5326
kyawthuya5326 :
ခြေထောက်မပါတာကိုမြေပေါ်အိပ်ပြီးဘယ်လိုထပ်ပျံလို့ရတော့မလဲ။ဘယ်လိုအရှိန်ယူပြီးပျံတတ်မလဲ
2026-06-24 03:59:24
1
kaungsithu8086
Kaung Si Thu :
🥰🥰🥰
2026-06-25 01:39:15
1
zaw24380
Zip :
ဂူယွဲ့ဖန်းယွမ်ထဲမှာတော့ ဖတ်မိဖူးတယ် တကယ်ရှိတယ်ပေါ့ 🙄
2026-06-24 02:36:30
1
thi.ri3330
Thi Ri ( Phyu`s sis 🐱 ) :
♥️♥️♥️
2026-06-25 03:07:59
0
To see more videos from user @filmlogic18, please go to the Tikwm homepage.

Other Videos


About