@ye.baw.nay.lin2: ကမ္ဘာ့ဖလား ဘောလုံးကွင်းအတွင်း ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက် ရေး မြန်မာအချို့ တောင်းဆို ဧရာဝတီတိုင်းမ် ဇွန် ၂၃ ရက် အမေရိကန်နိုင်ငံတွင် ကျင်းပလျက်ရှိသည့် ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ၏ နော်ဝေနှင့် ဆီနီဂေါအသင်းတို့ ယှဉ်ပြိုင်ကစားသည့် ပွဲစဉ်တွင် မြန်မာပရိသတ်အချို့က လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများအားလုံး အမြန်ဆုံး လွတ်မြောက်ရေးအတွက် ဘောလုံးကွင်းအတွင်း သွားရောက် တောင်းဆိုခဲ့ကြသည်။ နယူးယောက် နယူးဂျာစီ အားကစားကွင်းတွင် ယနေ့ ဇွန်လ ၂၃ ရက်က ယှဉ်ပြိုင်သည့် အဆိုပါ ပွဲစဉ်မစတင်မီ မြန်မာပရိသတ်များသည် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ဓာတ်ပုံများ၊ "Free Daw Aung San Suu Kyi" နှင့် "Free Political Prisoners" စာတန်းပါ ပိုစတာနှင့် အကျင်္ီ များကို ကိုင်ဆောင်ဝတ်ဆင်၍ ဘောလုံးကွင်းအတွင်း၊ ပွဲကြည့်စင်နှင့် ကွင်းအပြင်ဘက် နေရာတို့တွင် တောင်းဆို လှုပ်ရှားမှုများ ပြုလုပ်ခဲ့ကြခြင်း ဖြစ်သည်။ ရုပ်သံ-sare Maung #ကမ္ဘာ့ဖလားပြိုင်ပွဲ #ဒေါ်အောင်ဆန်းစုကြည် #နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေး #မြန်မာပရိသတ်များ #နယူးယောက်နယူးဂျာစီအားကစားကွင်း
YE BAW" NAY" LIN" 6M
Region: TH
Tuesday 23 June 2026 08:51:52 GMT
Music
Download
Comments
Nas Gnua :
မတရားမှုကို ကမ္ဘာကသိအောင်
ဖော်ပြပေးတဲ့အတွက်
ကျေးဇူးပါ အမျိုးတို့ 🥰🥰
2026-06-23 09:36:35
486
မြန်မာပြည်သား :
တောင်းဆိုတော့ ဘောလုံးကွင်းကြီးက
ဘာပြန်ပြောလဲ
2026-06-23 11:15:20
152
U Maung :
ဘယ်သူမှစိတ်မဝင်စါးဘူး
2026-06-23 09:33:09
166
Queen 👑👑👑 :
အားလုံးကြားသိကြပီးအမေစုနဲ့နိုင်ကျင်းများအားလုံးအမြန်ဆုံးလွတ်မြောက်ပါစေ🥰🥰🥰🥰🥰🥰🥰🥰
2026-06-23 09:29:15
76
NiNiSoe :
ကမ္ဘာက မပြောလည်း
ပိုသိ
2026-06-23 11:14:41
38
@swan htet aung :
လေးစားတယ်ဗျာ အမေ့ပုံပြပေးတာ
2026-06-23 11:41:28
24
Aung San Min :
အားနေကြတာကိုး😁
2026-06-23 13:07:07
11
waiyansoe :
ဘသူမှစိတ်ဝင်စားမာမဟုတ်ဘူး
2026-06-23 12:42:49
30
Aung Soe Oo :
ကျေးဇူးအရမ်းတင်မိတယ်ကမ္ဘာကသိအောင်လုပ်ဆောင်ပေးတဲ့အတွက်
2026-06-23 13:42:57
13
Golden Lights :
ဘာထူးသွားလဲ ဘာမှ မထူးဖူး
2026-06-23 09:50:18
49
mg lay laty :
လှည့်တောင်မကြည့်ကြတာဆန်းသဟ
2026-06-23 10:26:31
42
soe lay :
ဘာမှဖြစ်လာမှာမဟုတ်ဘူး
2026-06-23 12:48:51
12
Aung Thu :
စိတ်တေလဲညစ်ပါတယ်
2026-06-23 12:30:29
12
koko cglhit :
လေးစားတယ်ဗျာအမေ့အတွက်ဝန်းရံသူအားလုံးကို🥰🥰🥰🥰🥰🥰
2026-06-23 09:49:33
18
Hla Hla :
အမေစုအမြန်ဆုံးလွတ်မြောက်ပါစေ
2026-06-23 12:51:03
10
han than :
ဘာဆိုင်လို့လဲ
2026-06-23 10:48:08
15
Ko Tun :
လေးစားပါတယ် ဗျာ
2026-06-23 12:24:29
10
hanako :
🙏🙏🙏🙏🙏🌹🌹🌹🌹🌹🌹🌹❤️❤️❤️❤️❤️❤️❤️❤️❤️👍👍👍👍👍👍👍လေးစားပါသည်အကိုတို့
2026-06-23 12:50:24
7
esst97 :
တော်တော်စိတ်ဝင်စားတယ်ဆိုတော့
2026-06-23 09:31:51
20
ko htin lin :
ကျေးဇူးပါ
2026-06-23 10:20:18
5
နေမင်းသူရိန် :
ဘာဆိုင်လဲကွာ ဘာမှလဲမဆိုင်
2026-06-23 11:21:24
13
Win Win :
We are Vote
2026-06-23 10:00:04
6
NanDarMaung :
ကျေးဇူးကြီးမားလိုက်တာ
2026-06-23 09:47:48
6
mylove :
လေးစားပါတယ်
2026-06-23 13:57:59
2
To see more videos from user @ye.baw.nay.lin2, please go to the Tikwm
homepage.