@aungpyaesone35281: ဂျပန်မှာ လမ်းပေါ် အမှိုက်ပုံးမရှိဘူး… ဒါပေမယ့် လမ်းပေါ်မှာ အမှိုက်တစ်စတောင် မတွေ့ရဘူး။ ဘယ်လိုလုပ်ထားတာလဲ?🤯 တကယ်တော့ ဂျပန်မှာ လမ်းပေါ်အမှိုက်ပုံးတွေက မြန်မာနိုင်ငံထက်တောင် နည်းသေးတယ်။ ကျွန်တော် ဂျပန်ကို ရောက်ခါစမှာ အခက်ခဲဆုံးထဲက တစ်ခုကတော့ “အမှိုက်ပစ်တဲ့စနစ်”ပါပဲ။ မြန်မာနိုင်ငံမှာတော့ အမှိုက်ဆို အကုန်စုထားပြီး တစ်ခါတည်းပစ်လိုက်ရုံပဲ။ ဒါပေမယ့် ဂျပန်မှာတော့ အဲ့လို မရဘူး။ ✅ မီးလောင်နိုင်တဲ့အမှိုက် ✅ မီးမလောင်နိုင်တဲ့အမှိုက် ✅ ပလတ်စတစ် ✅ ဖန်ပုလင်း ✅ သံဘူး အားလုံးကို ခွဲပစ်ရတယ်။ ဒါတင်မကသေးဘူး… ဘယ်အမှိုက်ကို ဘယ်နေ့ပစ်ရမလဲဆိုတာပါ သတ်မှတ်ထားတယ်။ ကိုယ်က တစ်ခါတစ်လေ ဘာမှမဖြစ်လောက်ပါဘူး ဆိုပြီး ရက်မှားပစ်လိုက်ရင်… အမှိုက်သိမ်းတဲ့သူတွေက ယူမသွားဘူး။ 😅 စာကပ်ထားပြီး ဒီတိုင်းထားခဲ့တယ်။ တိုက်ခန်းပိုင်ရှင်ကပါ သတိပေးတာမျိုး ကြုံခဲ့ရတယ်။ အိမ်အသုံးအဆောင်ကြီးတွေ ပစ်ချင်ရင်တောင် အရွယ်အစားပေါ်မူတည်ပြီး ပိုက်ဆံပေးမှ ပစ်လို့ရတယ်။ အစပိုင်းတော့ စိတ်ရှုပ်ခဲ့တာ အမှန်ပဲ။ ဒါပေမယ့် နောက်ပိုင်းကျတော့ သဘောပေါက်လာတယ်… ဂျပန်လမ်းတွေ သန့်ရှင်းနေတာက အမှိုက်ပုံးပေါတာကြောင့် မဟုတ်ဘူး။ လူတွေက ကိုယ့်အမှိုက်ကို ကိုယ်တာဝန်ယူတတ်လို့ပါ။ ဒီစိတ်ဓာတ်ကိုလည်း ငယ်ငယ်ကတည်းက သင်ပေးထားကြတယ်။ ကျောင်းသားလေးတွေကို“ကိုယ့်အမှိုက် ကိုယ်သိမ်းရမယ်” ဆိုတာ အလေ့အကျင့်ကိုရိုက်သွင်းပေးထာတယ်။ ဒါကြောင့် အရွယ်ရောက်လာတဲ့အချိန်အထိစည်းကမ်းဆိုတာ သူ့ဟာနဲ့သူပါလာတော့တာပဲ။ ကျွန်တော် တွေးမိတာတစ်ခုက… တိုင်းပြည်တစ်ခု တိုးတက်ဖို့ဆိုတာ ဥပဒေတွေကောင်းရုံနဲ့ လုံလောက်ပမလားပေါ့.. စည်းကမ်းကို စနစ်နကျသင်ပေးမယ့် လူကြီးတွေရယ်၊ လိုက်နာမယ့် လူငယ်တွေရယ် အားလုံးလက်တွဲညီဖို့ လိုတယ်လို့ထင်မိတယ်။ တစ်နေ့နေ့မှာ… မြန်မာနိုင်ငံရဲ့ လမ်းတွေလည်း အမှိုက်ကင်းပြီး သန့်ရှင်းလှပတဲ့ နေရာတွေ ဖြစ်လာမယ်လို့ မျှော်လင့်မိပါတယ်။ ❤️ 📌 မေးချင်တာက… မြန်မာနိုင်ငံမှာလည်း ဒီလို အမှိုက်ခွဲပစ်တဲ့စနစ်တွေ အောင်မြင်လာနိုင်တယ်လို့ ထင်လား? အမြင်လေးတွေကို Comment မှာ ပြောခဲ့ပါဦး။ 👇 #AungBurmeseVlog #JapanLife
aungpyaesone35281
Region: JP
Tuesday 23 June 2026 08:53:02 GMT
Music
Download
Comments
Oo Myo :
ဗီဇကိုက ကောင်းနေကြလို့ပါ
2026-07-13 12:09:08
1
Aunt Moe :
လူတွေနေတာပါ
2026-07-02 15:04:05
1
Eimi :
အန်ကယ်ကတော့...NOပါ
2026-06-24 03:29:50
0
Myint Myint Aung :
ဟုတ်ပ
2026-07-12 14:43:52
0
မြကြာဖြူ :
တို့နိုင်ငံနဲ့မကွာလား😂😂😂
2026-07-16 15:12:19
0
အေး :
မြို့ရဲ့စည်းကမ်းပေါ့
2026-06-30 13:04:58
0
user500808017134 :
မြန်မာပြည်မှာက အမှိုက်ပုံးမှမထားတာ
2026-06-29 12:46:48
0
Shwe Phyu :
ဒီမှာတော့တလောကလုံးအမိူက်ကအစိုးရတာဝန်လို့ထင်ကြတာ
2026-06-30 10:37:15
1
Mg Kaung :
ကိုယ့်အမှိုက် ကိုယ် တာဝန် ယူကြတယ်။
2026-06-24 08:08:34
0
R :
ဝါးစားပြစ်တာပါ
2026-06-23 10:43:35
0
aye shwe :
ကိုယ့်အမှိုက်ကိုအောက်ချမပစ်ဘဲ
ယူထားပီး
အမှိုက်ပုံးရှိတဲ့နေရာမှာစွန့်ကြတာ
2026-06-24 09:24:49
0
user500808017134 :
အိမ်ကထွက်လာထဲက အမှိုက်အိတ်ယူလာတာ
2026-06-29 12:45:54
1
Ye Naing Tun :
လူမနေတဲ့မြို့ကြီးနဲ့တူတယ်
2026-07-06 02:57:15
0
Ko Min :
ဂျပန်မှာ စက်ရုံလုပ်သားလား 🤣
2026-06-29 21:11:48
0
Daw Thi Thi Cho :
👍👍👍👍👍
2026-06-28 10:07:36
0
To see more videos from user @aungpyaesone35281, please go to the Tikwm
homepage.