@sayarmoe539: #အင်္ဂါသားသမီး အသက် ၃၉-နှစ် ၊ ၄၇-နှစ် ဆိုတာ ဘုမ္မိကြီး ကျရောက်တဲ့ အသက် ဖြစ်ပါတယ်။ အင်္ဂါဂြိုဟ်သက် ၈-နှစ် ရှိပါတယ်။ အင်္ဂါဂြိုဟ်သက် ၈-နှစ်ကို ဗုဒ္ဓဟူးဂြိုဟ်သက် ၁၇-နှစ် ထည့်ပေါင်းရင် အင်္ဂါသားသမီး အသက် ၂၅-နှစ်အတွင်းဟာ ဗုဒ္ဓဟူးဂြိုဟ်အိပ် ၊ ဂြိုဟ်စားကာလဖြစ်ပါတယ်။ ဗုဒ္ဓဟူးဂြိုဟ်စားသည့် အသက် ၂၅-နှစ်ကို စနေဂြိုဟ် ၁၀-နှစ် ထပ်ပေါင်းသောအခါ ၂၅ + ၈ = ၃၅ ရသဖြစ် အင်္ဂါသားသမီး အသက် ၃၅-နှစ်ထိဟာ စနေမှာ ဂြိုဟ်စား ၊ ဂြိုဟ်အိပ် ကာလဖြစ်ပါတယ်။ အဲဒီ ၃၅-ကို ကြာသပတေးဂြိုဟ်သက် ၁၉-နှစ် ထပ်ပေါင်းသောအခါ ၃၅ + ၁၉ = ၅၄ ရပါတယ်။ အင်္ဂါသားသမီး အသက် ၃၅-နှစ် ကနေ ၅၄-နှစ်အတွင်း ကြာသပတေးဂြိုဟ်အိပ် ၊ ဂြိုဟ်စား ကာလဖြစ်ပါတယ်။ ကြာသပတေးဂြိုဟ်သည် အနောက်အရပ်တွင်ရှိပြီး အင်္ဂါသားသမီးတို့အတွက် ဘုမ္မိဂြိုဟ်လည်းဖြစ် ၊ ဘုမ္မိအရပ်လည်းဖြစ် ၊ ကြာသပတေးသက်ရောက်ကျတဲ့အခါ ဘုမ္မိသက်ရောက် ၊ ကြာသပတေးမှာ ဂြိုဟ်အိပ် ၊ ဂြိုဟ်စားသော အသက်အပိုင်းအခြားကိုတော့ ဘုမ္မိကာလ ၊ ဘုမ္မိနယ်မြေလို့ ခေါ်ပါတယ်။ ပြောလိုတာက အင်္ဂါသားသမီးများ အသက် ၃၉-နှစ် ၊ ၄၇-နှစ် အရွယ်ဟာ ကြာသပတေးဂြိုဟ်စား ၊ ဂြိုဟ်အိပ် အသက်တွေပါ အဲဒီ အသက် နှစ်မျိုးကို ၈-ခု နဲ့ စားတဲ့အခါ ၇-ကြွင်းတာကြောင့် (၇)ခွင်ဘုမ္မိလို့ ခေါ်ပါတယ်။ ဒါကတော့ သက်ရောက်တဲ့နှစ် ၁-နှစ် ထဲကို ခေါ်တာပါ။ တွက်ကြည့်ပါ - အင်္ဂါသားသမီးများဟာ အသက် (၃၉ ၊ ၄၇) နှစ်အရွယ်ဟာ ကြာသပတေးဂြိုဟ်စားကြုံ ၊ (၇)ခွင်ဘုမ္မိ ပါထပ်ကြုံရတာဖြစ်လို့ သူ့ကို ဘုမ္မိကြီး လို့ ခေါ်ပါတယ်။ ဘုမ္မိကြီး ဆိုတာ ဘုမ္မိလေးနဲ့ ဘုမ္မိ ပေါင်းထားတာကို ခေါ်တာပါ။ မွေးနံရဲ့ (၄)ခွင်မြောက်မှာ ဂြိုဟ်အိပ်ရင် ဘုမ္မိကြီးကာလ၊ (၇) ခွင်မြောက်မှာ သက်ရောက်ရင် ဘုမ္မိကြီးတည့်တည့် တစ်ဘဝလုံးရဲ့ အဆိုးဆုံးကာလ ၊ ဒီဘုမ္မိကြီး မကျော်ဖြတ်သမျှ လူမပီသသေးဘူး ၊ မကြီးပွားသေးဘူး ၊ ကြီးပွားလည်းခဏပဲ မမြဲဘူးလို့ ရှေ့ဆရာကြီးများ မှတ်ချက်ထားခဲ့ပါတယ်။ အရင်က ပြောပြောနေတဲ့ အင်္ဂါသားသမီး အသက် ၃၉-နှစ် ၊ ၄၇-နှစ် ၊ ၅၅-နှစ် သက်တမ်းသမားတွေ တနင်္ဂနွေနေ့ ညနေ ၃-နာရီအချိန်မှာ ရေသန့် ၆-ခွက် ၊ ရွက်လှ ၄-ညွန့် အိမ်ဘုရား၌ လှူဒါန်း၍ လေးလေးနက်နက် ဆုတောင်းပါ။ အဲဒီအထဲမှာ ၅၅-နှစ် အင်္ဂါတွေပါနေတယ်။ ၅၄-နှစ် အထိပဲ ဘုမ္မိဂြိဟ်စားကို ၅၅-နှစ်ကျတော့ ဘာလို့ ဘုမ္မိကြီးထဲထည့်ထားတာလဲလို့ မေးလာရင်- အင်္ဂါသားသမီးတွေဟာ အသက် ၃၉-နှစ်မှာ ပထမဆုံး ဘုမ္မိကြီးကာလကို တွေ့ကြုံရပါတယ်။ ၃၉-နှစ်ဟာ သက်ရောက်တနင်္ဂနွေဖြစ်လို့ ဦး-ညို အပြင်ရန် ပူးတွဲနေပါတယ်။ ဒါကြောင့် အမှုအခင်းပြဿနာ ရင်ဆိုင်ရတယ်။ စီးပွားရေးသမားများအဖို့ အတိုက်အခံတွေ့ရတတ်ပါတယ်။ အစိုးရဝန်ထမ်းဆိုရင် အမှုပြဿနာ တွေ့ကြုံရတတ်တယ်။ ဒီကာလမှာ စည်းစိမ်၊ ရာထူး၊ ဂုဏ်သိက္ခာ ထိခိုက်လွယ်တယ်။ ကျန်းမာရေးလည်း စိုးရိမ်ရတယ်၊ ခါးပိုက်နှိုက်ခံရ၊ ငွေပစ္စည်းပျောက်၊ အခိုးခံရတာတွေ ဖြစ် တတ်တယ်။ မိသားစုထဲမှတစ်ဦးဦး ကျန်းမာရေးစိုးရိမ်ရတတ်ပါတယ်။ အသက် ၄၇-နှစ် ဒုတိယအကြိမ် ကျရောက်သည့် ဘုမ္မိကြီးကာလဟာ ပထမအကြိမ် အသက် ၃၉-နှစ်က မခံစားရသေးတဲ့ ဒုက္ခတွေပါ ရောထွေးလာတတ်ပါတယ်။ ရုတ်တရက် ဘေးတွေ့ ၊ အမှုဖြစ် ၊ ထောင်ကျ သို့မဟုတ် အလုပ်ပြုတ် ၊ ပြောင်းရွှေ့တာတွေ ဖြစ်တတ်ပါတယ်။ ရောဂါရှာ လို့မရတဲ့ ပယောဂဆန်ဆန် ရောဂါထူးတွေ ဖြစ်တတ်ပါတယ်။ အသက် ၅၅-နှစ်ဟာ ဘုမ္မိကြီးကာလလွတ်ပေမယ့် ဘုမ္မိကြီးအရှိန် မကုန်သေးဘဲ ဂြိုဟ်အိပ်ကြီးအကူးအပြောင်းအနေနဲ့ ထွက်ခတ်ခတ်ပြီး နာ တာရှည်ရောဂါ၊ ရုတ်တရက် ဘေးဆိုးကြုံတာ ဂုဏ်သိက္ခာကျ အရှက်ကွဲ တာ၊ အလုပ်၊ အိုးအိမ် ဆုံးရှုံးတာတွေ တွေ့ကြုံရတတ်တယ်။ ဒါကြောင့် အထူးမှာကြားချက်အဖြစ် - အင်္ဂါသားသမီးမည်သူမဆို အသက် (၃၉၊ ၄၇၊ ၅၅) နှစ်အရွယ်တွင် စီးပွားဥစ္စာကျဆင်းခြင်း ၊ အရှက်တကွဲ အကျိုးနည်းခြင်းများ ကြုံရတတ်ပါသည်။ ထို့သို့မဖြစ်စေရန် တနင်္ဂနွေနေ့ ညနေ (၃)နာရီတွင် ရွက်လှ(၄)ညွန့် ရေသန့် (၆)ခွက် အိမ်ဘုရား၌ လှူဒါန်း၍ လေးလေးနက်နက် ဆုတောင်းပါ။ ထိုသို့ ပြုလုပ်မှသာလျှင်အထက်က ဖော်ပြခဲ့သော အညံ့များ ပြေပျောက်သွားပါလိမ့်မယ်။ ဒါက အင်္ဂါတို့ကို တနင်္ဂနွေနေ့ရောက်ပြီဆို အန်တီ သတိပေးနေကျ ယတြာပါ။ မဟာဘုတ်အကြွင်းဖွားတွေမပါ ၊ အင်္ဂါသားသမီးမည်သူမဆို အသက် (၃၉၊ ၄၇၊ ၅၅)နှစ်သည် တနင်္ဂနွေသက်ရောက်နှစ်ဖြစ်ပါတယ်။ တနင်္ဂနွေသက်ရောက် နဲ့ အင်္ဂါသားသမီးဆိုတာ (ဦးညို) အပြင်ရန်နှင့် (၇)ခွင်ဘုမ္မိဖြစ်သောကြောင့်အတိုက်အခံ ရန်ပြုသူပေါ်လာတတ်သည်။ အမှုအခင်း ဖြစ်ရတတ်သည်။ ဆေးကုသရခက်ခဲတတ်သည်။ သူခိုး၊ ဓားပြရန်တွေ့ရတတ်သည်။ ကျန်းမာရေးညံ့ရတတ်သည်။ သွေးထွက်သံယို ဖြစ်ရတတ်သည်။ ရုတ်တရက် 6သဆုံးရတတ်သည်။ နောက်တစ်ခုကတော့ မဟာဘုတ်အကြွင်းဖွား ပါလာပါပြီ - အပိုင်း၁ ကောင်းကျိုးလိုရာဆန္ဒများပြည့်ဝကြပါစေ.#တားရော့၊ဗေဒ၊လက္ခဏာ #၇ရက်သားသမီးများကျန်းမာကြပါစေဗျာ #အဂ်ါသားသမီးများအတွက် #စေတနာကောင်းရင်ကံကောင်းမည်
အင်္ဂဝိဇာ ဗေဒင်ဆရာဖြိုးသီဟ
Region: MM
Tuesday 23 June 2026 09:07:55 GMT
Music
Download
Comments
သမီးတို့မေမေ :
ဟုတ်ပါတယ်အမြဲတမ်းစိတ်ကောင်းထားခဲ့ပေမယ့် ကိုယ်ပဲခံနေရတယ်လောကဓံကို
2026-06-25 07:33:49
47
##yu yu hlaing#❤️❤️❤️ :
မွေးကတည်းကကံကောင်းမူကိုပါမလာတဲ့ကျမအဂ်ါပါဘဲရှင့်
2026-06-24 16:31:34
21
zayarmaung :
အမှန်တရား👍👍👍
ဒါပင့်မဲ့ဘယ်တော့မှအရှုံးမပေးဘူး💪💪💪😎😎😎
2026-06-24 03:00:40
25
@@@zaw /win /aung :
ကျွန်တော်လဲ အင်္ဂါသား ၃၉ နှစ်ပါ စိတ်ချမ်းသာမှု
အေးချမ်းမှုလဲ ရချင်နေပါပြီ သူများကိုကူညီတက်ပြီး
စိတ်ကောင်းထားတာတောင် အဆင်မပြေမှုတွေများလှတယ်
2026-06-26 00:39:27
5
Daw Swe Swe Hlaing :
မှန်လိုက်တာဆရာရယ်
အမြဲတမ်ပဲမိသားစုအတွက်ပေးဆပ်နေရပါတယ်ကိုယ့်ရှေ့မှာအဆင်မပြေဘူးဆိုရင်ပေးချင်းကမ်းချင်နေတာစိတ်ထဲက
🥰🥰🥰🥰🥰
2026-06-24 07:17:32
17
Daw Than Than Nwe :
မှန်ပါတယ်ရှင်
2026-06-23 14:11:36
7
htethtetkhant7 :
မဂ်လာပါ👍ဆရာ👍နားလည်ပေးတဲ့အတွက်ကျေးဇူးပါရှင်👍👍👍
2026-06-23 13:53:34
8
eiei :
အလုပ်လည်းမနားရပင်ပန်းသလားမမေးနဲဘ
2026-06-25 13:33:08
7
Zin Zin San :
ဆရာမရယ်
တကယ်မှန်ပါတယ်
ဆရာမလှူခိုင်းတဲ့အတိုင်း
လှူပါ့မယ်
2026-06-25 13:26:27
5
swe swe thet :
ကိုယ့်ကို ပြော နေသလားလို့ထင်မိတယ် အင်္ဂါသမီးပါဆရာ
2026-06-25 07:31:39
7
redmi82612 :
အသဲပေးလိုက်ပြီဆရာရေ☺️☺️☺️
2026-06-25 09:09:33
3
Ž^^ :
အဂ်ါတေဘယ် ချိန်မှ ကံကောင်းမလဲကွယ်
2026-06-25 16:19:22
2
တီလေး :
လူ့ဘဝကိုရနေပြီဆိုပြည့်စုံပြီကုသိုလ်ပြုခွင့်ရလို့ကံကံ၏အကျိုးပဲကောင်းတာလုပ်ကောင်းမယ်မကောင်တာလုပ်မကောင်းဘူးဘုရားဟောတာပဲ
2026-06-25 03:22:43
4
Sandar Soe :
မှန်ပါတယ်ဆရာ
2026-06-25 06:43:30
1
သံစဉ့် :
မှန်ပါတယ်ဆရာရယ်
2026-06-25 05:08:33
1
Oo Oo :
ကျေးဇူးပါရှင့်
2026-06-24 02:03:38
2
Htay Htay Oo :
ကျေးဇူးအထူးတင်ပါတယ်
2026-06-24 04:49:04
1
LION. M.L.M😘 အတိတ်ကိုမေ့ထား၏။ :
အရမ်းမှန်တာပေါ့ဆရာ
ငယ်စဥ်ထဲက လောကဓံ ဒဏ်ကို ရင်းစီးခံခဲ့ရတာ မိမိ အင်္ဂါမို့များလား။
အခက်ခဲတွေ အများကြီး ကူညီခဲ့သလို ကူညီမယ့်သူတွေလဲများတဲ့ အင်္ဂါ🥰
2026-06-24 02:31:43
8
SoeSoeHlaing :
ဟုတ်ကဲ့ယုံကြည်ပါတယ်ရှင့်အဂ်ါပါရှင့်🥰🥰🥰
2026-06-24 01:28:22
5
Su Nilar :
ဟုတ်တယ်ဆရာရယ်🙏🙏🙏
2026-06-25 08:13:43
1
G :
ကျမကိုပြောလေနေသလားလိုထင်မိတယ်အဂ်ါပါအိမ်မှာအိမ်ထောင်ဦးစီးဖစ်နေရတယ်ဘယ်သောအခါမှဦးစီမဖစ်ရပါစေနက်လို့ဆုတောင်းတယ်ဆရာငွေတေပြည့်စုံပေမက်စိတ်တေအရမ်းပင်ပန်းနေရလို့ပါ🥰🥰🥰
2026-06-26 02:00:19
1
Nyein Nwe :
ဟုတ်ပါတယ်
2026-06-23 17:41:03
1
bayybayy :
ကိုးကိုးစွမ်းသီချင်းလေးအရမ်းကြိုက်
2026-06-24 11:06:05
1
นิด :
ကျေး ဇူပါ
2026-06-23 13:24:43
1
To see more videos from user @sayarmoe539, please go to the Tikwm
homepage.