@nobelphoowint: လိုချင်တာတွေ မရလို့ ထိုင်ငိုရမယ့် အရွယ်မဟုတ်တော့ဘူးလေ။ ငယ်ငယ်က လိုချင်တဲ့ပစ္စည်းကို မရရင် ကိုယ်တို့တွေ စိတ်ကောက်ပြီး ငိုခဲ့ကြဖူးတယ်။ လိုချင်တဲ့အရာကို လိုချင်တဲ့အချိန်မှ မရရင် ကိုယ်တို့တွေ အဲ့ပစ္စည်းကို မေ့ပစ်လိုက်ကြတာပဲ မဟုတ်လား။ ခု ကိုယ်တို့တွေ အရွယ်ရောက်လာကြပြီးလေ လူတစ်ယောက်ကို အပိုင်လိုချင်လို့ အပိုင်မရခဲ့ရင် ဝမ်းနည်းပြီးငိုကြတယ် ယူကြုံးမရဖြစ်တယ် ဘာလို့ ငါချစ်ရတဲ့သူကို အပိုင်မရတာလဲဆိုပြီး ကိုယ့်ကိုယ်ကိုယ် ကံမကောင်းတဲ့လူလို့ သတ်မှတ်ကြတယ်။ တကယ်တော့ ကိုယ်တို့ကံမကောင်းတာမဟုတ်ပါဘူး လူဆိုတာ ပစ္စည်းမဟုတ်ဘူး သူတို့နေချင်တဲ့အရပ်ကို သူတို့ကောင်းကောင်းသိတယ်။ ရွေးချယ်မခံရတိုင်း တန်ဖိုးမဲ့သွားတာမှ မဟုတ်တာ လူတိုင်းက သူတို့ချစ်တဲ့သူနဲ့ အတူနေချင်ကြတာ မှန်ပါတယ်။ ကိုယ်ချစ်တဲ့လူကရော ကိုယ်နဲ့နေချင်ရဲ့လားဆိုတာကို ကောင်းကောင်းသိမြင်ရမယ်လေ။ မပိုင်ရလို့ဝမ်းနည်းတယ် ပိုင်ဆိုင်ရလို့ ထပ်ပြီးဆုံးရှုံးရမှာဆိုတဲ့စိတ်နဲ့ ထပ်ပူလောင်ရပြန်တယ်။ "တွယ်ငြိရာသာ ဆုံးရှုံးရာတဲ့" လက်ခံနိုင်အောင်ကြိုးစားပါ ပါချုပ်ဆရာတော်ဟောထားသလို သတ္တဝါတစ်ခု ကံတစ်ခုဖြစ်သည့်အတွက် သူလည်းသူကံနဲ့သူသွားမှာ ကိုယ်လည်းကိုယ်ကံနဲ့ကိုယ်သွားမှာ.....။ #ဖားစည်ရည်ကျော် #tiktok #foryoupage #thinkb4youdo #shwemawdaw_pagoda

N
N
Open In TikTok:
Region: MM
Tuesday 23 June 2026 12:38:30 GMT
19538
2128
5
152

Music

Download

Comments

fujitora859
Fujitora :
စာသားလေး...
2026-07-03 13:13:37
0
nyein.224
N :
စာသားတွေတကယ် ထိတယ်ကွာ
2026-06-24 07:42:18
1
khonis2007
Joy Alora :
ဘယ်ဘုရားလဲမမ
2026-06-25 03:47:55
1
To see more videos from user @nobelphoowint, please go to the Tikwm homepage.

Other Videos


About