@the.irrawaddy1: သခင်ကိုမျှော်ရင်း သေဆုံးသွားရတဲ့ ခွေးကလေး တိုက်ချီတို (ရုပ်/သံ) ဧရာဝတီ၊ ဇွန် ၂၃၊ ၂၀၂၆ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အချစ်တော် ခွေးလေး ‘တိုက်ချီတို’ ဟာ သခင်ဖြစ်သူရဲ့ ၈၁ နှစ်ပြည့် မွေးနေ့အပြီး နှစ်ရက်အကြာ၊ ဇွန်လ ၂၁ ရက် ညပိုင်းမှာ ခြံအမှတ် (၅၄) အတွင်း သေဆုံးသွားခဲ့ပြီဖြစ်ပါတယ်။ ၂၀၁၀ ခုနှစ် နေအိမ်အကျယ်ချုပ်က လွတ်မြောက်လာချိန်မှာ သားငယ် ကိုထိန်လင်း (ခေါ်) ကင်မ်အဲရစ်က မိခင်ဖြစ်သူ အဖော်ရစေဖို့ လက်ဆောင်ပေးခဲ့တဲ့ ဒီခွေးလေးဟာ ဆယ်စုနှစ်တခုကျော်ကြာ သစ္စာရှိရှိ အဖော်ပြုပေးခဲ့တာပါ။ သားဖြစ်သူ ကင်မ်ကတော့ တိုက်ချီတိုဟာ ခက်ခဲလွန်းတဲ့အချိန်တွေမှာ မိခင်ဖြစ်သူရဲ့လက်ထဲ သူထည့်ပေးနိုင်ခဲ့တဲ့ မေတ္တာတစိတ်တပိုင်း ဖြစ်တယ်လို့ အမှတ်တရစကားကို သူ့ရဲ့ လူမှုကွန်ရက်မှာ ရေးသား ဖော်ပြထားပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က ခရီးတခုခုသွားတိုင်း နောက်ဆံတင်းနေရတာဟာ သူမရဲ့ အချစ်တော် တိုက်ချီတိုလေးကြောင့် ဖြစ်တယ်လို့ ‘ဒီလှိုင်း’ စာစောင်မှာ ရေးသားဖွင့်ဟခဲ့ဖူးသလို၊ မဖြစ်မနေကိစ္စတွေကလွဲရင် သွားလေရာကို အရိပ်တခုလို ခေါ်ဆောင်သွားတတ်ပြီး၊ တကယ်လို့ ခေါ်သွားခွင့်မရခဲ့ရင်တောင်မှ တယုတယနဲ့ နှုတ်ဆက်အနမ်းပေးခဲ့တဲ့အထိ အလေးအနက်ထား ချစ်ခင်ခဲ့တာပဲ ဖြစ်ပါတယ်။ ၂၀၁၆ ခုနှစ်အတွင်းက ထုတ်ဝေခဲ့တဲ့ ‘ဒီလှိုင်း’ စာစောင်မှာ ဆိုရင်လည်း “သွားပြီး ပြန်လာမယ်လို့ အမြဲပြောသွားပေမယ့် သူကတော့ ဘယ်နားလည်ရှာမလဲ၊ ဘယ်တော့ ပြန်ပေါ်လာမလဲဆိုတာ သူ ဘယ်လိုသိနိုင်မှာလဲ” ဆိုပြီး တိုက်ချီတိုအပေါ်ထားတဲ့ သူမရဲ့ စာနာစိတ်နဲ့ ခိုင်မာတဲ့သံယောဇဉ်ကိုစာနာဖွယ်ရာ ရေးသားဖွင့်ဟ ခဲ့ဖူးပါတယ်။ ဒါပေမဲ့ အခုတော့ ဒီသစ္စာရှိတဲ့ အချစ်တော်ခွေးလေး သေဆုံးသွားတာကို ကမ္ဘာကြီးနဲ့ အဆက်အသွယ် ဖြတ်တောက် ခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်တယောက် သိခွင့်ရရဲ့လား ဆိုတာဟာ လူထုကြားမှာ စိတ်မကောင်းစရာ ပဟေဠိတခု ဖြစ်နေပါတယ်။ https://youtu.be/rTxwWV4K7Xo #မြန်မာ #ဧရာဝတီ #တိုက်ချီတို #ဒေါ်အောင်ဆန်းစုကြည် #ထိန်လင်း #WhatsHappensInMyanmar

The Irrawaddy
The Irrawaddy
Open In TikTok:
Region: TH
Tuesday 23 June 2026 13:01:50 GMT
1498
127
3
1

Music

Download

Comments

ngachan09
nway oo ko :
2026-06-23 13:35:45
0
kyawmoeoo8896
kyawmoeoo8896 :
🥺🥺🥺
2026-06-23 13:07:05
0
nyituznd7p4
Nyi Nyi :
😳😳😳
2026-06-23 17:33:26
0
To see more videos from user @the.irrawaddy1, please go to the Tikwm homepage.

Other Videos


About