@kingrayna16: ပျားဖွတ် 🍀သားတိုး🍀မယားခိုး🍀နွားသိုးတူရိုက်၊ တောမီးတိုက်🍀 မုဆိုးတံငါ 🍀ပါယ်လေးရွာရှင်းတမ်း အခုပြောတဲ့ ပျားဖွတ် သားတိုး စတာတွေဟာ ပဉ္စာနန္တရိယ အကုသိုလ်ကံပြီးရင် ကြီးလေးတဲ့အကုသိုလ်အလုပ်တွေလို့ ပြောလို့ရပါတယ်။ လောကမှာကြောက်စရာအကောင်းဆုံးဓားပြ ဆိုတာ ပျားဖွတ်တဲ့သူတွေပါပဲ... ပျားကလေးတွေ သမ္မာအာဇီဝ ရှာဖွေစုဆောင်း ထားတဲ့ သူတို့ရဲ့ပျားရည်တွေကို အတင်းအဓမ္မ ဓားပြတိုက်ယူတယ်၊ ဖယ်မပေးရင် ပျားတွေကို မီးရှို့သတ်တယ်၊ သူ့တို့ရင်သွေးနုနုလေးတွေကို ဆုံထဲထည့်ထောင်း သတ်စားကြတယ်၊ ဒီထက်ဆိုးတဲ့ဓားပြ လောကမှာ မရှိနိုင်ပါဘူး။ သားတိုးကတော့ ကိုယ်မွေးထားတဲ့ နွား ဝက် ဆိတ် စတာတွေကို တစိမ့်စိမ့်ကြည့်ပြီး ဒီကောင် ဆိုရင် အချိန်ဘယ်လောက်ရှိနေပြီ၊ ဘယ်တော့လောက်ဆို ရောင်းလို့ရပြီ၊ ပေါ်လို့ရပြီနဲ့ တရိပ်ရိပ် အကုသိုလ်တက်နေတာမျိုးပါ။ #မယားခိုးလင်ခိုးတာကတော့ ပြောစရာလိုမယ် မထင်။ ကာမပိုင်ရှိနေရက်နဲ့ ပစ်မှားတာလေ။ ပျော်ရတာခဏ၊ ခံရမှာက အနှစ်ပေါင်းသိန်းသန်း မကပဲနော်။ (နွားဝှေးထု)ဆိုတာလည်း ကိုယ့်ဝှေးစေ့ကိုယ် လက်ညိုး လက်မလေးနဲ့ ညှစ်တာ မျက်ရည်စိမ်းထွက်ရင် သူများဥ အကုန်ကြေအောင် ပေါင်တူနဲ့ ထုရိုက်ချေတာ မတွေးဝံ့စရာ အကုသိုလ်ပါ။ .. အသက်ပေါင်းများစွာ သေရတာမို့။ တောမီးတစ်ချက်မုမုဆိုးတစ်သက်လို့တောင် ဆိုကြပါတယ်။ ဆိုတာကတော့.. သိတဲ့အတိုင်းပဲ အခွင့်သင့်တိုင်း သတ္တဝါတွေကို သတ်ပြီး ရောင်းချ စားသောက်နေကြတာဆိုတော့ သာမန်လူထက် အကုသိုလ်များပါတယ်။ သေရင် သေချာပေါက်နီးပါး အပါယ်ရောက်ရနိုင်တယ်။ အချိန်အဓိကပေါ့။ ကိုယ်ကတစ်သက်လုံး တံငါလုပ်နေပေမယ့် အချိန်တိုင်း အကုသိုလ်လုပ်နေတာမဟုတ်ဘူး ကုသိုလ်လုပ်ချိန်လည်း ရှိတာပေါ့။ ကုသိုလ်သတိရပြီးသေရင် လောလောဆယ်တော့ နတ်ပြည်ရောက်မယ်။ နောက်ဘဝတွေ နောက်ဘဝတွေမှာတော့ အကုသိုလ်အကျိုး မဖြစ်မနေခံစားရမှာပေါ့။ ပုထုဇဉ်လူသားတွေဟာ အကုသိုလ်နဲ့ မကင်းတော့ ကလေးနဲ့လူကြီး မီးခဲကိုင်သလိုပေါ့။ ကလေးက မီးပူမှန်းမသိတော့ ဆုပ်ကိုင်တယ်။ ပိုပူတာပေါ့။ လူကြီးက မီးပူမှန်းသိတော့ ဖွဖွလေးကိုင်လို့ အပူသက်သာတာပေါ့။ မပူအောင်လည်း ကိုင်နိုင်တာပေါ့။ အကုသိုလ်မှန်းသိတဲ့သူဟာ စိတ်အား ထက်ထက် သန်သန်နဲ့ အကုသိုလ်ကို မလုပ်ဘူး။ မလုပ်တော့ အကုသိုလ်အကျိုးပေးကို ပြင်းပြင်းထန်ထန်ကြီး မခံရဘူးပေါ့။ အကုသိုလ်ကတောင် လွတ်အောင်လုပ်လို့ရတဲ့နည်းတွေလည်း ရှိပေတာကိုး။ တတ်နိုင်သမျှ အကုသိုလ် အလုပ်တွေနဲ့ အသက် မွေးဝမ်းကျောင်း ပြုရခြင်းမှ လွတ်ကင်းအောင် ကြိုးစားကြပါ။ #ကြည်ညိုနိုင်ပါစေ #ဗုဒ္ဓဝင်သမိုင်း #ဗုဒ္ဓဘာသာ #

Summary History
Summary History
Open In TikTok:
Region: LK
Tuesday 23 June 2026 13:43:56 GMT
425833
16574
86
1012

Music

Download

Comments

user3293581938452
Thinzar :
သားတိုးကဘာပြောတာလဲ
2026-06-26 10:29:32
3
psa6838
MDY🇫🇷 :
နွားသိုးတူရိုက်ကဘာလဲ
2026-07-20 21:10:26
1
soe.min.htun228
Soe Min Htun :
ဝဋ်အမြဲငရဲမှအပတဲ့ကြောက်စရာအကောင်းဆုံးကဝဋ်ကြွေးပါကုသိုလ်အားကုသိုလ်ဆိုတာအားကုသိုလ်ဆိုတာကိုချေဖြက်ဘိုကကုသိုလ်ရှိတယ်ကုသိုလ်များများလုပ်ပါကြေပါယုံပါဘုရားသံဂါဆရာတော်တွေဟောထားတာလက်တွေ့ပါသက်တဝါအားလုံးကြမာချမ်းသာကပြာစေ
2026-07-14 08:24:26
2
kozawlin2965
kozawlin2965 :
ကျနော်ကြားဖူးတဲ့သားတိုးကအဲလိုမဟုတ်ဖူး.ဗျ.. မိမိလွယ်ထားတဲ့ရင်သွေးကိုမမွှေးပဲဆေးထိုးဖျတ်ချသော်လည်းကောင်.ကိုယိဝန်ကိုဖျတ်တာချတာလည်းကောင်း ကြာဖူးပါတယ်
2026-07-30 15:15:49
0
user2092661152885
user2092661152885 :
များများတင်ပေးပါဗျ
2026-07-14 15:11:46
1
ko.yee.ko7
koko :
နာမလယ်လို ရှင်းပြပါအုံး
2026-06-25 15:03:37
3
ei.khaing5457
Ei Khaing :
ကျေးဇူးတင်ပါတယ်ဗျာ နေ့စဥ် အသိပါပညာလေးတွေလဲထပ်တင်ပေးပါဦးဗျာ
2026-07-25 15:31:13
1
nay.lin.thu770
Lin :
သိကောင်းစရာသိပ်ကောင်းတာ🙂
2026-07-14 13:37:15
1
mmcc5231ke6
🇲🇲YTZ 🇲🇾 :
Copy ေလးပေးပါ🥰
2026-06-24 12:35:46
4
user866603855
Tik Toker :
သဘင်သည် တမနက် ဘယ်မှာထားခဲ့တာလဲ
2026-06-24 15:30:48
8
matter123_
Matter :
မုဆိုးတံငါတည်းပါခဲ့တယ်😞
2026-07-05 16:27:55
1
user891484502
လူမိုက်ကကျွန်တော် အဖော်ကဒဿ :
အခုလိုအဓါပ္ပယ်လေးတွေပါရေးပြပေးထားတော့ မသိတာတွေသိရလိုကျေးဇူးတင်ပါတယ်ဗျ
2026-07-03 02:43:13
1
usannnaingoo7
U Sann Naing Oo :
တန်ဖိုးရှိတဲ့ စာသားလေးဗျာ🙏
2026-06-26 15:26:38
3
yanlay0858
Yan Lay :
သတိပြုဖွယ်
2026-06-24 09:28:29
3
user5190950448258
Nan city :
မြန်မာစာရေးဆရာတို့ရဲ့အလိုကျမှန်ပါတယ်
2026-06-26 15:18:14
1
werak088
ယောင်ပေစူး🥰 :
မှားမြန်းတော့သိပါတယ်အစွန်းမရောက်စေချင်ပါတစ်ချို့ဘဝတေပြန်ကြည့်စေချင်🙏
2026-06-25 13:24:34
2
paing.soe2526
Paing Soe😍😍 :
ဒီလိုစာတွေဖတ်ခွင့်သိခွင့်ရလို့ကျေးဇူးတင်ပါတယ်🙏
2026-06-24 12:58:47
3
tun.lin.aung4337
Tun Lin Aung :
မှတ်သားစရာတွေပါ သာဓု သာဓု သာဓုပါ🙏🙏🙏
2026-06-24 12:48:47
1
u.zaw.min.tunkpg
🇲🇲🅤 🅩🅐🅦 🅜🅘🅝 🅣🅤🅝 :
လက်ရှိခေတ်လောက် ဘယ်အရာမှ အကုသိုလ်မဖြစ်ဘူး..
2026-06-25 03:38:24
1
myo.gyi4432
Myo Gyi :
သာဓု သာဓု သာဓု ပါ
2026-06-25 03:51:03
1
user25928143600297
user25928143600297 :
သာဓု သာဓု သာဓု
2026-06-24 14:19:20
1
k.s.o760
K. A. O :
ဗဟုသုတ. ရပါတယ် နောက်လဲ တင်ပေးပါနော်
2026-07-12 14:55:24
1
yar.zar.win593
Yar Zar Win :
နွားသို့မထူရင့်ခွေမှာပေါ့
2026-07-27 13:11:28
1
uaunglin758
uaunglin758 :
နွားတိုးကိုနွားဘီးဖြစ်အောင်ဂွေအညှာကိုသတ်နဲ့တူနဲ့ရိုက်သာပါ
2026-07-24 15:27:46
1
To see more videos from user @kingrayna16, please go to the Tikwm homepage.

Other Videos


About