@yt57638: ဆက်ဆံရေးတိုင်းမှာ ကျွန်တော်ဟာ အမြဲတမ်း 100 % ကနေ စတင်တယ် ... 🧸 ဘယ်ဆက်ဆံရေးမှာမဆို ကျွန်တော့်ဘက်က အမြဲတမ်း ပြည့်ပြည့်ဝဝ ရာနှုန်းပြည့် ပေးထားတယ် ... ရာနှုန်းပြည့် ချစ်ခင်ပေးတယ် ရာနှုန်းပြည့် ကူညီပေးတယ် ရာနှုန်းပြည့် ကောင်းပေးတယ် ရာနှုန်းပြည့် မေတ္တာထားပေးတယ် ရာနှုန်းပြည့် စောင့်ရှောက်ဖေးမပေးတယ် ဘယ်သူ့ကိုမှ ဘယ်တုန်းကမှ အပေါ်ယံ မလုပ်ဘူး ဘယ်တုန်းကမှ အသုံးမချဘူး ဘယ်တုန်းကမှ ချောက်မတွန်းဘူး ဘယ်သူ့နောက်ကျောမှာမှလည်း ကိုယ့် ဓားရာမရှိဘူး ခဏတာဆုံတွေ့ရတဲ့ ဒီဘဝခရီးမှာ ကိုယ့်ကြောင့် ပျော်ရွှင်စေချင်ပြီး ကိုယ်နဲ့ပတ်သက်မှုကို ဘယ်တော့ပြန်တွေးတွေး အမှတ်တရကောင်းလေး ဖြစ်စေချင်ရုံလေးပဲ ... ✨ သို့ပေမယ့် ကျွန်တော်လည်းလေ လောကီလူသားပေမို့ ဆက်ဆံရေးကာလတစ်လျှောက်မှာ ကျွန်တော့်ဘက်ကလည်း ရာခိုင်နှုန်းလျော့တတ်ပါတယ် ... ကိုယ့်အပေါ် မရိုးသားရင် ကိုယ့်အပေါ် မစာနာဘူးထင်ရင် ကိုယ့်အပေါ် မညှာဘူးထင်ရင် ကိုယ့်အပေါ် မကောင်းဘူးလို့ ခံစားရရင် ... ကျွန်တော်တောင်မသိလိုက်ဘဲ ကျွန်တော့်ရဲ့ ရာခိုင်နှုန်းတွေ လျော့လာတတ်ပါတယ် ... 100% အပြည့် ကောင်းပေးနေရာကနေ တဖြည်းဖြည်း ပြုတ်ကျလာတတ်ပါတယ် ... ရာခိုင်နှုန်းတွေ မပြုတ်ကျချင်လို့ ကိုယ့်ကိုယ်ကို နည်းမျိုးစုံတွေးပြီး ကိုယ့်ကိုယ်ကိုလိမ်ပြီး ကြိုးစားဖြည့်တွေးပေမယ့်လည်း လူတွေကလည်း တကယ်ခက်ပါတယ် ... အနိုင်ကျင့်လို့ရမှန်းသိရင် ကျင့်ချင်ကြပြီး လုပ်လို့ရမှန်းသိရင် လုပ်ချင်ကြပါတယ် ... အဲ့တော့ ကျွန်တော့်ဆီက သူတို့ ရ ထားသမျှ ရာခိုင်နှုန်းတွေလည်း တဖြည်းဖြည်း နည်းလာခဲ့ပါတယ် ... ရင်ဘတ်ချင်းတူပြီး အပြန်အလှန် မေတ္တာထား စာနာမှုတွေနဲ့ တွဲထားတဲ့ လက်တွေကတော့ ဘယ်သူဖျက်ဖျက် အမြဲ ခိုင်မာပါတယ် ... ကျွန်တော့်ဆီက ရ ထားတဲ့ 100% တွေကို တန်ဖိုးမထားဘဲ နင်းချေချင်ကြသူတွေနဲ့တော့ တဖြည်းဖြည်း ဝေးကွာလာခဲ့တယ် ... ဒါပေမယ့် ဝေးကွာသွားတဲ့တစ်နေ့ ပြန်တွေးတိုင်းမှာ နောင်တကင်းတဲ့သူဟာ ကျွန်တော်ပဲ ဖြစ်ပါလိမ့်မယ် ... လူတိုင်းအပေါ် အကောင်းဆုံး ကောင်းပေးခဲ့ပါတယ် အရာရာမှာ အကောင်းဆုံး ကြိုးစားပေးခဲ့ပါတယ် အကောင်းဆုံး မေတ္တာထားပြီး ကူညီပေးခဲ့ပါတယ် ... တန်ဖိုးထားမခံရမှုတွေကို ပေးထားပြီးသားဖြစ်တဲ့ 100% ကနေ တဖြည်းဖြည်း သည်းခံရင်း လက်လွှတ်ရင်းက 0% ရောက်သွားတဲ့အခါ မဆုံနိုင်တော့တဲ့လမ်းကိုလည်း ကျွန်တော်ဟာ ထွက်ပြေးတတ်ပါတယ် ... ဘယ်တော့မှ ... ဘယ်တော့မှ ... ဘယ်တော့မှ ပေါ့ ... ဘယ်လိုပဲဖြစ်ဖြစ် ဆက်ဆံရေးတိုင်းမှာ ကျွန်တော်ဟာ အမြဲတမ်း 100% ပြည့်ပြည့်ဝဝ ကောင်းမွန်ပေးရင်း စတင်ခဲ့ပါတယ် ... " ဘာလို့ပြောင်းလဲသွားတာလဲ " လို့ အဲဒီ့အချိန်ကျ ကျွန်တော့်ကို မေးမနေတော့ဘဲ " ငါ ဘာတွေလုပ်ခဲ့မိလို့လဲ " ဆိုတဲ့ မေးခွန်းကို ကိုယ့်ကိုယ်ကို ပြန်သုံးသပ်မေးမြန်းရင်း ကျွန်တော် မဟုတ်တော့တဲ့ နောက်ထပ်ဆက်ဆံရေးတွေမှာ တာဝန်ကျေစေချင်ပါတယ် ... ✍️crd
YT
Region: MM
Tuesday 23 June 2026 14:02:39 GMT
Music
Download
Comments
Phyo Phyo Wai 🫅 :
စာသားလေးလိုချင်လို့ ♥️
2026-06-24 12:01:13
3
💜🖤🌿 :
copy ယူပါရ ေစရှင့် 🥰
2026-06-30 12:21:28
0
pell pell :
copyယူပါ့ရစေ
2026-06-29 13:05:09
1
T.T.A. :
စာသားလေးယူသုံးပါရစေဗျ🥰
2026-06-29 10:04:31
1
☘️Thel Ei☘️ :
copyယူပါရစေ
2026-06-29 23:38:31
1
💝🍻🎀💓💓💔 :
စာသားလေးယူသုံးပါရစေ
2026-06-28 03:39:57
1
Min Thet ♌Leo♌ :
ကိုယ်လည်းဒီ်စာသားလေးထဲကအတိုင်း၁၀၀%ကောင်းပေးတယ်ချစ်ပေးတယ်ကူညီပေးတယ်ဒါပေမယ့်ကိုယ့်အတွက်ပြန်ရတာကအေးစက်္မှုနဲ့ရက်စက်္မှုတွေပဲပြန်ရခဲ့တယ်ခုတော့ကိုလည်းသူနဲ့ဝေးရာပဲစဥ်းစားတော့တယ်
2026-06-29 14:30:49
2
🦋Kaw Youte Ma🦋 :
copy ပါရ စေ
2026-06-26 12:10:09
1
khinthumoe :
copyပါရစေရှင့်
2026-06-29 15:26:04
1
Htoo Hla Nge ♓️🎧🎶 :
ပြန်တင်ပါရစေရှင့်
2026-06-27 17:11:18
1
May lay :
👍👍👍
2026-06-24 09:39:06
1
Yu (Official) 🌷 :
🥺🥺
2026-06-30 12:13:23
0
To see more videos from user @yt57638, please go to the Tikwm
homepage.