@min.thant.wayne7: စစ်ဖိနပ်သံတွေ ခြိမ်းခြောက်နေတဲ့ မြို့ပြလေးထဲ၊ သားက နာဇီအလံကို ရင်ဝယ်ပိုက်လို့ ခေါင်းဆောင်ကြီးရဲ့ သွေးဆာမှုကို အားကျလို့။ ဒါပေမဲ့ သူ့ရင်ထဲက ယုန်ကလေးတစ်ကောင်တောင် မသတ်ရက်ရှာဘူး။ အမေကတော့ ပြုံးပြုံးလေးနဲ့ နားလည်ပေးတယ်၊ မီးသွေးခဲနဲ့ နှုတ်ခမ်းမွေးဆွဲပြီး ဖခင်တစ်ယောက်လို အားပေးတယ်။ "အချစ်ဆိုတာ ဗိုက်ထဲမှာ လိပ်ပြာလေးတွေ ပျံသန်းသလိုပဲ" တဲ့၊ အမေက သားကို လူသားဆန်မှုတွေ တိတ်တဆိတ် သွေးထိုးပေးခဲ့တာ။ "Jojo Rabbit" (၂၀၁၉) ဟာ ဒါရိုက်တာ Taika Waititi ရိုက်ကူးထားတဲ့ ဒုတိယကမ္ဘာစစ်နောက်ခံ Satire ရုပ်ရှင်အမျိုးအစား ဖြစ်ပါတယ်။ Scarlett Johansson ပါဝင်သရုပ်ဆောင်ထားပြီး။ Jojo Rabbit ဟာ စစ်ပွဲရဲ့ အမုန်းတရားတွေ၊ အစွန်းရောက်ဝါဒတွေဟာ ကလေးသူငယ်တွေရဲ့ ဖြူစင်မှုကို ဘယ်လိုဖျက်ဆီးပစ်လဲဆိုတာကို ပြသနေပြီး၊ အဲဒီအမုန်းတရားတွေကို အောင်နိုင်တဲ့ တစ်ခုတည်းသောအရာက "မေတ္တာတရားနဲ့ လူသားချင်းစာနာမှု" သာလျှင် ဖြစ်တယ်ဆိုတာကို လှလှပပပြသွားတဲ့ ဇာတ်လမ်းကောင်းတစ်ခုဆိုရင်မမှားပါဘူး။ -JoJo Rabbit (2019) -wayne ent. #myanmartiktok #moviereview #myanmarsong #jojorabbitedit #movie

Min Thant Kyaw
Min Thant Kyaw
Open In TikTok:
Region: MM
Tuesday 23 June 2026 14:26:19 GMT
1315
103
5
17

Music

Download

Comments

4phyu1
4 phyu 🧊 :
လေးစားတယ် သဘောကြတယ်။
2026-06-23 14:28:51
1
To see more videos from user @min.thant.wayne7, please go to the Tikwm homepage.

Other Videos


About