@koluuaye238: အိမ်မှာ ကပ်နေသည့် ဖြစ်ရပ်ဟာ ဘယ်က စခဲ့သလဲ ********************* ဗုဒ္ဓမြတ်စွာဘုရားရှင် လက်ထက်က တိဿ ဆိုတဲ့ ရဟန်းတစ်ပါး ရှိပါတယ်။ " အဲဒီ ရဟန်းဟာ... နှမတော်ဖြစ်သူ လှူထားတဲ့ သင်္ကန်းကို စွဲလန်းပြီး သေခဲ့ရပြီးတော့ အဲဒီ သင်္ကန်းမှာ သန်းကြီး ဖြစ်ရရှာတယ် "တဲ့။ တစ်နေ့မှာ... " ဗုဒ္ဓမြတ်စွာဘုရားရှင်နဲ့ ကိုယ်တော်တွေဟာ သူ့ကျောင်းကို ရောက်ပြီး ပျံလွန်တော်မူသွားတဲ့ ကိုယ်တော်ရဲ့ ပစ္စည်းတွေကို သိမ်းဆည်းဖို့ အလာမှာ အဲဒီ သန်းပြိတ္တာကြီးက... သင်္ကန်းပေါ်မှာ ပတ်ပြေးနေပြီး ငါ့သင်္ကန်းကြီး မထိနဲ့၊ ငါ့သင်္ကန်းကြီး မယူနဲ့ ဆိုပြီး ပတ်ချာလည် ပြေးလွှားနေတယ် " တဲ့။ အဲဒီ ဖြစ်စဉ်ကို " ဗုဒ္ဓမြတ်စွာဘုရားရှင်က မြင်တော်မူပြီး ရဟန်းတို့... ထိုသင်္ကန်းကို လုံးဝမထိနဲ့။ (၇)ရက်ပြည့်ပြီးမှ ကိုင်ကြပါ " လို့ မိန့်ကြား လိုက်ပါတယ်။ သန်းတွေရဲ့အသက်ဟာ... (၇)ရက်ပဲ ခံတာကြောင့်ရယ် (၇)ရက် မပြည့်ခင် အဲဒီ သင်္ကန်းကို အခြားကိုယ်တော်တွေက သွားထိမိရင် သန်းပြိတ္တာကြီးက သံဃာကို ပြစ်မှားမိတဲ့ ကံကြောင့် အဝီစိ ကျမယ့်အရေးနဲ့၊ သင်္ကန်းဝတ်မိတဲ့ ကိုယ်တော်ကြောင့် သန်းပြိတ္တာကြီး သေမယ့်အရေး ဒါတွေကို ကြိုမြင်ခဲ့လို့ ဗုဒ္ဓမြတ်စွာဘုရားရှင်က သင်္ကန်းကို (၇)ရက် ပြည့်ပြီးမှ ကိုင်ကြပါလို့ မှာကြားခဲ့တာပဲ ဖြစ်ပါတယ်။ အဲဒီ ကိစ္စနဲ့ ပတ်သက်ပြီး လူတွေကလည်း လူတွေသေပြီးရင် (၇)ရက်ပြည့်မှ အိမ်က ထွက်တယ်တို့၊ သေပြီးရင် ကြားခံဘဝ ဝိညာဉ်ကောင်၊ လိပ်ပြာကောင် ဘဝနဲ့ ရှိနေကြသေးတယ် စသဖြင့် အယူ မှားတတ်ကြပါတယ်။ ဒီ အယူမှားဟာ... မြန်မာလူမျိုးတွေကြားထဲမှာ ပြန့်နှံ့နေခဲ့တာ ကြာမြင့်ခဲ့ပြီပဲ ဖြစ်ပါတယ်။ ကြားခံဘဝ၊ ဝိညာဉ်ကောင်၊ လိပ်ပြာကောင် ဘဝ ရှိနေသေးတယ် လို့ ယူဆရင် သဿတဒိဋ္ဌိ ဖြစ်ပါတယ်။ သေပြီးသူမှ ... ကြားခံဘဝ၊ အိမ်အနီးအနားမှာ ရှိနေတယ်၊ တွေ့ရတယ် စသဖြင့်... ဒီလို တွေ့မြင်မိရင်တော့... အဲဒါ ပြိတ္တာဘဝ ရောက်သွားခြင်းပါ။ ကြားခံဘဝ မဟုတ်ပါဘူး။ " သေပြီးသူရဲ့ဝိညာဉ်ဟာ တစ်ခါတည်း ချုပ်ပျောက်ပြီး မတူထူးခြားတဲ့ နောက်ဘဝ တစ်ခုမှာ အခြားဝိညာဉ်နဲ့ အခြားသတ္တဝါ ချက်ချင်း ဖြစ်ရပါတယ်။ " " မူလဝိညာဉ်ဟာ သေဆုံးပြီးတာနဲ့ တစ်ခါတည်း ချုပ်ပျောက်ပါတယ်။ " ဝိညာဏ် ဆိုသည်မှာ... ဝိညာဏ ဆိုတဲ့ ပါဠိစကားက လာတာပါ။ ဝိ = မတူထူးခြားသော အနေအားဖြင့် ဉာဏ = သိတယ် ဒီလို အဓိပ္ပာယ် ရှိပါတယ်။ " သေပြီး(၇)ရက် အိမ်မှာ ရှိနေတယ် ဆိုတဲ့ အယူကို လက်ခံထားရင် ဗုဒ္ဓဘာသာစစ်စစ် မဖြစ်သေး ပါဘူး။ " သင်္ချိုင်းကနေ သစ်ကိုင်းလေးနဲ့ ခေါ်က်ပြီး လိပ်ပြာ ပြန်ခေါ်လာတာမျိုး၊ (၇)ရက် ပြည့်ရင် အိမ်လှေကားမှာ ပြာတို့၊ ဆန်တို့ ခံပြီး ခြေရာ ကျန်၊ မကျန် ကြည့်တာတို့၊ အပြင်မှာ သေတဲ့ မသာကို ရွာထဲ၊ ရပ်ကွက်ထဲ ရွာနာတယ် လို့ ယူဆမှားပြီး အဝင် မခံတာမျိုး၊ ဒါမျိုးတွေဟာ... (၅)ပါးသီလ ပျက်တာထက် ပိုအပြစ်ကြီးတဲ့ လူသေကို ရွာထဲ အဝင် မခံဘူး ဆိုရင် နေ့စဉ် ကြက်မသာ၊ ဝက်မသာ တွေကျတော့... ပါးစပ်ထဲတောင် သွင်းနေကြသေးတာပဲ။ လူမသာကိုမှ ပိုကြောက်ကြတယ် ဆိုရင်ဖြင့်... သေချာပါတယ်။ လောဘ၊ ဒေါသ၊ မောဟ ကြီးတဲ့ လူတွေဟာ တိရစ္ဆာန်တွေထက် ပိုကြောက်စရာ ကောင်းလို့ပဲ ဖြစ်မှာပါ။ အသိ မှားတော့ ... အမှတ် မှားတယ်။ အမှတ် မှားတော့... အယူ မှားတယ်။ အယူ မှားတော့... တရား မှားတယ်။ တရား မှားပြီ ဆိုရင်တော့... အပါယ်ဘုံသာ သွားရမှာ ဖြစ်ပါတယ်။ ဂျပန်တွေက သေပြီးရင် (၄၉)ရက် အိမ်မှာ ကပ်နေတယ် လို့ ယူကြပါတယ်။ သူတို့က... " ကိုယ့်ထေရဝါဒ ... တရားစစ်၊ တရားမှန်တွေ ရှိပါလျက်နှင့် တရား မမှား၊ အယူ မမှား သင့်ပါ။ " 🙏 ကျေးဇူးရှင် ပါချုပ် ဆရာတော်ဘုရားကြီး 🙏 #fypシ
💞🅼🅶 🅿🅷🆈🅾💞💯
Region: MM
Wednesday 24 June 2026 00:36:55 GMT
Music
Download
Comments
Fister007 :
ကျေးဇူးတင်မိပါတယ်အသိတရား တွေတိုးပွား အောင်မျှ ဝေ ပေးလို့
2026-07-05 12:13:27
3
💔 :
စာဖတ်ရတာဝါသနာမပါတဲ့ကျနော်တောင်စိတ်ဝင်စားတယ်ဗျာ.🥰
2026-06-29 13:32:08
2
Aung Myo Lin :
စာလေးဖက်ရကျိုးနတ်ပါတယ်ဗျာ🥰
2026-06-24 16:04:52
5
Moe Oo :
ကျေးဇူးနော်
2026-07-06 00:14:28
2
မောင်ငလံုး🥰 :
မဟုတ်ပါ့၀ူူ
2026-06-24 12:19:58
4
Aung Zin Myo :
🙏🙏🙏
2026-07-07 15:09:24
1
NaingTun :
တင်ခွင့်ပြုပါနော်
2026-07-07 09:17:54
1
zaw lay :
စာဖတ်ရကျိုးနပ်ပါတေ😊
2026-06-25 17:41:13
1
user1121186506078 :
ပဠာန်းရဲ့သဘေားတရားကိုနားလည်နေတော့ ဘာမှမပြောတော့ပါဘူး
2026-07-15 08:40:21
1
ကိုလူအေး👻 :
စာသာပေးပါလာဗျပြန်တင်ချင်းလို့ပါ🥰🥰
2026-07-11 14:14:02
0
oo :
မှန်လှပါဘုရား
2026-07-07 04:30:34
1
သဲစား ဘီးလူး :
လုံးဝမဟုတ္ပါ
2026-07-07 02:02:49
0
🌻🌺𝖂𝖆𝖎 𝕸𝖆𝖗 𝕶𝖍𝖎𝖓𝖌🌻 :
ဍဟ
2026-07-06 16:40:04
0
Kyaw. Gyi💔😔 :
ကျေးဇူးကြီးလှပါတယ်လူ့လောကကိုဖြတ်သန်းနေကြတဲ့လူမှန်သမျှ. လောဘ. ဒေါသ. မောဟတွေဖုံးလွှမ်းနေကြသူတွေပါဒီအောဝါဒလေးကိုမှတ်သားယူဆောင်ကြပါ🥰🥰
2026-07-07 05:14:35
1
သက်ဆုံးတိုင်ချစ်သွာမယ် :
မှန်လိုက်တာဗျာ🥺🥺
2026-06-26 02:35:42
1
E Lay :
ကောင်းလိုက့်တဲ့စာသားလေးပ့ဖက့်ရကျိုးနပ့်ပ့တယ်
2026-07-05 11:05:35
1
ပို့တင်ပေးတဲ့သူလည်း
အစစအရာရာအဆင်ပြေပါစေဗျာနော်😊
2026-07-06 13:45:31
1
😖14/မောင်ချစ်ကောင်း😖 :
စားဖတ်ရတာအကျိုးရှိတယ်ဗျာ🥰
2026-06-24 18:38:47
4
Youngni Phyoe :
သေချာ မှတ်းသားထားပါမယ်ဗျ🙏🙏🙏🙏
2026-06-25 20:09:19
1
Ko Gyi :
မှန်လိုက်တာ
2026-06-25 13:11:14
2
Naun Naun :
ဘယ်လိုဘဲဖြစ်ဖြစ်ပါကျွန်တော်ကတော်သေသွားတယ်သူကအိမ်းမှာ့ ၇ ရက်ထိရှိတယ်ဆိူးဒါကတော်ကျွန်တော်ယုံပါတယ်ဒါပင်မဲ့လူးကောင်းတွေအိမ်းမှာ့ရှိကျဒါပါ ၇ ရက်လုံးက
2026-07-05 22:30:37
1
▄︻̷̿┻̿═━一🅓🅐🅥🅘🅓🇲🇾╾━╤デ╦︻ :
ဖတ်လိုကောင်းလိုက်တာ..ဗျာ
ကျေးဇူးပ့..
2026-07-07 14:12:19
1
ThanHtikeMoe :
ဟုကယ်ပါဘုရား👍👍
2026-07-07 16:11:12
1
Kaung Khant :
အမှန်ပါပက်ဗျ😍
2026-07-07 15:51:29
1
Mar Mar boy🫠 :
အမြင်မှန်ကိုသိပြီးဘဟုသုတပေးလို့ကျေူဇူးပါ🥰
2026-07-07 09:45:08
1
To see more videos from user @koluuaye238, please go to the Tikwm
homepage.