@nora03384: လောကမှာ... လက်ညိုးထိုးပြီး အပြစ်တင်ဖို့က လွယ်ပါ တယ်။ ဒါပေမယ့် လက်မထောင်နိုင်လောက်အောင် အောင်မြင်လာဖို့ကတော့ မလွယ်ပါဘူး။ ချစ်တဲ့သူတွေက အကောင်းပြောမယ်။ မုန်းတဲ့သူတွေက မကောင်းပြောမယ်။ ဒါပေမယ့် ဘယ်သူတွေ ဘာပြောပြော ကိုယ့်သမိုင်းကို လှလှရေးနိုင်ဖို့ ကိုယ့်လမ်းကို ဖြောင့်ဖြောင့်လျှောက်နိုင်ဖို့က ကိုယ့်တာဝန်ပဲ ဖြစ်ပါတယ်။ ဝေဖန်မှုတွေ၊ ကဲ့ရဲ့မှုတွေ၊ ငြူစူမှုတွေ၊ အထင်အမြင်သေးမှုတွေကို အချိန်ကုန်ခံပြီး တုန့်ပြန်နေမယ်ဆိုရင် ကိုယ်ရောက်ချင်တဲ့ ပန်းတိုင်နဲ့ ပိုဝေးသွား တတ်ပါတယ်။ လူတိုင်းပြောတာကို လိုက်နားထောင်ပြီး မလိုတဲ့အတွေးတွေ ခေါင်းထဲထည့်ထားမယ် ဆိုရင်လည်း စိတ်အေးချမ်းမှုကို ကိုယ်တိုင်ပဲ ပျက်စီးစေ သလို ဖြစ်သွားပါတယ်။ တကယ်တော့... ကိုယ်လုပ်နေတဲ့အလုပ်ကို ကိုယ်ပဲ နားလည် တယ်။ ကိုယ်ဖြတ်သန်းခဲ့တဲ့ဘဝကို ကိုယ့်လောက် ဘယ်သူမှ မသိနိုင်ပါဘူး။ လူတချို့ ကြိုက်မယ်။ လူတချို့ မကြိုက်ပါဘူး။ ဒါပေမယ့် အဲဒီအမြင်တွေကြောင့် ကိုယ့်ပုံစံကို ပြောင်းလဲဖို့ မလိုပါဘူး။ ဘဝမှာ ဘယ်လောက်ပဲ ဝေဖန်မှုတွေ၊ ဟန့်တားမှုတွေ ကြုံရပါစေ ယုံကြည်မှုရှိရှိ ဆက်လျှောက်သွားဖို့ပဲ လိုပါ တယ်။ ကိုယ့်ကိုယ်ကို ပိုအာရုံစိုက်ပါ။ ကိုယ့်ဘဝကို ကိုယ်တိုင် တာဝန်ယူပါ။ ကိုယ့်လိပ်ပြာကို ကိုယ်လုံအောင် နေပါ။ လူကောင်းတစ်ယောက် ဖြစ်တယ်ဆိုတာကို သူများ သိဖို့ထက် လူဆိုးစာရင်းထဲ ကိုယ်မပါဖို့ပဲ ကြိုးစားနေပါ။ သိပ္ပံနဲ့ သင်္ချာမှာ ပုံသေနည်းတွေ ရှိပေမယ့် ဘဝမှာတော့ ပုံသေနည်းဆိုတာ မရှိပါဘူး။ အကောင်းလုပ်တိုင်း အကောင်းပြန်မရတတ် သလို မှန်နေတိုင်းလည်း လူတိုင်း လက်ခံပေးမှာ မဟုတ်ပါဘူး။ ဒါကြောင့်.. ကိုယ့်စတိုင်နဲ့ ကိုယ်နေပါ။ ကိုယ့်ပုံစံနဲ့ ကိုယ်ရှင်သန်ပါ။ အရေးကြီးဆုံးက ကိုယ့်ဘဝကို ကိုယ်ပိုင်ပုံစံနဲ့ လှပအောင် တည်ဆောက်နေခြင်းပါပဲ။ စာချစ်သူအားလုံး ရွှင်လန်းချမ်းမြေ့ကြပါစေ။ #crd #sharingmythoughts #yourlifeisyours #Happiness #သန်မာသောအမျိုးသမီးများအဖြစ်💪🙋 @MKစာအုပ်ဆိုင်(Singapore)🇸🇬🙏 @MKနိုရာ့ 🇲🇲🇸🇬( Official )
Nora's Corner
Region: SG
Wednesday 24 June 2026 05:19:50 GMT
Music
Download
Comments
Lamin💙 :
copy လေးယူပါရစေ
2026-06-24 11:11:07
5
Iris San :
သိချင်း အဆိုတော် သိချင်လိုက်တာ
2026-06-25 15:39:14
1
That That Htwe :
ok good
2026-06-25 08:04:03
0
Zin Mar👗 fashion&design👗 :
စာသားလေးပေးပါလားရှင်🥰🥰🥰
2026-06-26 02:21:39
0
Shwe Eain Moe🎀 :
စာသားလေcopyပေးရလားရှင်
2026-06-24 15:13:51
2
Su Hla Paing :
Copy ယူပါရစေရှင့်🥰
2026-06-26 05:52:19
0
ChanChan(ငွေဇင်လှိုင်းBkkShop) :
copyမယ်နော်
2026-06-26 05:28:42
0
🍀 :
ok✌
2026-06-25 19:51:18
0
Wutt.Mon :
Copyယူတင်ပါရစေ🥰🥰🥰
2026-06-26 04:06:37
0
Aye Aye Mon :
စာသားအရမ်းကြိုက်တယ်ရှင့်🥰🥰🥰
2026-06-26 03:10:16
0
Sitt Nyein📍 :
စာသားလေးပေးပါရှင့်🥰🥰🥰
2026-06-25 05:30:19
0
Daw Kyi Nwe :
copyကူးပါစေ
2026-06-26 02:06:37
0
♓️🌹Hnin (s L)♓️🌹♋️ :
စာသားလေcopyပေးရလားရှင်
2026-06-24 05:22:56
0
Khin💫 :
စာသားလေးချပေးပါလား ရှင့်
2026-06-24 13:08:26
0
🇦🇱LLCS🇲🇲 :
copy 🥰
2026-06-25 19:31:23
0
Khaing Mar :
မှန်ပါတယ်
2026-06-25 16:02:19
0
DaNa :
😁😁😁😁😁မှန်ပါတယ် ဆရာမ😁😁😁😁
2026-06-25 15:45:36
0
Maw Maw :
Copy ယူလို့ရလားရှင့်
2026-06-26 02:45:19
0
👑sandar win👩👩👧👦 :
ကြိုက်လိုက်တာစာသားလေးမှတ်သားလောက်ပါတယ်🥰🥰🥰🥰🥰ဒီနေ့ကစကိုယ့်ပုံစံနဲ့ကိုနေမယ်
2026-06-25 14:11:51
0
Moe Thu Zar :
Copy ယူပါရစေရှင်😊
2026-06-25 14:16:25
0
Shwe Aoe(Agriculture) :
သိပ်ကြိုက်ပါတယ်
2026-06-26 03:55:23
0
phyu🍒✨ :
copy လေးယူမယ်နော်🥰
2026-06-25 16:10:05
0
嫣然微笑 :
ပြန်တင်ခွင့်ပေးပါနော်🌹🌹🌹🌹🌹🌹🌹🌹🌹🥰🥰🥰🥰🥰🥰
2026-06-26 06:12:48
0
ဒီမို :
စာသားလေးပြန်တင်ခွင့်ပေးပါ
2026-06-25 15:35:15
0
ko cho Lay :
ကိုအကြောင်းကို ကိုယ်ထက် သူများကပိုသိတယ်
2026-06-25 22:11:50
0
To see more videos from user @nora03384, please go to the Tikwm
homepage.