@min.mahar596: ရှေးလူကြီးသူမတွေပြောတာကြားဖူးတယ် မိန်းကလေးတွေ အိမ်ထောင်ပြုတော့မည် ဆိုရင် ... ၁။ ကြီးတာကို ရှာပါ။ ၂။ အရှည်ကို ကြည့်ပါ။ ၃။ ဝင်ဆန့်မဆန့် သိပါ။ ၄။ တော်မတော် စမ်းသပ်ပါ။ ၅။ အနေတော်ကို ရွေးပါ။ ဝေဖန်ရေး မစောနဲ့အုံး ရှင်းပြမယ် ..... ၁။ ကြီးတာကို ရှာပါဆိုတာ ဥာဏ်ပညာကြီးတာကို ပြောတာပါ။ ဥာဏ်ပညာကြီးသူမှသာ အိမ်ထောင်ကို ဦးစီးဦးဆောင် ပြုနိုင်မှာ မဟုတ်လား ....။ ၂။ အရှည်ကို ကြည့်ပါဆိုတာ ကိုယ့်ရဲ့ ဘဝလက်တွဲဖော် ဖြစ်မယ့်သူက ကိုယ်နဲ့ စိတ်ထားခြင်း ကိုက်ညီရဲ့လား ... စိတ်ထားကောင်းရဲ့လား ... ကိုယ့်အပေါ်ကောင်းရဲ့လား ... အကဲခတ်ကြည့်ပါလို့ ပြောတာပါ။ ဒါမှ ရေရှည်တည်တံ့နိုင်မှာ မဟုတ်လား ... ၃။ ဝင်ဆန့်မဆန့် သိပါဆိုတာ လူတောသူတောထဲ ဝင်ဆန့်မဆန့်ကို သိအောင်လုပ်ဖို့ ပြောတာပါ။ သူခိုး ၊ ဂျပိုး ၊ မုဒိန်းကောင် ၊ ကလေကချေ အောက်တန်းစားတွေဖြစ်နေရင် လူတောမတိုးလို့ ကိုယ်ပဲ ဒုက္ခရောက်ရမှာ မဟုတ်လား ... ၄။ တော်မတော် စမ်းသပ်ပါဆိုတာ ကိုယ်နဲ့ သင့်တော်၏ မသင့်တော်၏ စမ်းသပ်ခိုင်းတာပါ။ သူ့ရဲ့ ဆွေမျိုးအသိုင်းအဝန်းတွေ ... သူ့ရဲ့ နေထိုင်မှုစရိုက်တွေ ... ပြောပုံဆိုပုံ နေပုံထိုင်ပုံ ဘယ်လိုရှိတယ် သိမှ ကိုယ်နဲ့ သင့်တော် မသင့်တော် သိမှာ မဟုတ်လား ၅။ အနေတော်ကို ရွေးပါဆိုတာ သိပ်ချမ်းသာလွန်းတဲ့သူ ၊ သိပ်ဆင်းရဲတဲ့သူ သိပ်ချောလွန်းတဲ့သူ ၊ သိပ်ရုပ်ဆိုးလွန်းတဲ့သူ သိပ်ဝလွန်းတဲ့သူ ၊ သိပ်ပိန်လွန်းတဲ့သူ စသည်ဖြင့် အစွန်းတဖက် ထွက်နေတဲ့သူကို မရွေးပဲ ... ကိုယ်နဲ့ လိုက်ဖက်ညီမယ့် အနေတော်ကို ရွေးပါလို့ ပြောတာပါ။ ဒါမှ စိတ်ချလက်ချ ၊ စိတ်လက်ချမ်းသာ နေနိုင်မယ် မဟုတ်လား ........... M.M.H ☑ #booktoker #စာပေချစ်သူ #creatorsearchinsights #fyp #fyp
M.M.H ☑
Region: MM
Wednesday 24 June 2026 05:56:07 GMT
Music
Download
Comments
Thaw Thaw :
2026-07-19 07:31:01
0
zaw :
Like
2026-06-24 07:29:28
0
👑 Athena 👑🇸🇬 :
that's right
2026-06-25 06:27:07
0
wintho :
မှန်လိုတ်တာဗျာ🥰😳😳😳😳
2026-06-24 18:34:01
0
Ko Ko :
😂😂😂
2026-07-21 18:54:06
0
To see more videos from user @min.mahar596, please go to the Tikwm
homepage.