@linpacificasia: Air Conditioner တစ်လုံးမှာ Compressor ကို ကာကွယ်ပေးဖို့ Safety Devices အမျိုးမျိုး ပါဝင်ပါတယ်။ အဲ့ဒီထဲမှာ High Pressure Switch နဲ့ Low Pressure Switch တို့က အရေးကြီးတဲ့ Protection Devices တွေဖြစ်ပါတယ်။ 🔴 High Pressure Switch High Pressure Switch က Refrigerant System ထဲမှာ Pressure အလွန်မြင့်သွားတဲ့အခါ Compressor ကို အလိုအလျောက် ရပ်တန့်ပေးပြီး Damage မဖြစ်အောင် ကာကွယ်ပေးပါတယ်။ ⚠️ Hight Pressure Switch Trip ဖြစ်စေတဲ့ အကြောင်းရင်းများ ▫️ Condenser Coil ညစ်ပတ်နေခြင်း ▫️ Outdoor Fan Motor မလည်ခြင်း ▫️ Refrigerant Overcharge ဖြစ်ခြင်း ▫️ Condenser Airflow မလုံလောက်ခြင်း ▫️ Outdoor Temperature အလွန်မြင့်မားခြင်း HPS Trip ဖြစ်ရင် ဘာဖြစ်နိုင်လဲ? 🔺Aircon အအေးနှုန်းကျသွားခြင်း 🔺 Compressor ရပ်သွားခြင်း 🔺 Error Code ပေါ်ခြင်း 🔺 System Protection Mode ဝင်ခြင်း စတာတွေဖြစ်နိုင်ပါတယ်။ 🔵 Low Pressure Switch Low Pressure Switch က Refrigerant Pressure အလွန်နည်းသွားတဲ့အခါ Compressor ကို ရပ်တန့်ပေးပြီး Low Pressure Switch က Refrigerant Pressure အလွန်နည်းသွားတဲ့အခါ Compressor ကို အလိုအလျောက် ရပ်တန့်ပေးပြီး Compressor Damage ဖြစ်နိုင်ခြေကို လျှော့ချပေးပါတယ်။ ⚠️ Low Pressure Switch Trip ဖြစ်စေတဲ့ အကြောင်းရင်းများ ▫️ Refrigerant Leak ဖြစ်ခြင်း ▫️ Refrigerant Charge နည်းခြင်း ▫️ Expansion Valve ပိတ်ဆို့ခြင်း ▫️ Filter Drier ပိတ်ဆို့ခြင်း ▫️ Evaporator Coil အေးခဲခြင်း Low Pressure Switch Trip ဖြစ်ရင် ဘာဖြစ်မလဲ? 🔺 Cooling မကောင်းတော့ခြင်း 🔺 Compressor မလည်တော့ခြင်း 🔺 Error Code ပေါ်ခြင်း 🔺 System Efficiency ကျသွားခြင်း စတာတွေဖြစ်နိုင်ပါတယ်။ High Pressure Switch နဲ့ Low Pressure Switch နှစ်ခုလုံးဟာ Compressor ကို ကာကွယ်ဖို့အတွက် Safety Device များဖြစ်ပြီး၊ Switch Trip ဖြစ်နေတာကို Bypass လုပ်ပြီး မောင်းနှင်ခြင်းက Compressor ပျက်စီးနိုင်သလို System တစ်ခုလုံးကိုပါ ထိခိုက်စေနိုင်ပါတယ်။ ကျွန်တော်တို့ Lin Pacific Asia Co., Ltd မှာ Aircon pressure switch များအပြင် Aircon brand အမျိုးအစားအစုံရဲ့ Spare Parts မျိုးစုံကိုရရှိနိုင်လို့အခုပဲ ဆက်သွယ်လိုက်ပါခင်ဗျာ💁 Lin Pacific Asia Co., Ltd. 𝖨𝖲𝖮 𝟫𝟢𝟢𝟣:𝟤𝟢𝟣𝟧 𝖢𝖾𝗋𝗍𝗂𝖿𝗂𝖾𝖽 𝖢𝗈𝗆𝗉𝖺𝗇𝗒. အမှတ် (၁၁၉၅/ခ)၊ ရတနာလမ်း၊ (၁၃)ရပ်ကွက်၊ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်။ ဖုန်း - 09897727386           09897727387 #linpacificasia #lpaairconsparepartsandservicecenter #ISOCertifiedCompany #highpressureswitch #lowpressureswitch

Lin Pacific Asia Co., Ltd.
Lin Pacific Asia Co., Ltd.
Open In TikTok:
Region: MM
Wednesday 24 June 2026 06:10:53 GMT
722
29
0
1

Music

Download

Comments

There are no more comments for this video.
To see more videos from user @linpacificasia, please go to the Tikwm homepage.

Other Videos


About