@black46543: ကိုယ်စောင့်နေတဲ့ message လေးက ဘယ်တော့မှ ရောက်မလာတော့ဘူး…။ သိနေပေမယ့် စောင့်နေမိတုန်းပဲ…။ တကယ်တော့ ကိုယ်စောင့်နေခဲ့တာက စာတစ်စောင်ကိုပဲ မဟုတ်ဘူး…။ အရင်လို ဂရုစိုက်မှုတွေ… အရင်လို စကားပြောဖြစ်တဲ့နေ့တွေ… အရင်က မင်းပေးခဲ့ဖူးတဲ့ နွေးထွေးမှုတွေကိုပါ ပြန်ရဖို့ မျှော်နေခဲ့တာ…။ ဖုန်းကို ခဏခဏဖွင့်ကြည့်မိတယ်…။ notification အသံကြားတိုင်း မင်းများလားဆိုပြီး ရင်ခုန်မိတယ်…။ ဒါပေမယ့် မျှော်လင့်ထားတဲ့ နာမည်လေးကတော့ ဘယ်တော့မှ ပေါ်မလာခဲ့ဘူး…။ တစ်ချိန်က တစ်နေ့လုံး စကားပြောခဲ့ကြတဲ့နှစ်ယောက်က အခုတော့ တိတ်ဆိတ်နေတဲ့ chat box တစ်ခုထဲမှာ အမှတ်တရတွေပဲ ကျန်ခဲ့တယ်…။ နာကျင်ဆုံးက မင်းစာ မလာတော့တာ မဟုတ်ဘူး…။ မင်းပြန်လာမှာ မဟုတ်ဘူးဆိုတာ သိနေရင်းနဲ့ ကိုယ်ကသာ မဖြစ်နိုင်တော့တဲ့ မျှော်လင့်ချက်လေးကို လက်မလွှတ်နိုင်သေးတာ…။ ညရောက်တိုင်း "ဒီနေ့တော့ မင်းစာလာမလား" ဆိုတဲ့ အတွေးလေးနဲ့ စောင့်နေမိတယ်…။ အဖြေသိနေပြီးသား ဖြစ်ပေမယ့် စောင့်နေမိတဲ့ အကျင့်က အခုထိ မပျောက်သေးဘူး…။ နောက်ဆုံးမှာတော့ ကိုယ်စောင့်နေတဲ့ message လေးက ဘယ်တော့မှ ရောက်မလာတော့ဘူးဆိုတာ နှလုံးသားက သိနေပေမယ့်… အလွမ်းတွေကတော့ မင်းကို စောင့်နေတုန်းပဲ…။ #black🍀 #sadfeeling #foryou
Black🍀
Region: TH
Wednesday 24 June 2026 08:10:43 GMT
Music
Download
Comments
Han :
crd..ပေးပါနော် စာသားလေး လိုချင်မိ🥺🥺
2026-06-24 12:17:02
3
✎𝓤 𝓼𝓱𝔀𝓮﹏﹏ :
ငါက အရူးလား
2026-06-27 12:40:50
0
Mg Tay :
သိပ်မှန်တာပေါ့အခုဆိုတစ်လနဲ့ဆယ်ရက်ရှိသွားပီ သူဘက်ကမပို့သလို ကိုယ်ဘက်ကလည်းမပို့ဖြစ်တော့ပါဘူး😭😭😭
2026-06-26 10:08:08
2
Thoon 🤍 :
စောင့်မျှော်နေတာမျိုးမဟုတ်ပေမယ့် အမှတ်မထင်များတွေ့မိမလားဆိုပြီး မျှော်လင့်နေမိသေးတယ် 🥺
2026-06-26 14:58:04
1
Emilia's 🔥 :
သူလည်း ပျော်နေပါပီ😊💔
2026-06-26 14:51:25
1
🍒 :
စာသားလေးယူသုံးမယ်နော်crd.ပေးပါမယ်..
2026-06-26 05:37:25
1
🎌🍀yuki(the moon)🇯🇵 :
awwဘဝတွေရယ်🥺
2026-06-26 02:12:37
1
🅹🅸🆅🅾🆃✨🤬 :
သချင်းနဲ့စာသားနဲ့လွဲနေတယ်ဗျ
2026-06-26 20:23:26
0
ချစ်ဆုံး :
ခုထိ message boxထဲဝင်ဝင်ကြည့်မိနေတုန်း😳😳😳
2026-06-26 11:02:42
1
Nora💔Lay💔 :
ရောက်လာမယ်မထင်မိပါဘူး🥺
2026-06-26 18:40:51
0
Account Not Found :
စာသားလေးယူပါရစေဗျာ
2026-06-24 17:43:15
1
အတိတ်ပုံပြင်💔(အဖီးလ်တလိုင်း) :
စာသားယူမယ်နောိ💔💔🥰🥰
2026-06-26 16:30:35
1
💫James💫 :
စာသားယူသုံးမယ်နော်🥺
2026-06-26 14:23:31
1
👑Â👑 :
သိပ်မှန်တာပေါ့ အရင်က မိုးလင်းမိုးချုပ် အားရင်အားသလို မက်စေ့လေးက ခုဆို ၄လနီးပါးရှိသွားပြီ😌...ရေစက်ပါသလောက်ပေါ့ ဘာတက်နိုင်မှာလည်း....
2026-06-26 02:41:56
1
Cho lay :
ပြန်မလာတဲ့messageကိုခုထိ မျှော်နေမိတယ်🥺
2026-06-26 02:58:58
1
Moe🎀 :
သူရောက်မလာဆတာ့လဲ ကိုယ်သွားပို့ရတာပေါ့🥹
2026-06-25 16:01:18
0
K🍀 :
စားသားလေးလိုချင်မိတယ်🥺😭
2026-06-24 13:16:48
1
Mohammod Habib :
မင်းပြန်မတွေ့နိုင်တော့ဘူးဆိုတာ ငါသိပါတယ်... ဒါပေမယ့် အဲဒါက ဘာအရေးကြီးလို့လဲ။ အချစ်ဆိုတာ ရှာတွေ့ဖို့မဟုတ်ဘူး၊ ခံစားဖို့ပဲ! ပြီးတော့ ငါမင်းကို အချိန်တိုင်း ခံစားမိတယ်! ဒီနေ့ မင်းနဲ့ဝေးနေတယ်၊ ငါ့ရဲ့တည်ရှိမှုကို မင်းတောင် မသိလောက်ဘူး၊ ဒါပေမယ့် မင်းက ငါ့နှလုံးသားထဲမှာ အရင်လိုပဲ ရှိနေတယ်! အချိန်တွေကုန်လွန်သွားလိမ့်မယ်၊ ငါအသက်ကြီးလာလိမ့်မယ်၊ ဘဝတွေပြောင်းလဲသွားလိမ့်မယ်၊ ဒါပေမယ့် ငါ့ခံစားချက်တွေ လုံးဝမပြောင်းလဲဘူး! တစ်နေ့ ငါအိုမင်းလာလိမ့်မယ်၊ ငါ့ခန္ဓာကိုယ် မောပန်းလာလိမ့်မယ်၊ လမ်းလျှောက်ဖို့ ခက်ခဲလာလိမ့်မယ်၊ ငါ့လက်တွေ တုန်နေလိမ့်မယ်! ဒါပေမယ့် မင်းသိတယ်မလား။
ငါ့စိတ်ထဲမှာ မင်းရဲ့အမှတ်တရတွေက အရင်လိုပဲ ငယ်ရွယ်နေဦးမှာပဲ! မင်းရဲ့အပြုံး၊ မင်းရဲ့အသံ၊ မင်းရဲ့မျက်လုံးတွေရဲ့ နက်ရှိုင်းတဲ့ဆွဲဆောင်မှု - ဘာမှမဆုံးရှုံးဘူး၊ ဒါပေမယ့် ပိုနက်ရှိုင်းလာလိမ့်မယ်! ငါ့အသက်ကြီးလာတဲ့အခါ ညနေခင်းတစ်ခုမှာ ငါပြတင်းပေါက်ဘေးမှာထိုင်မယ်၊ လေထဲမှာ အေးမြတဲ့လေပြေညင်းညင်းလေးတိုက်ခတ်မယ်၊ ပြီးတော့ ကျန်ရစ်ခဲ့တဲ့ နေ့ရက်တွေရဲ့ အမှတ်တရတွေထဲမှာ ငါပျောက်ဆုံးသွားလိမ့်မယ်! ငါတို့ရဲ့ ပျောက်ဆုံးသွားတဲ့ စကားလုံးတွေ၊ မပြောဖြစ်တဲ့ ခံစားချက်တွေကို ငါမှတ်မိနေမှာပါ! မင်းကို ငါဘယ်လောက်လိုချင်ခဲ့လဲဆိုတာ ငါမှတ်မိနေမှာပါ! အချိန်က မင်းကို ငါ့ဘဝကနေ ခေါ်ဆောင်သွားပေမယ့် ငါ့နှလုံးသားထဲကနေ ခဏလေးတောင် မဖယ်ရှားနိုင်ခဲ့ဘူး! မင်းဟာ ငါအသက်ရှူနေသရွေ့ မင်းပဲ၊ မင်းရှိနေဦးမှာပဲ။
- ငါ့ဘဝရဲ့နောက်ဆုံးနေ့မှာတောင် တစ်ယောက်ယောက်က ငါ့ကို "မင်းတကယ်ချစ်ခဲ့လား" လို့မေးရင် ငါတွန့်ဆုတ်မနေဘဲ - ဟုတ်တယ်! ငါတစ်ခါမှ မတွေ့ဖူးပေမယ့် ငါ့ဘဝတစ်လျှောက်လုံးချစ်ခဲ့တဲ့သူ..! 🥹🥀😔
2026-06-25 16:10:15
0
🌷🌷🌷 :
စားသား လေပြန်ယူတင်မယ်ဗျာ
2026-06-26 15:25:47
1
မေရ တီလင်း :
🤭🤭🤫👍👍👻👻👩❤️👨😛🤟🤟
2026-06-24 15:46:52
1
Nwe Nwe Lwin.OFFICIAL .ACC.♥ :
🥰🥰🥰
2026-06-24 11:01:34
1
✝️J . K ✝️ :
😥😥😭😭😭
2026-06-24 13:13:24
1
💥 K 💥 :
🥺🥺🥺🥺
2026-06-24 11:48:44
1
#ဘီးကျဲ#🤫 :
😂😂😂
2026-06-26 20:10:14
0
Chaw Lay :
🥺🥺🥺
2026-06-24 08:17:19
1
To see more videos from user @black46543, please go to the Tikwm
homepage.