@umt949: တကယ်လို့ သင့်သားသမီးက သင့်ကို ဘာမှ ပတ်သက်ချင်စိတ် မရှိတော့ဘူးဆိုရင် သူတို့ကို လွှတ်ပေးလိုက်ပါ။ စိတ်ပျက်လက်ပျက်နဲ့ သူတို့နောက်ကို လိုက်မဆွဲပါ နဲ့။ ဒါမှမဟုတ် ကိုယ့်ကိုယ်ကိုယ် နှိမ့်ချပြီး အတင်းအကျပ် တောင်းပန်မနေပါနဲ့။ စကားနားမထောင်ချင်တဲ့သူတွေဟာ အချိန်တန် ရင် သူတို့ဘာသာ သင်ခန်းစာရသွားပါလိမ့်မယ်။ စစ်မှန်တဲ့ မေတ္တာဆိုတာ အတင်းအကျပ် လုပ်ယူလို့ မရပါဘူး။ အပြုအမူတွေကတစ်ဆင့်သာ သက်သေပြရတာ ပါ။ သည်းခံခြင်းနဲ့ တိတ်ဆိတ်ငြိမ်သက်ခြင်း ဟာ တစ်ခါတစ်ရံမှာ လွှတ်ပေးလိုက်ခြင်းရဲ့ အစိတ်အပိုင်းတစ်ခုပါပဲ။ မိဘတစ်ယောက်အနေနဲ့ သင့်ရဲ့တာဝန်ဟာ ပြီးမြောက်ခဲ့ပါပြီ။ အဲဒါကတော့ သူတို့ကို ပြုစုပျိုးထောင်ပေး ဖို့၊ ဂရုစိုက်ဖို့နဲ့ ဘာက အမှန်တရားလဲဆိုတာ သင်ကြားပေးဖို့ပါပဲ။ တကယ်လို့ သင်ဟာ မေတ္တာတွေ၊ တန်ဖိုးရှိတဲ့ အဆုံးအမတွေန့ စံနမူနာကောင်းတွေကို ပေးခဲ့ ပြီးပြီဆိုရင် နောင်တတွေ၊ အပြစ်ရှိစိတ်တွေကို သယ်ဆောင်မထားပါနဲ့တော့။ ဘဝဆိုတာ အရာအားလုံးကို သူ့နေရာနဲ့သူ ဖြစ် အောင် ဘယ်လိုလုပ်ရမလဲဆိုတာ သိပြီးသားပါ။ ရင့်ကျက်မှုတွေ ရောက်လာတဲ့အခါ သူတို့ဟာ သင့် ရဲ့စကားတွေကို နားလည်လာပါလိမ့်မယ်။ တကယ်လို့ သူတို့ ပြန်မလာခဲ့ရင်တောင်မှ သင် ဟာ သင့်ရဲ့တာဝန်ကို မေတ္တာနဲ့ ပြည့်ပြည့်ဝဝ ထမ်း ဆောင်ခဲ့ပြီးသား ဖြစ်ပါတယ်။ သူတို့ရှေ့မှာ သင့်ကို ရှုံးနိမ့်နေသူတစ်ယောက် အဖြစ် အမြင်မခံပါနဲ့၊ အေးချမ်းနေသူတစ်ယောက် အဖြစ်သာ ရှိနေပါ။ သင့်ရဲ့ တည်ငြိမ်မှုဟာ အဝေးကနေ သူတို့အတွက် အကြီးမားဆုံး သင်ခန်းစာ ဖြစ်လာပါလိမ့်မယ်။ တစ်ခါတစ်ရံမှာ တိတ်ဆိတ်ခြင်းက အဆုံးအမတွေ ထက် ပိုပြီး သင်ကြားပေးနိုင်ပါတယ်။ ပြီးတော့ သိက္ခာတရားဆိုတာ စကားတစ်ခွန်းမှ မ ပြောဘဲနဲ့လည်း သက်သေပြနေတတ်တာမျိုးပါ။ သူတို့ကို အာဃာတမထားဘဲ လွှတ်ပေးလိုက်ပါ၊ ဘာဖြစ်လို့လဲဆိုတော့ အစစ်အမှန် ချစ်တတ်တဲ့သူ တွေဟာ ကိုယ်စိုက်ပျိုးခဲ့တဲ့ မျိုးစေ့ရဲ့ အစွမ်းသတ္တိကို ယုံကြည်ကြလို့ပါပဲ။ တကယ်လို့ တစ်နေ့နေ့မှာ သူတို့ ပြန်လာခဲ့မယ်ဆို ရင် အပြစ်တင်တာမျိုး မလုပ်ဘဲ ကြိုဆိုလိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ စစ်မှန်တဲ့မေတ္တာဟာ လက်စားချေဖို့ မရှာဖွေတတ်ဘူး၊ ငြိမ်းချမ်းမှုကိုပဲ ရှာဖွေတတ်လို့ပါပဲ။ ** ဘာသာပြန် ရေးသားဖော်ပြပါသည်။ #credit

u moe htet(မန္တလေး)
u moe htet(မန္တလေး)
Open In TikTok:
Region: MM
Wednesday 24 June 2026 10:27:46 GMT
67703
2608
166
645

Music

Download

Comments

sky_2333
SKY :
ကိုယ့်ဘဝနဲ့ထပ်တူပါ ဒါပေမဲ့ နောင်တ ဆိုတာမရှိပါဘူး ဘာလို့လဲဆိုတော့ ကိုယ်က အကောင်းဆုံးတွေ ပေးခဲ့လို့လေ အပြစ်မယူဘဲ ချစ်ဆဲပါ
2026-06-28 10:26:47
20
thida.lwin711
Thida Lwin :
မိဘ တွေရဲ့ဘဝက၁၀၀မှာ၉၀ လောက်ကအတူတူ တွေပါပဲရှင်။
2026-06-29 04:10:31
5
laynyilaynyilayny
Laynyi Laynyi Laynyi Laynyi :
yes that is true.😌
2026-06-28 16:42:30
0
prettykohana
Zan Yoon may may :
ကျမကိုပြောနေသလားထင်လိုက်မိတယ်
2026-06-26 13:54:44
9
redmi.7a512
U Tin Aye :
❤️❤️❤️❤️❤️❤️အလွန်ကောင်းသော စာသားလေးပါ မိဘတိုင်းစရဏကျင့်သုံးပြီးသမ္မာဒိဌ စိတ်တည်ကြည့်မှု့ရကြပါစေ
2026-06-29 04:04:50
3
maymamakhin83
usernhftkz4e8l :
ဖြစ်ရပ်မှန်လေးက ကိုယ့်ကိုပြောနေသလိုပါဘဲ စာကိုဖတ်ပြီးတော့ မွှန်ကျပ်နေတဲ့စိတ် အေးချမ်းသွားသလိုခံစားရပါတယ်
2026-06-28 07:19:00
18
zwe.thu.ya.tun
Zwe Thu Ya Tun :
ကျေးဇူးတင်ပါတယ်ကူးပြီးပြန်တင်ခွင့်ပြုပါရှင်ကျမဘဝနဲ့ထပ်တူကျနေလို့ပါ
2026-06-29 05:44:03
1
mia073589
Shwe Poe🐁🐁 :
မှန်ပါတယ်သူတို့ကိုမေတ္တာတွေအပြည့်အဝပေးထားပီးပီသူတို့သိတာမသိတာသူတို့အလုပ်သူတို့ဆီကဘာမမမျှော်လင့်ဘူး
2026-06-28 12:45:41
7
daw.san.lwin19
dawsanlwin326 :
ကူးယူတင်ပါရစေ
2026-06-28 09:43:38
3
mya.mya.moe51
Mya Mya Moe :
2026-06-29 06:22:47
0
wmkk60
WMKK :
ဘဝ က အတူတူ ဖြစ် နေပါလားကွယ်..
2026-06-28 12:36:13
4
ni7667
Ni :
ကိုယ်မှဖြစ်ရတယ်လို့တွေးမိပြီးခံစား နေရတာ တိတ်ဆိတ်နေရတဲ့ဘဝ စာရေးသူကိုကျေးဇူးများစွာတင်မိပါတယ်
2026-06-28 16:38:46
2
khin.khin3501
Khin Khin :
စာလေးချပေးပါလားရှင်ဖုန်းကစာဖတ်မရလို့ပါ ထပ်တူကျလို့ပါ🥹🥹
2026-06-28 11:12:01
3
ukolay94
ဒို့ချယ်ရီမြေ⛱️ :
ထပ်ခါထပ်ခါ ပြန်ဖတ်နေမိတယ် bro
2026-06-28 04:54:41
3
omar.kyi3
Omar Kyi :
ကျေးဇူးတင်ပါတယ်။သတိပေးစာ ။အသိပေးစာလေးဖတ်ရလို့
2026-06-28 11:50:15
2
san.cho749
San Cho :
စားသာနဲ့ထပ်တူကျကျေးဇူပါ👍👍👍
2026-06-28 14:21:53
1
marmarwai26
marmarwai26 :
အမှန်ဆုံးပါရှင်
2026-06-28 05:20:09
1
mgkee33
Daw Nyunt Wai :
🥰🥰🥰 ကျေးဇူးတင်ပါတယ်
2026-06-28 06:35:07
1
uwinmyintaung49
U Win Myint Aung :
သိပ်ကောင်းတဲ့ လူကြီးတွေအတွက်ဆုံးမစာပါ
2026-06-28 12:37:11
7
daw.sein.nyunt01
Daw Sein Nyunt :
right🥰🥰🥰
2026-06-29 06:10:38
0
daw.tin.tin.halin
Daw Tin Tin Haling123# :
အခုစာလေးအတိုင်းနေလိုက်ပါမယ်ခံစားချက်နဲ့တထပ်ထည်းကြလို့ရေးသားသူကိုကျေးဇူးအများကြီးတင်ပါတယ်👍
2026-06-29 06:42:45
0
dawchowin794
DawChoWin :
အမှန်တွေပဲကိုယ့်ရဲခံစာချတ်တွေပြောပြနေသလိုဘဲနော်ကျေးဇူးပါရှင်😘😘
2026-06-29 07:04:38
0
user3684042311231
yizhan ကိုထာဝရထက်ပိုချစ်မဲ့သူ :
2026-06-29 06:26:10
0
greenloveme....only516
နွေဥိးရွက်ကြွေ :
အလွန်ဝမ်းနဲရပါတယ်
2026-06-29 06:19:04
0
user4618686009908
ဘွားဘွား မေမေ :
2026-06-27 07:06:16
0
To see more videos from user @umt949, please go to the Tikwm homepage.

Other Videos


About