@yan.naung5176: "အဆင်ပြေရဲ့လား" လို့တောင် တစ်ခါမှ မေးဖော်မရတဲ့သူတွေအတွက် ကိုယ့်ဘက်က အမြဲတမ်း အသင့်ရှိပေးခဲ့တာကို နောင်တလို့တော့ ခေါင်းစဉ်မတပ်ချင်တော့ပါဘူး။ ပေးဆပ်မှုတိုင်းအတွက် ဘာတစ်ခုမှ ပြန်မရခဲ့ရင်တောင်မှ သင်ခန်းစာတစ်ခုကတော့ အလိုလို ရရှိပြီးသားမို့လို့ပါ။ ကိုယ်ကိုယ်တိုင် အဆင်မပြေတာကလွဲလို့ အားလုံးကို အဆင်ပြေစေချင်ခဲ့တာ၊ ကိုယ်မပျော်ရွှင်ရတာကလွဲလို့ အားလုံးကို ပျော်ရွှင်စေချင်ခဲ့တာပါ။ အရာရာကို အလျှော့ပေးလွန်းခဲ့လို့ ထင်ပါရဲ့၊ လူတကာက ကိုယ့်အပေါ် အမြဲတမ်း အနိုင်ပဲ လိုချင်နေကြတယ်။ ကိုယ့်ဘက်က ဘယ်သူ့ကိုမှ အမုန်းတွေ မပေးချင်ဘူး။ ဒါကြောင့်မို့လို့လည်း ပေးလက်စနဲ့ပဲ အမြဲတမ်း အရှုံးပေးထားလိုက်တာပါ။ ထီးလေးတစ်ချောင်းဟာ လူတစ်ယောက်ကို အရိပ်ပေးနိုင်ဖို့အတွက် သူကိုယ်တိုင် နေပူမိုးရွာဒဏ်ကို အရင်ဆုံး ခံရတယ်။ ဖိနပ်လေးတစ်ရံဟာ လူတစ်ယောက်ရဲ့ခြေထောက် သန့်ရှင်းစေဖို့အတွက် သူကိုယ်တိုင် အညစ်အကြေးနဲ့ အပေအတေတွေကို ခံရတယ်။ ရွှေငါးလေးတွေဟာလည်း လူတွေ အလှကြည့်ပြီး ပျော်စေဖို့အတွက် မှန်လှောင်အိမ်ကျဉ်းကျဉ်းထဲမှာ မွန်းကျပ်စွာ နေပေးရတယ်။ ကိုယ့်ရဲ့အဖြစ်ကလည်း အဲဒီထီးလေးတစ်ချောင်းလို၊ ဖိနပ်လေးတစ်ရံလို၊ မှန်လှောင်အိမ်ထဲက ရွှေငါးလေးတစ်ကောင်လို အကွက်တိပါပဲ။ ဒါပေမဲ့ အခုတော့ တတ်နိုင်သလောက်ပဲ ပေးဆပ်ပါတော့မယ်။ အမြဲတမ်းအတွက်တော့ တာဝန်မယူနိုင်တော့ဘူး။ တစ်ဖက်လူရဲ့ တုံ့ပြန်မှုကိုကြည့်ပြီး တန်ရာတန်ရာပဲ ဆက်ဆံတော့မယ်။ စိတ်မပါဘဲနဲ့ ဟန်ဆောင်ပြီးတော့လည်း မပြုံးပြတော့ပါဘူး။ အဝေးကြီးကိုလည်း လှမ်းပြီး မငေးမော်ချင်တော့ဘူး။ ကိုယ့်ဘဝနဲ့ မအပ်စပ်တဲ့ မျှော်လင့်ချက်တွေဆိုတာ ကလေးတစ်ယောက်ရဲ့ စုဗူးလေးလိုပဲ၊ အချိန်မတန်ခင်မှာ ခွဲလိုက်ရတာတွေက များလွန်းလို့ပါ။ အခုတော့ ကိုယ်ကောင်းကောင်း သိသွားပါပြီ။ နောက်ဆိုရင် ကိုယ့်ရဲ့နေ့ရက်တွေကို ဖတ်လက်စ စာအုပ်ဟောင်းလေးတွေနဲ့ပဲ အေးအေးချမ်းချမ်း ဖြတ်သန်းပါတော့မယ်။ ဝေဒနာတွေ ရှိနေတိုင်းလည်း မကုစားချင်တော့ပါဘူး။ တစ်ချို့ဒဏ်ရာတွေက လူတစ်ယောက် ရင့်ကျက်လာဖို့အတွက် လိုအပ်တယ်လေ။ အမှန်အတိုင်း ပြောရရင် ဘယ်သူ့အပေါ်မှ စိတ်မနာရက်ပါဘူး။ စေတနာတွေ ရေစီးကမ်းပြို ပေးခဲ့ဖူးတဲ့ ကိုယ့်ရဲ့ မေတ္တာတွေကိုပဲ ပြန်ပြီး အားနာမိတော့တယ်။
Yan Naung
Region: TH
Wednesday 24 June 2026 10:42:08 GMT
Music
Download
Comments
#SandarM Nzl :
မမေးကြလဲ အချိန်ရဲ့ကုစားမှု့နဲ့ နေတတ်လာခဲ့ပါပီ
2026-07-02 21:28:21
0
Kyi Kyi@ Japan TikTok account :
ဟုတ်ပါတယ်
2026-06-25 10:00:06
0
May :
😳😳😳
2026-07-01 15:49:02
0
To see more videos from user @yan.naung5176, please go to the Tikwm
homepage.