@mmtrainlover: ကျိုက်ထီးရိုးကို သွားချင်ပေမယ့် ကားခတွေ ဈေးကြီးလို့ စိတ်ညစ်နေပြီလား ? ဒါဆိုရင် ရထားနဲ့သွားကြည့်ဖို့ အကြံပေးပါရစေ 🥰 ကျိုက်ထီးရိုးသွားဖို့ဆိုရင် ရန်ကုန် - မော်လမြိုင်ရထား စီးရမှာဖြစ်ပီး ကျိုက်ထို ဘူတာမှာ ဆင်းရပါမယ်။ မန်းလေးကဆိုရင်တော့ ရန်ကုန်ကို အရင်သွားပီးမှ ‌မော်လမြိုင်ရထား တဆင့် ပြန်စီးရမယ်နော် ရန်ကုန်ကနေ မနက် ၅ နာရီနဲ့ ၇နာရီခွဲဆိုပီး ရထား နှစ်စီးထွက်တာကြောင့် ကိုယ်က မနက် ၇နာရီခွဲ ရထားကို ရွေးပီး စီးမယ်ဆိုရင် လမ်းခရီးဘူတာတွေမှာ ရထားပေါ်တက်လာကြမယ့် ဈေးသည်လေးတွေဆီကနေလည်း ဒေသအစားအစာတွေ မြည်းစမ်း ဝယ်ယူနိုင်ဦးမှာပါ 😍 မနက် ၅နာရီ ထွက်မယ့် DEMU ကတော့ ခရီးကို အေးအေးဆေးဆေး သွားချင်သူတွေအတွက်တော့ အကြိုက်ပဲပေါ့ 🥰 DEMU ကတော့ ကျိုက်ထိုကို မနက် ၈နာရီကျော်မှာ ရောက်မှာဖြစ်ပီး မနက် ၇ခွဲရထားကတော့ ကျိုက်ထိုကို မနက် ၁၁ ခွဲလောက်ဆိုက်ပါမယ် ❤️ လက်မှတ်ခတွေအနေနဲ့ကတော့ online လက်မှတ် စတင်ဝယ်ယူနိုင်မယ့် ဒီနေ့ ည ၁၂ မှ သိရမှာဖြစ်ကာ မော်လမြိုင်အထိကတော့ DEMU ဆိုရင် ပထမတန်း ၁၆၀၀၀ ၊ အထက်တန်း ၂၂၀၀၀ နဲ့ မနက် ၇နာရီခွဲရထားကတော့ လေအိတ်ဆိုရင် ပထမတန်း ၈၀၀၀ ၊ အထက်တန်း ၁၃၀၀၀ နဲ့ ရိုးရိုးရထားဆိုရင်တော့ ပထမတန်း ၇၀၀၀ အထက်တန်း ၁၂၀၀၀ ကျပါမယ်။ သူက တစ်ရက်တစ်ခါ လေအိတ်နဲ့ ရိုးရိုးရထား ပြောင်းပြောင်းပီးဆွဲတာမို့ပါ ကျိုက်ထိုရောက်ပြီဆိုရင်တော့ အိုးဝေဖြစ်ဖြစ် ကားဖြစ်ဖြစ် ငှားပီး ကျိုက်ထီးရိုးတောင်ခြေကို သွားယုံပဲနော် DEMU စတင်ဆွဲပေးမယ့် ဇူလိုင်တစ်ရက်နေ့အတွက်လည်း ဒီနေ့ည ၁၂ မှာ စတင်ပြီး website မှာ ဝယ်ယူနိုင်မှာဖြစ်တာမို့ ရထားကြီးစီးပြီး ကျိုက်ထီးရိုးဘုရား ဖူးကြရအောင် 🥰 #creatorsearchinsights #မြန့်မာမီးရထား #fyp #viral #လက်မှတ်

မီးရထားချစ်သူများ
မီးရထားချစ်သူများ
Open In TikTok:
Region: MM
Wednesday 24 June 2026 12:43:19 GMT
10720
450
13
106

Music

Download

Comments

mmkyaw.999999
🇲🇲မောင်မောင်ကျော်(အမရပူရ🇲🇲 :
မန်းတလေးဟသာ်တ ရထားရှိလား
2026-06-24 13:57:04
1
abcd632003
Hann♓ ( 🅼︎ ) :
online payment ပါလာတေ့ ပိုအဆင်ပြေသွားပီ
2026-06-24 12:55:25
0
yar.zarmoe0
Yar Zar :
ရထားက စက်ဘီးတင်ရလား🥰
2026-06-25 05:00:49
0
aungthuhein0003
Aung Thu Hein :
အပြန် ပြောပြပါဦး
2026-06-25 01:34:23
0
cho.wittyi
Cho Wittyi :
🥰🥰🥰
2026-06-24 14:07:20
0
To see more videos from user @mmtrainlover, please go to the Tikwm homepage.

Other Videos


About