@kyaw_thet789: ကျွန်တော်တို့ (အယ်ဖြူ၊ မောင်မောင်ဇော်လတ်၊ အယ်နှောင်း၊ ကိုအောင်ခန့် ) ရဲ့ စိတ်ခံစားမှုတွေကို သီချင်းလေးရေးချင်လို့ သူ့ကိုတီးခတ်တဲ့အခါတိုင်း ကျွန်တော်တို့ အလိုကျ သူ့အသံလေးတွေကို လွှင့်ထုတ်ပေးခဲ့ရရှာတာပါ။ ခုတော့ သူ့အသက်လဲ ၁၆ နှစ်လောက်ရှိပေါ့။ ကျွန်တော်တို့ အသက်တွေလည်းကြီးပေါ့။ ဒီနေ့ ကျောက်မြောင်းတိုက်ခန်းလေးရောက်တော့ သူ့ကိုတွေ့ရတာ စိတ်မကောင်းလိုက်တာ။ သူ့မှာလဲ ဇရာရဲ့ ဒဏ်ရာဒဏ်ချက်တွေ ဗလပွနဲ့။ ဒါပေမယ့် သူက တည်တည်ငြိမ်ငြိမ်နဲ့ ကျွန်တော့်ကို တရားသဘောတွေ ပြောပြနေသလို။ ဒီစာကို ရေးရင်းနဲ့ပဲ ဒီဂစ်တာလေးနဲ့ ရင်းနှီးခဲ့တဲ့ ကိုအယ်ဖြူ ရဲ့ သီချင်းစာသားလေးကို သတိရမိပြန်ပေါ့။ "ဘယ်ကိုသွားမလဲ အတိအကျမသိတဲ့ ခရီးသည်တစ်ဉီးရဲ့ ညနေများ" လေလွင့်လူ ထဲက စာသားလေးလေ။ ဂစ်တာလေးနဲ့ ပတ်သက်ခဲ့သမျှ သီချင်းလေးတွေကတော့ ကျွန်တော်တို့ ခင်ဗျားတို့ ရင်ထဲမှာ အမြဲတမ်းရှိနေမှာ။ ကျွန်တော်တို့ကိုလဲ ဂစ်တာလေးက လွမ်းနေမယ်ဆိုတာ ချစ်ခြင်းမေတ္တာ ရဲ့ သဘောအရာ။ ဖမ်းဆုပ်မရတဲ့ အခိုးအငွေ့ တွေလိုပဲ အရာရာတိုင်းဟာ အချိန်တန်ရင် ပျောက်_ပျက်_လွင့်_ပါ ...။☕🪗🎻 ▪️ကိုအောင် (2016) #အယ်ဖြူ #မောင်မောင်ဇော်လတ် #အယ်နှောင်း #အောင်ခန့် #MusicCafe☕
Music Cafe ☕🪗🎻
Region: TH
Wednesday 24 June 2026 13:14:11 GMT
Music
Download
Comments
black boy :
ဆရာကြီးဝင်လုပ်ပြန်ပြီလို့ ဆိုပြီးထင်မိလိမ့်မယ် အကြံပေးချင်တာလေးတစ်ခုက
2026-06-26 01:50:09
2
𝐙𝐢𝐧𝐠🎤🎸♏️ :
အယ်ဖြူသီချင်းတွေထဲ ငို ဆိုလည်းအရမ်းကြိုက်တာ နားထောင်မိလိုက်တိုင်းရင်ထဲကိုနစ်နေတာပဲ
2026-06-25 17:58:41
1
myomin :
😳😳လွမ်းတယ်ဗျာ
2026-06-25 04:00:29
2
duwon823 :
2026-06-24 23:39:57
2
Kaung Thant Htun FamilyCo;Ltd :
လေးဖြူ ဘယ်အချိန်ချိန်ဖြစ် ဖြစ် လေးဖြူ ပါပဲ ကလေး ဘဝ ကနေ ခုထိ ကိုလေးဖြူ ပဲ အသံ ကြာလိုက်တိုင်း အားအင် ဖြည်း ခ့ဲ ဘဝ ရဲ့ ကြိုးစားမူတွေ့ န့ဲ လေးဖြူ အမှတ်တရ များခ့ဲ
2026-06-24 13:59:23
1
phoe zaw :
😂😂😂
2026-06-24 13:45:41
1
kyaw.soe.thu14 :
🥰🥰🥰
2026-06-24 14:14:48
2
Myo Min Ant :
🥰♥️♥️
2026-06-26 18:19:08
0
To see more videos from user @kyaw_thet789, please go to the Tikwm
homepage.