@nyesardwet1: “အမှတ်တရ” ဆိုတာ အကြီးအကျယ်ဖြစ်ရပ်တွေမှ မဟုတ်ပါဘူး… တစ်ခါတလေ မိုးအေးအေးလေးမှာ ခါးလေးဖက်ပြီး ဆိုင်ကယ်အတူတူစီးခဲ့တဲ့ အချိန်လေးတွေ… လမ်းမှာ ဘာမှမပြောဘဲ အတူတူရှိနေရုံနဲ့ ပျော်ခဲ့တဲ့ ခဏလေးတွေ… တစ်ယောက်နဲ့တစ်ယောက် ထမင်းခွံ့ကျွေးခဲ့တာ၊ “စားပြီးပြီလား” ဆိုတဲ့ စကားလေးနဲ့ ဂရုစိုက်ခဲ့တာ၊ ပင်ပန်းတဲ့နေ့တွေမှာ အားပေးစကားလေးတစ်ခွန်း ပြောပေးခဲ့တာတွေကလည်း တစ်နေ့မှာ ပြန်တွေးမိရင် ရင်ထဲနွေးထွေးစေတဲ့ အမှတ်တရတွေ ဖြစ်လာတတ်ပါတယ်။ လက်ကလေးအေးနေလို့ နွေးအောင် ကိုင်ပေးခဲ့တဲ့ အချိန်လေးတွေ၊ အပြုံးလေးတစ်ခုပေးရုံနဲ့ တစ်နေ့လုံးပျော်ရွှင်ခဲ့ရတဲ့ အခိုက်အတန့်လေးတွေ… အဲ့ဒီအရာလေးတွေက တန်ဖိုးကြီးတဲ့ လက်ဆောင်တွေ မဟုတ်ပေမယ့် နှလုံးသားထဲမှာတော့ အမြဲသိမ်းထားချင်တဲ့ အရာလေးတွေပါ။ တစ်နေ့ကျရင် အချိန်တွေပြောင်းသွားနိုင်ပေမယ့်… အတူတူဖြတ်သန်းခဲ့တဲ့ ရိုးရှင်းတဲ့နေ့ရက်လေးတွေ၊ ပေးခဲ့တဲ့ဂရုစိုက်မှုလေးတွေ၊ ခံစားခဲ့ရတဲ့ နွေးထွေးမှုလေးတွေကတော့ “အမှတ်တရ” အဖြစ် အမြဲကျန်နေမှာပါ… 🤍 #yyyyyyyyyyyyyyyyyy #yyyyyyyyyyyyyyyyyy #yyyyyyyyyyyyyyyyyy

Staller Ngwa
Staller Ngwa
Open In TikTok:
Region: MM
Thursday 25 June 2026 01:03:19 GMT
783539
22466
456
2386

Music

Download

Comments

yee.yee.win011
Yee Yee Win♓ :
အဲ့ဒီအမှတ်တရတွေကသိပ်ကြောက်ဖို့ကောင်းတာ
2026-06-26 01:57:22
52
dar.li38
Daw Hnin Darli Oo :
၃ခုလုံးထက်ပိုတဲ့ဂရုစိုက်မှုတွေရခဲ့ပေမဲ့ဒီဘဝမှာဘယ်တော့မှမဆုံနိုင်တော့ဘူးသူလဲသူ့ဘဝနဲ့သူကိုယ်လဲကိုယ့်ဘဝနဲ့ကိုယ်ဖြစ်နေပြီမို့🥺
2026-06-26 14:11:02
18
user8651874095697
🍒🍒🍒 :
ဒီစာလေးတွေ့တော့ငိုမိပြန်ကော ၈နှစ်လုံးချစ်ပေးခဲ့တာကို ကိုယ့်အတွက်ဆိုပြီးသူ့မှာမေတ္တာတောင်ရှိမနေခဲ့ဘူး ကိုယ် ကိုယ်တိုင်ရပ်စဲခဲ့တဲ့ဆက်ဆံရေးလေးဆိုပေမယ့်ကိုယ်ကနာကျင်နေရတုန်းသူကတော့တခြားရင်ခွင်အဆင်သင့်ရှိနေတော့ ကိုယ့်အပေါ်ကိုယ်ချင်းစာစိတ်လေးတောင်ထားမပေးနိုင်လောက်ဘူး🥺
2026-06-26 04:05:35
7
sutinzar0
Sü Tiñzâr Ei pont :
ငါလေအတိတ်တွေထဲမှာပိတ်မိနေဆဲပါ
2026-06-25 16:22:15
6
anonymous.14925
Account not found :
အကုန်ရှိဖူးပါတယ် အဲ့အမှတ်တရတွေ သူအကုန် မေ့လိုက်ပြီ😢
2026-06-26 08:52:14
3
nittcha143047
🌻𝑷𝒂𝒏🌻 :
Memory ပေါင်းများစွာကျန်ရစ်ခဲ့✨✨
2026-06-25 13:54:41
3
user237481205
Ngwa Nyi :
တခုမှ မရှိခဲ့ဘူး အမှတ်တရဆို ဘာမှန်းမသိဘူး 🤣🤣🤣
2026-06-25 03:39:52
2
yaminnshwesin212
𝓨𝓪𝓶𝓲𝓷𝓷 𝓢𝓱𝔀𝓮 𝓢𝓲𝓷 :
မေ့လို့မရသော အမှတ်တရပေါင်းများစွာ🥺🥺🥺
2026-06-25 13:53:17
2
may.cho4564
May Cho :
ခါးလေးဖက်ပီးလဲဆိုင်ကယ်အတူစီးခဲ့ဘူးတယ် တယောက်ကိုတယောက်လဲ ထမင်းခွဲကျွေးခဲ့ဘူးတယ် လက်ကလေးအေးလို့လဲနွေးအောင်လုပ်ပေးခဲ့ဘူးတယ် ဒါပေမဲ့ ခုတော့တယောက်တနေရာစီရောက်နေပေမဲ့ အမှတ်တရတွေကိုအမြဲသတိရနေမိပါတယ်
2026-06-26 05:53:09
1
phebumar
🩷Thaya Phe🩷 :
@Guava🫒
2026-08-28 14:42:51
1
linn.latt.shwe.sin
𝑳𝒊𝒏 𝑳𝒂𝒕 𝑺𝒉𝒘𝒆𝑺𝒊𝒏🎀 :
ငိုချင် သွားပီ
2026-06-26 04:14:56
1
phyothazin942710
PTZ.94❤️🦂 :
3ခုလုံးဟာ😕
2026-06-26 04:15:07
1
nanmuu633
Nan Muu :
၃ခုလုံး
2026-06-26 04:50:22
1
kachinmalay212
🖤Tsaw Ra🖤၁/မကတ(နိုင်) :
တခါမှမရဖူးလို့ပြန်တင်လို့ရလား🥺
2026-06-26 04:51:38
1
fishninu
N I N U . . ♡ :
ဟော
2026-06-25 01:55:57
1
moe.war3866
Moe War :
🥰🥰🥰
2026-06-26 05:14:32
1
nang.sein.kham.han.kyi
nang sein kham han kyi :
လက်နွေးအောင် ကိုင်ပေးဖူးတယ် လွမ်းတယ်ကိုရေ
2026-06-26 05:23:41
1
nantsla0
🇲🇲🇲🇲 A Yate Lay🇹🇭🇹🇭 :
😁😁😁
2026-06-26 05:28:46
1
hazelpoeei1
Hazel :
စာသားလေးပြန်တင်ခွင့်ပြုပါရှင့်🥺🥰
2026-06-26 16:01:22
1
phyothiri933
P🐷🐷 :
ပြန်တင်ခွင့်ပြုပါရှင့်🥰
2026-06-27 04:00:38
1
sanyeehtay35
🌸^Daw San Yee Htay^🌸🇴🇲 :
တစ်ခုမှမရှိဘူး😁😁
2026-06-26 10:35:45
1
san.yu.wai71
🥰သဲတုန်လေးသာအရာရာပါ🥰 :
🥰🥰🥰
2026-06-26 11:47:31
1
yamin.wai.phyo6
Yamin Wai Phyo :
ဟုတ်ကဲ့ခုချိန်ထိတော့အဲ့လိုလေးဖြတ်သန်းနေတုန်းဘဲ
2026-06-26 13:49:39
1
hninhnin794
Hnin Hnin :
Copy မယ်နော်😊
2026-06-26 17:03:40
1
tharthargyi226
pue tue :
နွေးထွေးစွာဆက်ဆံပေးတာလဲအမှတ်တရပါပဲ
2026-06-26 14:00:34
1
To see more videos from user @nyesardwet1, please go to the Tikwm homepage.

Other Videos


About