@layoung057: မဖတ်မိလိုက်လို့ နောင်တ မရမိပါစေနဲ့ ... (ဒီစာလေးဟာ ဘဝကို တစ်ကိုယ်တည်းရုန်းကန်နေရတဲ့သူတွေအားလုံးအတွက် စိတ်ဓာတ်ခွန်အားဖြစ်စေပါမယ်) 👉(၁) စ်ိတ်မလျှော့လိုက်ပါနဲ့။ တစ်ခါတလေ ဘဝမှာအရှုံးတွေချည်းပဲ ဆက်တိုက်ကြုံရတဲ့အချိန်တွေရှိတတ်ပါတယ်။ ဒါပေမယ့် အဲလိုအချိန်တွေမှာ လုံးဝစိတ်မလျှော့လိုက်ပါနဲ့။ ဒုက္ခတွေဆိုတာ ခဏလေးဆိုမှ ခဏလေးပါပဲ။ ဒီတစ်ခါကျော်လွှားနိုင်လိုက်တာနဲ့ အောင်မြင်မှုတွေလာတော့မှာဖြစ်တာကြောင့် စိတ်လျှော့ဖို့ လုံးဝမစဉ်းစားလိုက်ပါနဲ့။ အောင်မြင်မှုဆိုတာ ဆုံးရှုံးမှုနဲ့ လက်တစ်ကမ်းမှာပဲ ရှိတာကြောင့် လက်တစ်ကမ်းအလိုမှာ ခဲလေသမျှ သဲရေကျဖြစ်သွားမှာစိုးလို့ပါ။ 👉(၂) လဲကျရင်ပြန်ထပါ။ ဘဝဆိုတာ အကြိမ်ကြိမ်လဲပြီး အကြိမ်ကြိမ်ပြန်ထမှ ပိုပြီး အဓိပ္ပါယ်ရှိသွားတာပါ။ မလဲကျဖူးတဲ့သူ တစ်ယောက်မှ မရှိပါဘူး။ အခုမြင်တွေ့နေရတဲ့ အောင်မြင်နေတဲ့၊ ထိပ်ကိုရောက်နေတဲ့သူတွေအားလုံးဟာ လောကဓံရဲ့ အရိုက်အပုတ်၊ အထုအထောင်းတွေကို လှိမ့်နေအောင်ခံရပြီးမှ အဲလိုနေရာကို ရောက်သွားကြတာပါ။ လဲကျတိုင်းသာ သူတို့ ပြန်မထခဲ့ဘူးဆိုရင် အဲလိုနေရာ ရောက်မှာ မဟုတ်ဘူးဆိုတာ သင်သိမှာပါ။ 👉(၃) အရှုံးထဲကအမြတ်ယူပါ။ ဘဝမှာ ခက်ခဲကြမ်းတမ်းပြီး ခါးသီးမှုတွေအများကြီးကို ရင်ဆိုင်ကြုံတွေ့ရမှာပါ။ ဒါပေမယ့် အဲလို အချိန်မျိုးမှာ သင်သိထားရမှာက အဆိုးတိုင်းမှာ အကောင်းတစ်ခုခု အမြဲဒွန်တွဲလျက်ရှိတယ်။အနည်းဆုံးတော့ သင့်ကို အတွေ့အကြုံသစ်တစ်ခုရစေသလို၊ ခံနိုင်ရည်စွမ်းကိုလည်း ပိုမြင့်လာစေပါတယ်။ဒါကိုက မြတ်နေပြီမဟုတ်လား။ တခြားအမြတ်တွေလည်း အများကြီးရှိပါသေးတယ်။ယူတတ်အောင်ယူပါ။ 👉(၄) ဝေမျှပါ။ သင့်ဘဝဟာ ဘယ်လောက်ပဲ ခက်ခဲနေပါစေ၊ သင့်ထက် ပိုခက်ခဲတဲ့သူတွေ အများကြီးရှိပါတယ်။ ဒါကြောင့် သူတစ်ပါးကို ကူညီဖို့၊ ဝေမျှဖို့ အမြဲတမ်းစဉ်းစားပါ။နည်းတာများတာ အသာထား၊ သူတစ်ပါးကို သင်တတ်နိုင်သလောက်လေး ကူညီကြည့်ပါ။ သူတစ်ပါးအတွက် စဉ်းစားကြည့်ပါ။ ဒါဆိုရင် သင့်ကို ကြိုးစားချင်စိတ်တွေ ပိုဖြစ်လာစေပြီး သူတစ်ပါးကို စိတ်ကြိုက်ပေးနိုင်ကမ်းနိုင်လာတဲ့အခါ မျှဝေလိုက်လို့ ရလာတဲ့ ပီတိရဲ့အရသာကို သင်ကောင်းကောင်း နားလည်သွားမှာပါ။ စိတ်လှုပ်ရှား၊ဒေါသထွက်တဲ့အချိန်မျိုးမှာ တည်ငြိမ်အောင်လုပ်သင့်တဲ့အရာပါ။ 👉(၅) စာဖတ်ပါ။ ဘဝကို တစ်ယောက်တည်း ကြိုးစားရုန်းကန်ပြီး ကိုယ့်ထူးကိုယ်ချွန်ရတဲ့သူတွေကို အကောင်းဆုံး ပဲ့ကိုင်ပေးနိုင်တာကတော့ စာအုပ်စာပေတွေပါပဲ။ ဒါကြောင့် သင့်ကို အသိအလိမ္မာတိုးစေမယ့်စာတွေ ခွန်အားရှိစေမယ့်စာတွေ၊ လမ်းမှန်ကို ညွှန်ပြပေးနိုင် မယ့်စာတွေကို အမြဲတမ်းဖတ်ပါ။ အချိန်ပေးပြီးဖတ်ပါ။ ဒါဆိုရင် ကျိန်းသေပေါက် သင်အောင်မြင်လာမှာပါ။ #လူငယ်တွေအောင်မြင်ဖို့ #လူငယ်တို့အတွက်မှတ်သားစရာ #မူရင်းရေးသားသူအားလေးစားလျှက် #ဘ၀လမ်းညွှန် #ideaverse crd 🙏🙏🙏🙏🙏
လ ရောင် 💌📝🇲🇲🔏
Region: TH
Thursday 25 June 2026 03:23:13 GMT
Music
Download
Comments
🚬FA🚬ကညီဖိ🤍🖤 :
စာဖတ်တဲ့လူတိုင်းကို မှာသွားချင်တာကတော့..စာကိုစိတ်ထဲဖတ်ပီ..ဉီနှောက်ထဲအမြဲထည့်ထားဖို့မမေ့ကြပါနဲ့..ဖတ်ပ်ိတဲ့စာ အလကာဖစ်မှာဆိုပါဗျ..
2026-06-29 12:09:58
4
💞အလွမ်းသင့်နှလုံးသား💞(နေပုည) :
စာသားလေး ယူသုံးခွင့်ပြုပါဗျာ။❤️❤️❤️❤️❤️
2026-06-29 02:44:37
1
Phoe Lolg :
🥰🥰🥰ကျေးဇူးပါ
2026-07-06 06:27:39
1
[{မာနဘဲ}] :
🥰စိတ်သန်မာဆေး🥰🥰
2026-06-27 14:28:30
2
Aung Ye San :
စာသားလေးပေးပါ🥰
2026-07-01 00:06:13
1
Thu Thu :
စာသားလေးချပေးပါရှင့်
2026-06-29 15:15:23
1
ဖိုးဖိုး(movierecap💨💨) :
ကြိုက်တယ်🥰
2026-06-26 15:05:29
1
user Thet :
ကျေးဇူးပါရှင့်🥰
2026-06-29 07:35:00
1
💞ချစ်သူရင်ခွင်💞 :
စိတ်ခွန်အားဖြစ်စေသည်🙏🙏🙏
2026-06-28 15:32:36
1
user2453047960502 :
ကျေးဇူးပါ တင်ပါတယ်
2026-06-27 14:48:24
2
မနန်းစိုး :
ကျေးဇူ့ပါ🥰🥰🥰အားဆေးတခွက်ပါ🥰🥰🥰
2026-07-02 01:39:59
1
244176 :
အရမ်ကြိုက်တယ်
2026-06-25 16:58:20
1
ᎮᎧᏋ ፈᏂᎥᏖ ᎮᏂᎩᏬ💖💖💖 :
ကျေးဇူးတင်ပါတယ်ရှင့်နောက်လဲတင်ပေးပါအုံးရှင့်🥰🥰🥰🥰🥰
2026-06-29 02:41:01
1
Myo Kyaw :
ဟုတ်ကဲ့ကျေးဇူတင်ပါတယ်🥰
2026-06-25 15:12:09
1
🐄/🐖 :
ပြန်တင်ခွင့်ပြုပါဆရာ
2026-06-26 13:37:30
1
🥰🥰L Y T🥰🥰 :
တကယ်မှန်တယ်နော်မျာများတင်ပေးပါ🥰🥰🥰
2026-06-25 12:39:08
1
@[?]:@爱|•༆𝑭𝒍𝒂𝒔𝒉 𝑩𝒐𝒚༄ :
ကြိုက်တယ်🥰🥰🥰🥰
2026-07-01 13:36:36
1
Thu Ya Aung :
လူဘ၀ခဏပါကြင်လှည့်နေကြသောသတ်သဝါကိုအသိနင့်သတိဘ၀ပြုအံ
2026-07-01 13:40:38
1
ပန်ဒါ :
🥰🥰🥰
2026-06-29 07:04:44
1
user435451041 :
🥰🥰🥰
2026-06-29 07:52:05
1
pusue12345 :
🥰🥰🥰
2026-06-25 12:49:35
2
မွိုးဖါ အဟေ့ :
🥰🥰🥰
2026-06-25 12:49:34
1
DAWMOEKAYTHi :
🌹🌹🌹🌹🌹🌹🌹
2026-06-27 13:06:13
1
To see more videos from user @layoung057, please go to the Tikwm
homepage.