@disasterwoke: 🔺ဇွန် ၂၅၊ ၂၀၂၆ ဗင်နီဇွဲလားနိုင်ငံမှာ အင်အားပြင်းငလျင်နှစ် ကြိမ်ဆက်တိုက်လှုပ်ခတ်လို့ ယာယီသမ္မတကအရေးပေါ်အခြေအနေ ကြေညာထားပြီး ကျောင်းတွေကို ပိတ်ထားပါတယ်။ ရှေ့ပြေးငလျင် မဂ္ဂနီကျူ ၇.၂ လှုပ် ခတ်ပြီး ၃၉ စက္ကန့်အကြာမှာပဲ ၇.၅ ရှိတဲ့ ပင်မငလျင် လှုပ်ခတ်ခဲ့တာပါ။ ငလျင်လှုပ်ခတ်ခဲ့တဲ့အချိန်က မြန်မာအချိန် ဒီကနေ့ မနက် ၄ နာရီ ၃၅ မိနစ်ကျော်၊ ဗင်နီဇွဲလားနိုင်ငံရဲ့ ဒေသစံတော်ချိန် မနေ့က ညနေ ၆ နာရီ ၅ မိနစ်ကျော်မှာ လှုပ်ခတ်ခဲ့ပါတယ်။ သေဆုံးသူဦးရေဟာ ၁၀,၀၀၀ ကနေ ၁၀၀,၀၀၀ အထိ ရှိနိုင်တယ်လို့ US Geological Survey ကခန့်မှန်းထားကြောင်း Al Jazeera ကသတင်းဖော်ပြပါတယ်။ အာဏာပိုင်တွေကတော့ သေဆုံးတာတွေနဲ့ ဒဏ်ရာရရှိတာတွေကို အခုမနက် ၁၀ နာရီအထိ တရားဝင်ထုတ်ပြန်ထားတာ မရှိသေးပါဘူး။ မြို့တော် ကာရကတ်စ်အပါအဝင် နေရာအတော်များများမှာ အဆောက်အအုံတွေ ပြိုကျပျက်စီးပြီး အပျက်အစီးများအောက်မှာ လူတွေပိတ်မိနေဆဲဖြစ်လို့ ရှာဖွေကယ်ဆယ်ရေးတွေ အပြင်းအထန် လုပ်ဆောင်နေရဆဲ ဖြစ်ပါတယ်။ ငလျင်ကြောင့် နိုင်ငံရဲ့ ကာရာကတ်စ်မြို့ လေဆိပ်လည်း ကြီးမားတဲ့ ပျက်စီးဆုံးရှုံးမှု ဖြစ်ခဲ့သလို မက်ထရိုရထားပြေးဆွဲမှု ပြတ်တောက်တာတွေလည်း ဖြစ်ခဲ့ပါတယ်။ La Guaira ရှိ Venezuelan ရေတပ်အကယ်ဒမီအဆောက်အအုံလည်း ပြိုကျခဲ့ပါတယ်။ အဲ့ဒီငလျင်ကြောင့် နိုင်ငံတစ်ဝန်းမှာ လူအသေအပျောက် များပြားနိုင်သလို ပျက်စီးဆုံးရှုံးမှုတွေလည်း ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်လာနိုင်ကြောင်း သိပ္ပံပညာရှင်တွေက သတိပေးထားပါတယ်။ Sources: Reuters, Al Jazeera, USGS #disasterwoke #earthquake #caracas #doubletearthquake #venezuela
DisasterWoke
Region: US
Thursday 25 June 2026 05:00:25 GMT
Music
Download
Comments
နန်းစံ :
အားလုံးဘေးကင်းပါစေ🙏🙏🙏
2026-06-25 05:55:31
19
Ohn Mar Hlaing :
ဘေးရန်ကင်းကြပါစေ🙏🙏🙏
2026-06-25 06:26:14
13
X -Naing(Oaktra) :
So sorry 😭
2026-06-25 09:17:33
0
စိမ့်စမ်းရေ💞 :
ကမ္ဘာသူကမ္ဘာသားတွေအားလုံး
ကပ်ရောဂါဘေးအမျိုးမျိုးမှကင်းဝေးကြပါစေ🙏🙏🙏
2026-06-25 07:03:26
16
May Hmue Thet Chel :
ဘယ်နိုင်ငံကလဲ
2026-06-25 10:48:01
0
Natshinpyie :
ဗင်နီဇွဲလားနိုင်ငံသူ၊ နိုင်ငံသားများ၊ ဘေးရန်ကင်းဝေးကြပါစေ 🙏🙏🙏🙏🙏။
2026-06-25 09:15:46
2
Nwae Nwae Nwae :
2026-06-25 08:03:42
1
Htwe HtweM2အလှကုန်ဖြန့်ချီရေး :
အမြန်ဆုံးကယ်ထုတ်နိူင်ပါစေ
2026-06-25 06:05:43
5
အညတရသမားလေး :
2026-06-25 06:13:35
1
တုန်တုန်အားချစ်တို့ရဲ့မေမေ :
အားလုံးဘေးကင်းကြပါစေ🙏🙏🙏
2026-06-25 06:09:47
7
Su Naing :
အားလုံးဘေးကင်းကြပါစေ🙏🙏🙏
2026-06-25 06:12:15
1
Love & Love :
စိတ်မကောင်းဖြစ်မိပါတယ်😳
2026-06-25 06:14:48
2
AngelNineCollection42 :
ဘေးအန္တာရာယ်ကင်းရှင်းကြပါစေ🙏🙏🙏
2026-06-25 08:22:48
2
Hla Hla Win :
အားလုံးဘေးကင်းကြပါစေ🙏
2026-06-25 05:50:20
2
May Myat Thwe :
အားလုံး ဘေးကင်းပါစေ 🙏🙏🙏
2026-06-25 07:20:00
1
Thae Su Hlaing (Real Estate) :
take care 🍀🍀🍀🍀🍀🍀
2026-06-25 08:32:25
0
Gold :
wish all people be safe
2026-06-25 08:34:56
0
Zinzin Lay :
အားလုံးဘေးကင်းကြပါစေ.အထိအခိုက်နည်းပါစေ..🙏🙏🙏
2026-06-25 07:45:13
1
Smile 😍 :
B Save B Brave and B Peaceful
2026-06-25 05:32:12
4
Jae Jae921 :
စိတ်မကောင်းလိုက်တာ
2026-06-25 06:07:28
1
131194kyilay :
အားလုံးဘေးကင်းကြပါစေ🙏🙏🙏
2026-06-25 06:05:04
1
kotinoo903 :
OMG🥺🥺🥺🥺🥺
2026-06-25 06:11:43
1
user5329802323202 :
အားလုံးဘေးကင်းကြပါစေ
2026-06-25 05:54:45
1
user874494666579 :
အားလုံးဘေးကင်းကြပါစေ
2026-06-25 06:04:49
1
To see more videos from user @disasterwoke, please go to the Tikwm
homepage.