@shweasinshweasin: တစ်ချိန်က ငါလည်း ကြောက်ခဲ့ဖူးတယ်။ ဆုံးရှုံးရမှာကို ကြောက်ခဲ့တယ်၊ နာကျင်ရမှာကို ကြောက်ခဲ့တယ်၊ တစ်ယောက်တည်း လျှောက်ရမယ့် လမ်းကိုလည်း ကြောက်ခဲ့တယ်။ ဒါပေမယ့် ဘဝက အဲဒီအကြောက်တရားတွေကို တစ်ခုချင်းစီ ရင်ဆိုင်ခိုင်းခဲ့တယ်။ အခုတော့ ငါဟာ အရင်ကလို မဟုတ်တော့ဘူး။ မုန်တိုင်းတွေကို ဖြတ်ကျော်ခဲ့ပြီးပြီ၊ ဒဏ်ရာတွေကို သင်ခန်းစာအဖြစ် ပြောင်းလဲခဲ့ပြီးပြီ။ "နာကျင်မှုတွေက ငါ့ကို မဖျက်ဆီးခဲ့ဘူး။ သင်ခန်းစာတွေ ပေးခဲ့တယ်။ မျက်ရည်တွေက ငါ့ကို မအားနည်းစေခဲ့ဘူး။ ပိုပြီး သန်မာလာစေခဲ့တယ်။" ငါ့ကို ချိုးဖျက်ဖို့ ကြိုးစားခဲ့တဲ့ အရာတွေကပဲ ငါ့ကို ပိုမိုခိုင်မာတဲ့ မိန်းမတစ်ယောက် ဖြစ်လာစေခဲ့တယ်။ 👑🖤 တကယ်တော့ မိန်းမတယောက် စိတ်ဓာတ်ခိုင်မာပြီး အားအင်ပြည့်စေဖို့ ဘေးနားက ဖေးမပေးမဲ့သူမလိုဘူး မိန်းမတယောက်ရဲ့ အင်အားက ကို့ရဲ့စိတ်ဓာတ်ဘဲ မိန်းမသားတယောက်ဆုံးဖြတ်ချက်တခု ချလိုက်ပြီဆိုရင် ဘာကိုမှ လှည့်မကြည့်တတ်ဘူး မာကြောလာတယ် ပြတ်သားလာတယ် ထက်မြက်တဲ့မိန်းမတယောက်ဆိုတာ အခက်ခဲကို ရှောင်ပြေးသူမဟုတ်ဘဲ ရင်ဆိုင်ဖြေရှင်းသူတွေပါ ဒါကြောင့် အခက်ခဲကို ဓားတချောင်းလို သွေးပြီး အသုံးပြုပါ ရလာတဲ့ဟင်းက အရသာရှိမှာပါ.... ဘုရင်မ ဖြစ်ဖို့ ဘသူမှ မလိုဘူး ကိုယ်ကိုယ်တိုင် ရုန်းထွက် ဆုံးဖြတ် ရင်ဆိုင် ဖြေရှင်းတတ်ဖို့ဘဲ လိုတာပါ... မိန်းမသားဆိုတာ အချစ်အတွက် မိုက်ရူးရဲဆန်တတ်သလို ဆုံးဖြတ်ချက်တခု ချပြီးပြီဆိုရင် ပိုတောင်မိုက်ရူးရဲဆန်တတ် ကြသူတွေမို့ အောင်မြင်တဲ့ မိန်းမတယောက်ဟာ ဘုရင်မ တပါးထက်ကို ပိုပါတယ်..... #fyp
ရွှေအဆင်း
Region: MM
Thursday 25 June 2026 07:08:52 GMT
Music
Download
Comments
There are no more comments for this video.
To see more videos from user @shweasinshweasin, please go to the Tikwm
homepage.