@cuckoo2114: #❹ သဗ္ဗီတိယော ဝိဝဇ္ဇန္တု၊ သောကော ရောဂေါ ဝိနဿတု။ မာ တေ ဘဝန္တွန္တရာယာ၊ သုခီ ဒီဃာယုကော ဘဝ။ သဗ္ဗီတိယော၊ အနိဋ္ဌဝိပါက် ငြိယှက်သဘော ခပ်သိမ်းသော ဥပ္ပဒ္ဒဝေါတို့သည်။ ဝိဝဇ္ဇန္တု၊ အထူးသဖြင့် လွင့်လွင့်စင်စင် ဝေးဝေးကြီး ကြဉ်ကြစေကုန်သတည်း။ သောကော၊ သောစိတတ္တ သောစန စသော ဒေါမနဆူလျှံ ပူပန်ညှိုးမှိန် ခိုးအရှိန်ဟူသော စိုးရိမ်ကြောင့်ကြခြင်းသည်လည်းကောင်း။ ရောဂေါ၊ စက္ခု သောတ စသည်အမျိုးမျိုး ကိုးဆယ့်ခြောက်ဖြာ အနာရောဂါသည်လည်းကောင်း။ ဝိနဿတု၊ အထူးသဖြင့် လင့်စားမနေ လွင့်ပါးပျောက်ပျက်စေသတည်း။ တေ၊ သင့်အား။ အန္တရာယာ၊ ကိုယ်တွင်း ကိုယ်ပ အန္တရာယ်ဟူသမျှတို့သည်။ မာ ဘဝန္တု၊ စင်ကြယ်စွာတောင်း ဖြစ်ဟောင်းကို ပစ် ဘယ်ခါခေတ်မှ တစ်ရစ်ပတ်ပတ် သစ်မထပ်ဘဲ မြစ်ပြတ်လုံးစုံ မဖြစ်ပါစေကုန်သတည်း။ တွံ၊ သင်သည်။ သုခီ စ၊ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာပကတိ ချမ်းသာရှိခြင်းသည်လည်းကောင်း။ ဒီဃာယုကော စ၊ အာယုကပ်လုံး ဆုံးလင့်ကစား မြတ်တရားကြောင့် ထပ်ပွားစွာဘိ ရှည်သော အသက်ရှိသည်လည်းကောင်း။ ဘဝ၊ ဖြစ်ပါစေသတည်း။ ။(မြင်းခြံ ကိုးဆောင်မူ မဟာပရိတ်တော်ကြီး နိဿယသစ်၊ ၁၆၉။) #တစ်နည်းသော်ကား - ဘောန္တော၊ တရားနာတော်နာ ရောက်လာကြငြောင်း အို သူတော်ကောင်းတို့။ ဝေါ၊ သင် ဒကာ ဒကာမအပေါင်း သူတော်ကောင်းတို့အား။ သဗ္ဗာ၊ ခပ်သိမ်းကုန်သော။ ဤတိယော၊ ဘေးရန်သွယ်သွယ် အန္တရာယ်ဟူသမျှတို့သည်။ ဝိဝဇ္ဇန္တု၊ ကင်းစင်လွင့်ပျောက် မရောက်ဝေးစွာ ကွာသည်သာ ဖြစ်ကြပါစေကုန်သတည်း။ သောကော၊ စိုးရိမ်ခြင်းဆိုတဲ့ သောကသည်လည်းကောင်း။ ရောဂေါ၊ ကိုးဆယ့်ခြောက်ဖြာ ဘေးရောဂါသည်လည်းကောင်း။ ဝိနဿတု၊ ကင်းစင်လွင့်ပျောက် မရောက်ဝေးစွာ ကွာသည်သာ ဖြစ်ပါစေသတည်း။ အန္တရာယာ၊ ဘေးအတန်တန် ရန်အသွယ်သွယ် အန္တရာယ်ဟူသမျှတို့သည်။ မာ ဘဝန္တု၊ မဖြစ်ကြပါစေကုန်သတည်း။ သုခီ၊ ကိုယ်ရော စိတ်ပါ ချမ်းသာခြင်းရှိကြကုန်သည်လည်းကောင်း။ ဒီဃာယုကော၊ အသက်တစ်ရာ ရှည်ကြာကာလ နေရခြင်းသည်လည်းကောင်း။ ဘဝတု - ဘဝန္တု၊ မှန်စွာမသွေ ဖြစ်ကြပါစေကုန်သတည်း။ ။ #တစ်နည်းသော်ကား - သဗ္ဗဗုဒ္ဓါနုဘာဝေန စ၊ ဂင်္ဂါဝါဠု သဲစုမက ပွင့်တော်မူငြား မြတ်စွာဘုရားရှင်တို့၏ တန်ခိုးတေဇော် အာနုဘော်ကြောင့်လည်းကောင်း။ သဗ္ဗဓမ္မာနုဘာဝေန စ၊ မြတ်စွာဘုရား ဟောကြားမြွက်ဖော် မဂ်လေးတန် ဖိုလ်လေးတန် နိဗ္ဗာန် ပရိယတ်တည်းဟူသော ဆယ်ဖြာထင်ပေါ် တရားတော်တို့၏ တန်ခိုးတေဇော် အာနုဘော်ကြောင့်လည်းကောင်း။ သဗ္ဗသံဃာနုဘာဝေန စ၊ အရှင်သာရိပုတ္တရာ အရှင်မဟာမောဂ္ဂလာန် စသည်များစွာ အရိယာနှင့် ယခုလက်ရှိ သမ္မုတိ သံဃာတော် အရှင်မြတ်တို့၏ တန်ခိုးတေဇော် အာနုဘော်ကြောင့်လည်းကောင်း။ ဣမိနာ ပုညကမ္မာနုဘာဝေန စ၊ ( - ) လှူဒါန်းကော်ရော် ပူဇော်အပ်သော ဒါနကောင်းမှုတို့၏ တန်ခိုးတေဇော် အာနုဘော်ကြောင့်လည်းကောင်း။ တုမှေ၊ ( - )နှင့်တကွ အားလုံးသော တရားနာပရိသတ်အပေါင်း သူတော်ကောင်းတို့ကို။ သဗွီတိယော၊ အလုံးစုံသော ဘေးအပေါင်း ရန်အပေါင်းတို့သည်။ ဝိဝဇ္ဇန္တု၊ ဝေးစွာရှောင်ရှား သွားကြပါစေကုန်သတည်း။ တုမှာကံ၊ ( - )နှင့်တကွ အားလုံးသော တရားနာ ပရိသတ်အပေါင်း သူတော်ကောင်းတို့၏။ သန္တာနေ၊ စိတ်ထဲ ကိုယ်ထဲမှာ။ သောကော စ၊ စိုးရိမ် ပူဆွေးခြင်းဆိုတဲ့ စိတ်ဆင်းရဲ ဒုက္ခသည်လည်းကောင်း။ ရောဂေါ စ၊ ကျင်နာခံခက် နှိပ်စက်တတ်သော ရောဂါဒုက္ခ ဝေဒနာများသည်လည်းကောင်း။ ဝိနဿတု၊ ပိန်းကြာဖက်ဖျား ရေမနားသကဲ့သို့ ကင်းစင်ကာ လွင့်ပျောက်ပါစေကုန်သတည်း။ တုမှာကံ၊ တို့၏။ အဇ္ဈတ္တိကဗာဟိရေသု၊ ကိုယ်တွင်း ကိုယ်ပ နှစ်ဌာန, အိမ်တွင်း အိမ်ပ နှစ်ဌာန, ခြံတွင်း ခြံပ နှစ်ဌာန, စီးပွားရေးလုပ်ငန်းအတွင်း အပြင် နှစ်ဌာနတို့၌။ အန္တရာယာ၊ မြင်ရသော အန္တရာယ်နှင့် မမြင်ရသော အန္တရာယ်အပေါင်းတို့သည်။ မာ ဘဝန္တု၊ ယနေ့မှစ၍ မကျရောက်ပါစေကုန်သတည်း။ တုမှာကံ၊ တို့အား။ အဇ္ဇ၊ ယနေ့မှ။ ပဋ္ဌာယ၊ စ၍။ သုခိတာ ဟောန္တု၊ ကိုယ် စိတ် နှစ်ဖြာ ဘေးရန်ကွာ၍ ချမ်းသာကြပါစေကုန်သတည်း။ အာရောဂျသမ္ပဒါ - အာရောဂျသမ္ပန္နာ ဟောန္တု၊ အနာရောဂါကင်း ကျန်းမာခြင်းနှင့် ပြည့်စုံကြပါစေကုန်သတည်း။ ဓနသမ္ပန္နာ ဟောန္တု၊ သာသနာပြုနိုင်ရန် လှူနိုင် တန်းနိုင်ရန် စားနိုင်သောက်နိုင်ရန်အလို့ငှာ ရွှေနဲ့လည်း ည်း ပြည့်စုံ ငွေနဲ့လည်း ပြည့်စုံ ချမ်းသာကြွယ်ဝကြပါစေကုန်သတည်း။ ပုညသမ္ပန္နာ ဟောန္တု၊ သာသနာပြုနိုင်သည့် ဘုန်းကံလက္ခဏာနှင့်လည်း ပြည့်စုံကြပါစေကုန်သတည်း။ သဗ္ဗဒေဝတာ စ ရက္ခန္တု၊ သမ္မာဒေဝ နတ်ကောင်းနတ်မြတ် အပေါင်းတို့ကလည်းပဲ စောင့်ရှောက်ကြပါစေကုန်သတည်း။ ယထာ သုခံ - ယထာ သုခေန၊ ကိုယ် စိတ် နှစ်ဖြာ ကြည်ကြည်သာသာ ကျန်းကျန်းမာမာ ချမ်းချမ်းသာသာဖြင့်။ ဒီဃာယုကာ ဟောန္တု၊ အသက်ရှည်ကြပါစေကုန်သတည်း။ ဒီဃာယုကာ၊ အသက်ရာကျော် ရှည်ကြကုန်သည်။ ဘဝ - ဘဝန္တု၊ မုချမသွေ ဖြစ်ကြပါစေကုန်သတည်း။ ။

လမင်းတစ်ခြမ်းဆရာတော်
လမင်းတစ်ခြမ်းဆရာတော်
Open In TikTok:
Region: MM
Thursday 25 June 2026 15:21:29 GMT
2470
254
3
10

Music

Download

Comments

user1319702084669
user1319702084669 :
🥰🥰🥰ဆရာ တော်ကျမ်းမာချမ်းသာပါစေ🥰🥰🥰
2026-06-26 01:03:19
0
zanaka733
🛕VEN-ZANAKA🕊️🛕 :
🙏🙏🙏
2026-06-26 14:50:22
0
aye.chan.p.k
Aye Chan P K :
🙏🙏🙏
2026-06-26 15:23:58
0
To see more videos from user @cuckoo2114, please go to the Tikwm homepage.

Other Videos


About