@daddiedelioncourt: What have you been hiding from that special someone? I know you don’t think they can tell but…. They know. It’s only a matter of time before you’re at crossroads again. Will you continue to be deceitful or give up the Ghost? Warning comes before destruction. Don’t lose your spot for good.

UGC & OCCULT STRATEGIES
UGC & OCCULT STRATEGIES
Open In TikTok:
Region: US
Friday 26 June 2026 07:44:02 GMT
152
7
0
0

Music

Download

Comments

There are no more comments for this video.
To see more videos from user @daddiedelioncourt, please go to the Tikwm homepage.

Other Videos

အဆိုတော်ကြီး ဖိုးကျော်ရဲ့ 'ပိုက်ဆံ' သီချင်းဟာ ၂၀၀၁ ခုနှစ်က ထွက်ရှိခဲ့တာဖြစ်လို့ အခုဆိုရင် ၂၅ နှစ် သက်တမ်း ရှိပါပြီ။ မနေ့က တင်ထားတဲ့ ကိုဆွေးလုရဲ့ 'ပိုက်ဆံ'(Ai Version) သီချင်းကို ဖိုးကျော်ရဲ့ သီချင်းဟောင်းပဲလို့ ပြောဆိုနေကြသူတွေ ရှိသလို တချို့ကလည်း ကူးချထားတယ်ဆိုတဲ့ အဓိပ္ပာယ်မျိုးနဲ့ ဝေဖန်နေကြတာ တွေ့ရပါတယ်။ တေးရေးသူ ကိုဆွေးလုကိုယ်တိုင်က ဖိုးကျော်ရဲ့ သီချင်းကို သူငယ်စဉ်ကတည်းက စွဲစွဲလမ်းလမ်း ကြိုက်နှစ်သက်ခဲ့သူ ဖြစ်ပါတယ်။  အဲဒီစိတ်အရှိန်အောက်ကနေ မှီငြမ်း (Inspired) ပြီး ဒီဘက်ခေတ်နဲ့ လိုက်ဖက်မယ့် ပုံစံတစ်ခုအဖြစ် ပြန်လည်ဖန်တီးခဲ့တာပါ။  ဒါကြောင့်မို့လည်း ကျောရိုးအပြင် ခေါင်းစဉ်ကိုပါ တစ်ထပ်တည်းအတူတူ ပေးခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် ဒုတိယအကြိမ် Chorus ရဲ့ အဆုံးစာသားဖြစ်တဲ့
အဆိုတော်ကြီး ဖိုးကျော်ရဲ့ 'ပိုက်ဆံ' သီချင်းဟာ ၂၀၀၁ ခုနှစ်က ထွက်ရှိခဲ့တာဖြစ်လို့ အခုဆိုရင် ၂၅ နှစ် သက်တမ်း ရှိပါပြီ။ မနေ့က တင်ထားတဲ့ ကိုဆွေးလုရဲ့ 'ပိုက်ဆံ'(Ai Version) သီချင်းကို ဖိုးကျော်ရဲ့ သီချင်းဟောင်းပဲလို့ ပြောဆိုနေကြသူတွေ ရှိသလို တချို့ကလည်း ကူးချထားတယ်ဆိုတဲ့ အဓိပ္ပာယ်မျိုးနဲ့ ဝေဖန်နေကြတာ တွေ့ရပါတယ်။ တေးရေးသူ ကိုဆွေးလုကိုယ်တိုင်က ဖိုးကျော်ရဲ့ သီချင်းကို သူငယ်စဉ်ကတည်းက စွဲစွဲလမ်းလမ်း ကြိုက်နှစ်သက်ခဲ့သူ ဖြစ်ပါတယ်။ အဲဒီစိတ်အရှိန်အောက်ကနေ မှီငြမ်း (Inspired) ပြီး ဒီဘက်ခေတ်နဲ့ လိုက်ဖက်မယ့် ပုံစံတစ်ခုအဖြစ် ပြန်လည်ဖန်တီးခဲ့တာပါ။ ဒါကြောင့်မို့လည်း ကျောရိုးအပြင် ခေါင်းစဉ်ကိုပါ တစ်ထပ်တည်းအတူတူ ပေးခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် ဒုတိယအကြိမ် Chorus ရဲ့ အဆုံးစာသားဖြစ်တဲ့ "မင်းစိတ်ဓာတ်ကို အရောင်ဆိုးထား" ဆိုတာကိုလည်း မူလသီချင်းဟောင်းဆီကနေ တိုက်ရိုက်ယူသုံးခဲ့ပါတယ်။ ပထမတစ်ခေါက်မှာ “စိတ်ဓာတ်တွေ အရောင်ပြောင်းသွား”ဆိုတာကို တမင်တကာ ပြန်မသီဆိုခဲ့ပါဘူး။ ဒါကိုကြည့်ရင်ပဲ တေးရေးသူအပေါ် မူလသီချင်းရဲ့ လွှမ်းမိုးမှု ဘယ်လောက်ကြီးမားခဲ့တယ်၊ တစ်နည်းအားဖြင့် မူလလက်ရာအပေါ် ဘယ်လောက်အထိ ရူးသွပ်မြတ်နိုးတယ်ဆိုတာကို အထင်အရှား မြင်နိုင်ပါတယ်။ သီချင်းနှစ်ပုဒ်လုံးရဲ့ သံစဉ် (Melody) နဲ့ ကော့ဒ် (Chords) ဖွဲ့စည်းတည်ဆောက်ပုံကတော့ ကွဲပြားခြားနားတယ်ဆိုတာ ယှဉ်နားထောင်ကြည့်ရင် သိသာပါတယ်။ တချို့ကလည်း "ပိုက်ဆံ" ဆိုတဲ့ စာသားအတွဲလိုက် ပါဝင်နေမှုကို ထောက်ပြကြပါတယ်။ ဒါပေမဲ့ "ပိုက်ဆံ ပိုက်ဆံ" ဆိုပြီး အတွဲလိုက် ရေးစပ်သီဆိုတဲ့ ပုံစံမျိုးဟာ တခြားသော သီချင်းတချို့မှာလည်း ရှိနေခဲ့ပြီးသား ဖြစ်ပါတယ်။ “ပိုက်ဆံ ပိုက်ဆံ အားလုံးလိုအပ်တယ် / ပိုက်ဆံ ပိုက်ဆံ ရှာရန်မလွယ်ဘူးကွယ် / ပိုက်ဆံ ပိုက်ဆံ လွယ်လွယ်မရဘူးကွယ်" ဆိုတဲ့သီချင်းလည်း တော်တော်များများ ကြားဖူးကြပါလိမ့်မယ်။ “ပိုက်ဆံ ပိုက်ဆံ ကမ္ဘာတစ်လွှားမှာ သူငါများစွာ ရှာနေကြရပြန်” ဆိုတဲ့ သီချင်းတစ်ပုဒ်လည်း တွေ့ရပါတယ်။ ဒါကြောင့်မို့လို့ အခု ကိုဆွေးလုရဲ့ သီချင်းဟာ စီနီယာတစ်ဦးရဲ့ အနုပညာအပေါ် လေးစားတန်ဖိုးထားမှုနဲ့ခေတ်သစ်ပုံစံ ဖန်တီးထားမှုတစ်ခုသာ ဖြစ်ပါကြောင်း မျှဝေလိုက်ရပါတယ်။ စပ်ဆက်လို့ပြောရရင် ကိုဆွေးလုရဲ့ တခြားသီချင်းတွေကိုလည်း တဆက်တည်းလေ့လာကြည့်နိုင်ပါတယ်။ အဆင်ပြေပါ့မလား၊ ကျေနပ်တယ်၊ အားတင်းထား၊ စိတ်ချပါချစ်သူ၊ တိမ်လူသား၊ စေတနာ၊ ငါတို့ဝေးသွားတဲ့အခါ၊ အလေ့ကျသစ်ပင် စတဲ့သီချင်းတွေနဲ့အတူ ကိုဆွေးလုကို လေ့လာကြည့်နိုင်ပါတယ်။ နောက်ထပ် သူ့ရဲ့သီချင်းတွေ ထပ်လာဖို့လည်း ရှိပါတယ်။ #h2a2 #ဆွေးလု #ပိုက်ဆံ

About