@mmtta06: ဒီစကားလုံးတွေ စိတ်ပညာဘာသာရပ် အတွက်သာမက လူတိုင်းအတွက် အရေးကြီးတဲ့ စကားလုံးတွေ၊ သဘော တရားတွေ ဖြစ်ပါတယ်။ တချို ့စိတ်ပညာကျောင်းသား/သူတွေအတွက် ကွဲကွဲပြားပြား မခွဲခြားတတ်ပဲ ရောထွေးနေတတ်ပါတယ်။ Self-esteem Self-esteem ဆိုတာကတော့ မိမိကိုယ်ကို တန်ဘိုးရှိတဲ့ အဖိုးတန်တဲ့ လူတစ်ယောက်အဖြစ် တန်ဘိုးထား အလေး ထားတဲ့ ခံစားစိတ်ရှိနေတာကိုပြောတာ။ Self-esteem နိမ့် ရင် ကိုယ့်ကိုပျက်စီးရာပျက်စီးကြောင်းတွေလည်း မစဉ်းစားပဲလုပ်ပစ်နိုင်တယ်။ ဒါကြောင့် Self-esteem မြင့်အောင်ကိုယ့်ကိုကိုယ် အဖိုးတန်လူလို့ တန်ဘိုးထားခံစားဘို့လိုလိမ့်မယ်။ Self-efficacy Self-efficacy ဆိုတာကတော့ အလုပ်လုပ်ရင် အောင်မြင် မှာပဲလို့ ကိုယ့်ကိုကို ယုံကြည်မှုရှိတဲ့စိတ်ကိုဆိုလိုတာ။ ဒီစိတ်မရှိရင် ကြိုးစားချင်စိတ်ရှိမှာ မဟုတ်သလို အောင်မြင်ဖို့လည်းဖြစ်နိုင်မှာ မဟုတ်ဘူး။ ကိုယ့်သားသမီး၊ ကိုယ့်တပည့်တွေကိုမင်းလုပ်ရင်ဖြစ်မယ်မှန်း ငါသိပါတယ်ကွာလို့ ညွှန်းပေးဖို့လိုလိမ့်မယ်။ Self-efficacy မှာဆိုတာမှာ General self-efficacy နဲ့ Specific self-efficacy ဆိုပြီး ၂မျိုးရှိတယ်။ General self-efficacy ဆိုတာကတော့ ယေဘူယျဆန်တယ်။ ငါအလုပ်လုပ်ရင် အောင်မြင်မှာပဲလို့ ယုံကြည်ခံစားတဲ့စိတ်။ Specific self-efficacy ကတော့ သီးခြားဆန်တယ်။ ဘယ်အလုပ်ကတော့ ငါလုပ်ရင်ဖြစ်တယ်လို့ ယုံကြည်ခံစားစိတ်ပါ။ ငါဂစ်တာတီးရင်ဖြစ်တယ်။ စကိတ်စီးရင်ဖြစ်တယ်။ လေထီးခုန်ရင်ဖြစ်တယ် စသဖြင့် သီးခြားလုပ်ငန်းတစ်ခုခုနဲ့ပတ်သက်လို့ငါလုပ်နိုင်တယ် ငါလုပ်ရင်ဖြစ်တယ်ဆိုတဲ့ခံစားစိတ်ကိုခေါ်တာ။ Self-confidence Self-confidence ဆိုတာကတော့ မိမိကိုယ်ကို ယုံကြည် တဲ့စိတ်ကိုခေါ်တာ။ သူမှာတော့ Self-esteem နဲ့ Self-efficacy နှစ်မျိုးစလုံးပေါင်းစပ်ပါဝင်တယ်။ ကိုယ်ကိုတန်ဘိုးရှိတဲ့သူတဦးဖြစ်တယ်လို့ခံစားငါလုပ်ရင်အောင်မြင်မယ်လို့ခံစားယုံကြည်မှုရှိနေတဲ့ စိတ်လို့ပြောရမယ်။ ကိုယ့်ကိုကို ဒီစိတ်တွေရှိနေ အောင်မွေးမြူဖို့လိုသလို ကိုယ့်ကလေး၊ ကိုယ့်တပည့်၊ ကိုယ်ဝန်ထမ်းတွေကို သင်တို့ဟာအဲလိုလူမျိုးတွေဖြစ်ကြောင်း ညွှန်းဆိုအားပေးဖို့လို လိမ့်မယ်။ #foryou #psychology #fyp

4cus
4cus
Open In TikTok:
Region: MM
Friday 26 June 2026 09:44:05 GMT
10557
873
1
47

Music

Download

Comments

anot044
Rawben :
တန်ဖိုး
2026-07-06 14:09:20
0
To see more videos from user @mmtta06, please go to the Tikwm homepage.

Other Videos


About