@soul.di9it: Mud Flood ရွှနွံရေလွှမ်းမိုးမှုကြီး ဘက်ကို လှည့်ကြည့်ရအောင်။ အဆောက်အအုံတွေရဲ့ မြေအောက်ခန်းတွေထဲက ပြတင်းပေါက်တွေ... ဒါကို ဘယ်လို ရှင်းပြမလဲ။ သိပ်လှပတဲ့ ဒဏ္ဍာရီတွေကို သိပ်ကို ကြမ်းတမ်းတဲ့ သိပ္ပံပညာနဲ့ ချေဖျက်ပြပါမယ်။ အဲဒါကတော့ မြေလွှာတွေကို လေ့လာတဲ့ ရှေးဟောင်းသုတေသနပညာ (Stratigraphy) ပါပဲ။ တကယ်လို ၁၉ ရာစု အလယ်မှာ ကမ္ဘာကြီးကို ရွှနွံတွေ ဖုံးလွှမ်းသွားခဲ့တယ်ဆိုရင်၊ ကမ္ဘာ့ဘယ်နေရာမှာပဲ မြေကြီးကို တူးတူး... အဲဒီခေတ်က အလွန်ထူထဲတဲ့ ရွှနွံလွှာကြီး တစ်လွှာကို တွေ့ရပါမယ်။ အဲဒီ ရွှလွှာကြီးအောက်မှာ လူသေအလောင်းတွေ၊ အမှိက်တွေ၊ ပစ္စည်းတွေ တစ်ပြိုင်တည်း မြုပ်နေရမယ်။ ဒါပေမဲ့ ကမ္ဘာမြေကြီးက မလိမ်ပါဘူး။ မြေကြီးကို တူးကြည့်တဲ့အခါ အဲဒီလို ရွှလွှာကြီး လုံးဝ မရှိပါဘူး။ ခေတ်အဆက်ဆက် လူတွေ စွန့်ပစ်ခဲ့တဲ့ အမှိက်တွေဟာ အလွှာလိုက် အလွှာလိုက် ဆက်တိုက် ရှိနေတာကိုပဲ တွေ့ရပါတယ်။ ဒါဆို မြေအောက်ခန်းက ပြတင်းပေါက်တွေက ဘာလို ဖြစ်လာတာလဲ။ သမိုင်းဟာ မင်းထင်သလို သန့်ရှင်းလှပ မနေပါဘူး။ ၁၉ ရာစုတုန်းက ဥရောပနဲ့ အမေရိကန်က မြိုကြီးတွေ (ဥပမာ- ချီကာဂိုမြို) ဟာ မိလ္လာစနစ် သေချာမရှိဘူး။ လမ်းတွေပေါ်မှာ ရွှဗွက်တွေ၊ အညစ်အကြေးတွေနဲ့ ပြည့်နှက်နေပြီး ကာလဝမ်းရောဂါတွေ ခဏခဏ ဖြစ်တယ်။ ဒါကြောင့် အာဏာပိုင်တွေက မြိုလုံးကျွတ် လမ်းမျက်နှာပြင်တွေကို မြေဖိုပြီး အမြင့်ကို မြှင့်တင်ပစ်ခဲ့ကြတယ်။ ချီကာဂိုဆိုရင် မြိုလုံးကျွတ် အဆောက်အအုံတွေကို ဂျက် (Jacks) တွေနဲ့ ပင့်တင်ပြီး အောက်ကနေ မိလ္လာပိုက်တွေ ထည့်၊ မြေတွေ ဖိုခဲ့ကြတယ်။ အပေါ်ကို ပင့်မတင်နိုင်တဲ့အဆောက်အအုံတွေဆိုရင် လမ်းမျက်နှာပြင် အသစ်က အဆောက်အအုံရဲ့ ဒုတိယထပ်ကို ရောက်သွားတယ်။ အဲဒီတော့ မူလက မြေညီထပ် ဖြစ်နေတဲ့ နေရာဟာ လမ်းအောက်ကို ရောက်သွားပြီး 'မြေအောက်ခန်း' ဖြစ်သွားရတာပါ။ ရွှနွံတွေ ဖုံးသွားတာ မဟုတ်ဘူး။ လူတွေ ကိုယ်တိုင် မြိုပြစီမံကိန်းအတွက် လမ်းကို မြေဖိုလိုက်လို ဖြစ်သွားတဲ့ ပုံစံတွေပါ။#MyanmarHistory #YangonSecretariat #MyanmarKnowledge #ဗဟုသုတ #မြန်မာ့သမိုင်း #ရန်ကုန် #YangonHeritage
Soul Di9it
Region: MM
Sunday 28 June 2026 13:30:00 GMT
Music
Download
Comments
လပြည့် :
ဘုရားတဆူနဲ့ တဆူကြားမှာ မြေကြီးက
၁၃ ယူဇနာအပေါ်ကို ထုကြီးလာတယ်ဆိုတာ
သက်သေတခု အတည်ဖြစ်တာပေါ့။🥰🥰
2026-06-28 14:59:48
4
Sir.Oswald Htyn :
"သမိုင်းဆိုတာ
အနိုင်ရရှိသူတွေသာ (စိတ်တိုင်းကျ)ရေးသားနိုင်သည့်မှတ်တမ်း"ဆိုပဲ😭😭
2026-07-18 11:09:53
2
thiha@heinzaw :
soul digit is smart.💯👍
2026-06-28 16:17:54
2
Win Aung Soe (Official) :
Thank Sir.....👍👍
2026-06-28 15:48:53
0
KhitShar :
သမိုင်းဆိုတလိမ်လည်မှုတစ်ခုလိုမြင်နေပြီ🥺
2026-06-30 13:05:54
1
152675 :
ဘာလို့သမိုင်းတေကိုအဲ့လိုရေးရတာလဲမသိတော့ပါဘူး
2026-06-28 13:52:18
1
𓆩♌𓆪八月生まれ🌱𓆩Leo𓆪👑🦁🌞 :
နေစမ်းပါအုံးအဲှရွံ့တေကို ဘယ်က သွားယူထားတာလဲ
2026-06-28 17:01:18
0
သခင်ဘညွန့် (မြင်းမူ) :
🥰🥰🥰
2026-06-28 16:09:39
1
SIR SIR :
😂
2026-06-28 15:03:40
1
To see more videos from user @soul.di9it, please go to the Tikwm
homepage.