@bubu9380: ချစ်တဲ့သူကို သတိရတဲ့အခါ ~~~~~~~~~~~~~~~~~ ချစ်သူကို သတိရတဲ့အခါ ဘာလုပ်ရမလဲ လို့ မိတ်ဆွေတစ်ယောက်က မေးပါတယ်။ ဒီတော့ ' မေတ္တာပို့ပါ' လို့ ဖြေပေးလိုက်ပါတယ်။ ကိုယ်ချစ်တဲ့ သူတစ်ယောက် ~ အေးချမ်းပါစေ။ ~ ဘေးအန္တာရာယ်တွေက ဝေးပါစေ။ ~ စိတ်မဆင်းရဲပါစေနဲ့။ ~ ခန္ဓာ့ဆင်းရဲကို မခံစားရပါစေနဲ့။ ~ ကြံစည်တိုင်း ဖြစ်ထွန်းပါစေ။ ~ သူတော်ကောင်းတွေနဲ့သာ ဆုံတွေ့ပါစေ။ စတဲ့ မေတ္တာတွေ ပေးပို့လိုက်ပါ။ ကမ္ဘာပေါ်မှာ အမြန်ဆုံးယာဉ်ဟာ စိတ်ဖြစ်သလို ခွန်အားအကြီးဆုံးကလည်း စိတ်စွမ်းအင်ပဲ ဖြစ်ပါတယ်။ ဒီလို အမြန်ဆုံးနဲ့ စွမ်းအားအကြီးဆုံး စိတ်ကို အသုံးချပြီး မေတ္တာပို့တဲ့အခါ မေတ္တာတရားရဲ့ အကျိုးကို တကယ်ပင် ရရှိပါတယ်။ ' အချစ်' လို့ ဆိုကြရင် မနက်လင်းရင် ဖုန်းဆက်ရမယ်။ စာပို့ရမယ်။ ဂရုစိုက်ရမယ်။ လာတွေ့ရမယ်။ လက်ဆောင်ပို့ရမယ်။ နေ့စွဲတွေကို သတိရရမယ်။ အိပ်ပျော်ချိန်အထိ ဖုန်းပြောရမယ်။ အနာဂတ်ကို အကောင်းဆုံး ဖန်တီးပေးရမယ် စတဲ့ ငါ့အတွက်ဆိုတဲ့ အလိုလောဘတွေနဲ့ပဲ တည်ဆောက်မိတဲ့အခါ ပျော်ရွှင်ခြင်းထက် ပူလောင်မှုကို ခံစားရပါတယ်။ ဒီတော့ ချစ်ခြင်းမှာ မေတ္တာတရားကို ပေါင်းထည့်လိုက်တဲ့အခါ သတိရတိုင်း မေတ္တာပို့၊ လွမ်းတိုင်း မေတ္တာပို့၊ သူ့နာမည်လေး ရွတ်မိတိုင်း မေတ္တာပို့ပေးလိုက်ပါ။ မေတ္တာတရားဆိုတာ အပြန်အလှန် အကျိုးပြုတဲ့ သတ္တိရှိတာကြောင့် မေတ္တာပို့သူကိုယ်တိုင် အေးချမ်းခြင်းကို ခံစားရပြီး မေတ္တာရရှိသူလည်း အေးချမ်းရပါတယ်။ မေတ္တာတရားပြည့်ဝနေသူရဲ့ ရုပ်သွင်ဟာ အေးချမ်းတယ်။ အေးချမ်းတော့ မျက်နှာထား ကြည်လင်တယ်။ မြင်ရတာ အေးချမ်းပြီး အသံကြားရတာ အေးချမ်းစေတယ်။ မေတ္တာစိတ်အမြဲထားတဲ့သူရဲ့ အသားအရေဟာ ကြည်နေတယ်။ အသားအရေကြည်တော့ အလှတိုးတယ်။ မေတ္တာတရားအချိန်ပြည့်ရှိနေတော့ ဒေါသမထွက်ဘူး။ ဒေါသမရှိတော့ စိတ်ကြည်ပြီး အလုပ်အကိုင်တွေ ဆောင်ရွက်ရာမှာ အမှားမရှိဘဲ ဆုံးဖြတ်လုပ်ကိုင်လာနိုင်တယ်။ ဒါဆို အောင်မြင်မှု ပိုရမယ်။ အောင်မြင်တဲ့ မိန်းမတစ်ယောက်၊ ယောကျာ်းတစ်ယောက်ကို ဘယ်ချစ်သူကမှ စွန့်ခွာမသွားတော့ဘူး။ ဒီတော့ ပျော်ရွှင်မှုတွေ ပိုင်ဆိုင်ရပါရော။ ဒါ့ကြောင့် ချစ်တဲ့သူကို သတိရတဲ့အခါ ' မေတ္တာပို့ပါ'.... #ခင်နှင်းကြည်သာ #crd #lovequote #မေတ္တာပို့ပါ #foryou
♒ Aquarius2327 ♒
Region: MM
Friday 26 June 2026 13:06:02 GMT
Music
Download
Comments
KHIN🌻 MYO🌻THU (ko zin💛)AZBu :
copyလေးချပေးပါအုမ်းပြန်တင်ချင်လို့
2026-07-06 09:43:57
1
𝙿𝙾𝙴 𝙿𝙾𝙴 𝚂𝙷𝚆𝙴 𝚉𝙸𝙽 :
အမြဲပို့ပေးဖြစ်တယ်🥰
2026-06-26 15:17:18
1
Tr Nu :
ပို့နေပါတယ်
2026-06-27 02:30:02
1
🍀Zin Zin🍀 :
🥰
2026-06-26 15:40:06
1
Thu😍😍 :
ချစ်တဲ့သူကိုအမြဲမေတ္တာပို့ဖြစ်ပါတယ်❤️❤️❤️
2026-06-27 00:23:42
1
เพือเธอตลอดไป :
ကျနော်လေမနက်ညသူနဲ့ဆုံတွေ့ကတည်းကမနက်ညအမြဲပို့တယ်
2026-06-30 14:02:01
1
Aye Pwint Aung😘🥰 :
🥰👍🥰🙏🙏
2026-06-27 05:21:12
1
Mariti3 :
ညမပိုတယ်ဆုတောင်နေတယအမြဲပါ
2026-06-27 17:12:25
1
pyae phoo tha zin😘😘😘 :
ကိုကိုအမြန်ဆုံးပြန်လွတ်လာပါစေအန္တရယ်ကင်းပါစေ🙏
2026-07-12 11:13:05
0
🌻Mal yu🍃 :
အမြဲမေတ္တာပို့ပါတယ်🥰
2026-06-28 16:54:29
1
antihnin1 :
အမြဲမေတ္တာပို့ဖြစ်ပါတယ်နော်🥰🥰🥰
2026-06-26 23:26:46
1
nang sein kham han kyi :
အချိန်တိုင်းပို့ဖြစ်ပါတယ် ကျန်းမာပါေစေနာ် ချစ်တာလဲမေမ့ပါနဲ့
2026-07-01 04:59:18
1
May Thoon Kha :
💕💕💕
2026-06-28 05:49:50
1
Nan Kyi Kyi Mya :
🥰🥰🥰
2026-06-28 00:43:26
1
jgfd5465 :
🥰🥰🥰
2026-06-27 16:07:11
1
Ah Bawk Nu :
😭😭😭
2026-06-26 14:27:20
1
ThaeThae :
🥰🥰🥰
2026-06-26 14:17:06
1
Ya min :
🥰🥰🥰
2026-06-26 14:00:50
1
အပါယ်ခံ ဘဝ :
🥰🥰🥰
2026-06-29 14:26:06
1
💔 :
မောင်တစ်ယောက်အေးချမ်းပါစေ ပျော်ရွှင်ပါစေ ကျန်မာရေးလဲကောင်းပါစေ စိတ်ချမ်းသာကိုယ်ကျန်မာပါစေ သွားလေရာအဆင်ပြေပါစေအလုပ်လဲအဆင်ပြေပါစေအကုန်လုံးအဆင်ပြေပါစေမေကိုလဲသတိရနေပါစေမောင်ရေ🥰🥰🥰🥰
2026-06-28 17:21:02
2
To see more videos from user @bubu9380, please go to the Tikwm
homepage.