@starstarx7: "Church Date" ဆိုတာမျိုး ဘာဖြစ်လို့ မများတာလဲ...? ဒီနေ့ခေတ်မှာ Date ဆိုတာနဲ့... Coffee Shop တွေကို သတိရကြတယ်။ Restaurant ကောင်းကောင်းတွေကို သတိရကြတယ်။ Movie Theater တွေ၊ Shopping Mall တွေ၊ လှပတဲ့ နေရာတွေကို သတိရကြတယ်။ ဒါပေမဲ့ "တနင်္ဂနွေ မနက် ၉ နာရီမှာ ဘုရားကျောင်းမှာ တွေ့ကြမယ်နော်" ဆိုတဲ့ Date လေးကိုတော့ လူအများကြီး မတွေးမိကြဘူး။ ငါတော့ အဲဒီလို Date မျိုးကို လိုချင်တယ်။ ဘုရားကျောင်းထဲကို အတူတူ လျှောက်ဝင်မယ်။ ကိုးကွယ်ချီးမွမ်းသီချင်းတွေကို အတူတူ သီဆိုမယ်။ ဆုတောင်းချိန်မှာ လက်ချင်းတွဲပြီး... ဘုရားရှေ့မှာ နှလုံးသားနှစ်ခုလုံးကို အပ်နှံကြမယ်။ ဓမ္မဟောပြောချက်ကို အတူတူ နားထောင်မယ်။ ကိုယ့်ဘဝကို ပြောင်းလဲစေတဲ့ စကားလုံးတွေကို မှတ်စုရေးမယ်။ ဘုရားကျောင်းဆင်းတော့... နေ့လည်စာ စားရင်း "ဒီနေ့ Message က ဘာကို သင်ပေးသွားလဲ" "ငါတို့ဘဝမှာ ဘယ်လို အသက်ရှင်ရမလဲ" "ဘုရားက ငါတို့ကို ဘာပြောချင်နေလဲ" ဆိုတာတွေကို အတူတူ ဆွေးနွေးကြမယ်။ တစ်ယောက်ကို တစ်ယောက် "ချစ်တယ်" လို့ ပြောနေတာထက်... တစ်ယောက်အတွက် တစ်ယောက် ဆုတောင်းပေးတဲ့ အချစ်မျိုး ဖြစ်ချင်တယ်။ အချင်းချင်းကို ပျော်ရွှင်အောင်ပဲ လုပ်ပေးနေတဲ့သူ မဟုတ်ဘဲ... ဘုရားနဲ့ ပိုနီးကပ်လာအောင် အချင်းချင်း တွန်းအားပေးတဲ့သူ ဖြစ်ချင်တယ်။ Relationship တစ်ခုရဲ့ အလယ်မှာ... အတ္တ မရှိဘူး။ မာန မရှိဘူး။ တပ်မက်မှု မရှိဘူး။ ဘုရားသခင်ပဲ ရှိတယ်။ ဘာဖြစ်လို့လဲဆိုတော့ လူနှစ်ယောက်တည်း ဆောက်တဲ့ Relationship က ယိမ်းယိုင်နိုင်တယ်။ ဒါပေမဲ့ ဘုရားသခင်ကို အုတ်မြစ်ထားပြီး ဆောက်တဲ့ Relationship ကတော့ မုန်တိုင်းတွေကြားမှာတောင် တည်ငြိမ်နိုင်တယ်။ တကယ်တော့ အကောင်းဆုံး Date ဆိုတာ လက်ချင်းတွဲပြီး လမ်းလျှောက်တာ မဟုတ်ဘူး။ အကောင်းဆုံး Date ဆိုတာ နှလုံးသားနှစ်ခုက... တစ်လမ်းတည်း လျှောက်နေကြတာလည်း မဟုတ်ဘူး။ ဘုရားသခင်ရှိတဲ့ လမ်းကို.. အတူတူ ရွေးချယ်ပြီး လျှောက်နေကြတဲ့ ခရီးပါ။ #viral

ဦးနေ💕(.မန္တလေး.)ကော်ဖီအေး☕💕
ဦးနေ💕(.မန္တလေး.)ကော်ဖီအေး☕💕
Open In TikTok:
Region: MM
Friday 26 June 2026 13:53:44 GMT
99715
7556
29
888

Music

Download

Comments

alya2b2
𝐴𝑙𝑦𝑎_𝑆𝑎𝑛𝑛. :
ဘာသာမတူပေမဲ့ သူလိုက်တယ် but ပြတ်တာပဲ🗿
2026-06-28 08:45:54
23
shunwang8.5
wang yibo王一博 :
အ့လို မျိုးကျ လဲ သူနဲ့ငါက ဘာသာခြား ဒါမဲ့ မေတ္တာပို့တိုင်း သူ့နာမည် ကိုအမြဲပို့ပေးတာ
2026-06-28 01:57:52
39
thin.yanant669
🦋🌸❀Nant Thin Yanant Oo❀🌸🦋 :
ကဲ့ ဒီနေ့ကစပီးဘုရားကျောင်းမှန်မှန်တက်တော့မယ်
2026-06-28 11:15:41
3
mun.suang
Mun Suang :
မင်းကိုယ်တိုင်ရေးတဲ့စာသားလား?
2026-06-28 12:19:52
1
ramgpmhloi9
Asher :
သဘောကျလို့ ယူသုံးပါရစေ
2026-06-28 06:55:08
1
haydiwin
Naw Hay Di Win :
စာလေးယူသုံးလို့ရလားရှင့်
2026-06-28 04:26:18
1
tuangtuang961
꧁༒☬★𝓣𝓾𝓪𝓷𝓰 𝓣𝓾𝓪𝓷𝓰★☬༒꧂ :
ရှိတ်ရှိတ်
2026-06-28 11:26:07
1
hei.soh
Tululu🫠 :
Date ပြီပြတ်သွားရောအမကလည်း😭😭
2026-06-28 02:51:05
3
emma139155
Emma💜 :
Amen
2026-06-28 07:55:16
1
bean45282
Bean :
first date မှာ church သွားခဲ့ပေမယ့် တစ်လတောဂ်မခံခဲ့
2026-06-28 08:19:55
1
sianlun2009
Zin Zin2811 ♏ :
အဲ့လိုလေးတကယ်ဖစ်ချင်တယ် ဖတ်နေရင်း ရင်ထဲကြည်နူးသွားတာအမှန်ပဲ ☺️
2026-06-26 17:53:36
5
veraorlovskaya
Khit Nway :
ကျွန်မတို့ တော့မ နေ့က ဘုရားသွားပြီးပဌာန်းတူတူရွတ်ဖြစ်တယ်
2026-06-27 02:40:13
3
may16420097
အညို~° :
အဲ့တာ first dateပဲ🙄
2026-06-28 03:56:53
0
cherrynyein1924
CHERRY NYEIN :
ဘုရားကျောင်းမတူလို့🗿
2026-06-28 03:45:36
1
phaw3103
♏ :
အာ့မျိုးလေးDateချင်တာဖြစ်ချင်တော့ဘာသာတူတယောက်မှမတွေ့
2026-06-28 05:20:05
1
tungpii3
kam_deih_tung :
ဒါမျိုးလာ အူးဟဲဟဲ🤪
2026-06-28 13:51:43
0
thant.zin8240
Thant Zin #Karen# :
🥰🥰
2026-06-28 10:57:40
2
inuxx58
Thazin ♒♒♒ :
👍👍👍
2026-06-26 14:07:00
2
nawnaw3360
Ash :
@HanThuthuThar
2026-06-28 14:04:36
1
mochiemmy211206
ꫝꪮ᥇𝓲ꪑꪮᥴꫝ𝓲 :
😁😁😁
2026-06-28 14:45:30
1
To see more videos from user @starstarx7, please go to the Tikwm homepage.

Other Videos


About