@daomubiji.daomi: [ ချီလင် နာမည်အဓိပ္ပါယ်နဲ့ ကျန်းချီလင် ဖြစ်လာပုံ ] အစ်ကိုလေးရဲ့ဘ၀က သိပ်၀မ်းနည်းဖို့ကောင်းသလို သူဆက်ခံခဲ့ရတဲ့နာမည်ကလည်း သိပ်ကြေကွဲဖို့ကောင်းပါတယ်။ ချီလင် ဆိုတာ အဓိပ္ပါယ်အရဆို ခေါင်းတလားကို ပို့ဆောင်ခြင်း လို့ခေါ်ပါတယ်။ “ချီလင် (起灵)” ဆိုတာ နာရေးအခမ်းအနားတွင် အရေးအကြီးဆုံး အစိတ်အပိုင်းတစ်ခု ဖြစ်တယ်။ အဲ့အစီအစဉ်က ကွယ်လွန်သူဟာ လူ့လောကမှာရှိတဲ့ သူ့ရဲ့ နောက်ဆုံးနေအိမ်ကို တရားဝင်နှုတ်ဆက်ပြီး သုသာန်ဆီသို့ နောက်ဆုံးခရီး စတင်လျှောက်လှမ်းခြင်းကို ရည်ညွှန်းတာဖြစ်ပါတယ်။ ပြီးရင် ကွယ်လွန်သူဟာ ကျန်ရစ်တဲ့ မိသားစုအပေါ် ကောင်းချီးပေးစေဖို့ မျှော်မှန်းရင်း လုပ်ဆောင်တဲ့ အသုဘဓလေ့တစ်ခုပါ။ ကျန်းရှောင်ကွမ်း ခေါ် ရှောင်ကွေ ဟာ ကျန်းမိသားစုက ရွေးချယ်လိုက်တဲ့ နောက်ဆုံးမျိုးနွယ်စုခေါင်းဆောင်ပါ။ လျှို့ဝှက်ဆန်းကျယ်တဲ့ အရှေ့မြောက်က ကျန်းမိသားစုဟာ သူတို့ရဲ့ အသက်ရှည်ပြီး မအိုမမင်းနိုင်တဲ့ ကောင်းချီးတွေရှိသလို ကောင်းချီးကြောင့်ရတဲ့ ထျန်းရှို့ဆိုတဲ့ မှတ်ဉာဏ်ချို့ယွင်းခြင်းတွေရှိပါတယ်။ ကျန်းမိသားစု အိမ်တော်ဟောင်းကြီးမှာ ရေတစ်မျိုးရှိပြီး ထိုရေကို အချိန်မှန်သောက်မှသာ ထိုထျန်းရှို့ကို သက်သာစေမှာဖြစ်ပါတယ်။ ဘယ်အရပ်ကို ခရီးလွန်နေပါစေ အချိန်မှန်အိမ်ပြန်လာပြီး ထိုရေကို သောက်ရမှာဖြစ်ပါတယ်။ ဒါပေမယ့် ယခင်မျိုးနွယ်စုခေါင်းဆောင်ဟာ မိသားစုတွင်းပြင် ပြဿနာတွေကြောင့် သေဆုံးသွားပြီးနောက်ပိုင်း ယာယီမျိုးနွယ်စုခေါင်းဆောင်က မျိုးနွယ်စုခေါင်းဆောင်အသစ်တင်မြှောက်ဖို့ မိသားစုတွင်းလူကြီးတွေနဲ့ ဆုံးဖြတ်ပြီးတဲ့အခါ " တောရိုင်းစစ်ဆေးခြင်း " အပြီး မိသားစုခေါင်းဆောင်ရဲ့ ကောင်းကင်လှံ / ခြောက်ထောင့်ကြေးခေါင်းလောင်း ကိုယူလာနိုင်တဲ့သူကို မျိုးနွယ်စုခေါင်းဆောင်အသစ်အဖြစ် ခန့်အပ်မှာပါ။ ဒါပေမယ့် မျိုးနွယ်စုခေါင်းဆောင်ဖြစ်ခြင်းဟာ ကောင်းချီးတစ်ခုမဟုတ်ပါဘူး။ ယခင် မျိုးနွယ်စုခေါင်းဆောင်တွေ ရှိစဉ်ကာလတုန်းကတည်းက ယိုယွင်းလာနေတဲ့ ကျန်းမိသားစုဟာ စည်းလုံးမနေတော့ပါဘူး။ အားလုံးဟာ ဒီအိမ်တော်ထဲမှာပဲ ခြေချုပ်မိမနေချင်ကြတော့ပါဘူး။ ထျန်းရှို့ကို ပြေစေတဲ့ဖြေဆေးကို လိုချင်ရင် ကျန်းမိသားစု မျှော်စင်ဟောင်းထဲမှာ ယန္တရားကိုဖွင့်ပြီး ဖြေဆေးကိုထုတ်ပေးမှရမှာပါ။ ဒါပေမယ့်ဖြေဆေးကိုထုတ်ပေးမယ့်သူဟာ ရိုးရိုးသာမန်လူလည်း မဖြစ်ရသလို၊ သူကိုယ်တိုင်ကလည်း ဖြေဆေးမရတဲ့အပြင် တစ်မိသားစုလုံးစာ ထျန်းရှို့ကို ခံယူရတော့မှာဖြစ်ပါတယ်။ ( ထျန်းရှို့ပိုပြင်းထန်လာတာကို ဒါက တင်စားပြီးပြောတာ ) အဲ့ဒါကြောင့် ယာယီမျိုးနွယ်စုခေါင်းဆောင်က မျိုးနွယ်စုခေါင်းဆောင်အဖြစ် လူရွေးပြီး ခန့်အပ်ဖို့ကြံစည်နေခဲ့တာပါ။ ထိုအချိန်မှာ မိဘမဲ့ တစ်ကောင်ကြွက်၊ ကိုယ့်ရဲ့ ဇစ်မြစ်ကို သိချင်နေရှာတဲ့ ရှောင်ကွေလေးကို ပစ်မှတ်ထားပြီး မက်လုံးပေးကာ မျိုးနွယ်စုခေါင်းဆောင်အဖြစ် တင်မြှောက်လိုက်ပါတယ်။ ကျန်းဟိုင်ခဲ့က သူ့ဖခင်နဲ့ ယာယီခေါင်းဆောင်ပြောနေတဲ့စကားကိုကြားပြီး အခမ်းအနားစတင်ချိန်မှာ အပြေးသွားပြီး သူတို့ပေးတဲ့ဆေးရည်ကို မသောက်ဖို့ အော်ဟစ်နေခဲ့တာပါ။ တကယ်သောက်လိုက်ပြီးတာနဲ့ သူက သေလူဖြစ်သွားမှာဖြစ်ပါတယ်။ ထို့နောက် ခေါင်းတလားထဲထည့်ပြီး " ချီလင် - ခေါင်းတလားကို ပို့ဆောင်ပါ " လို့အော်လိုက်ပြီး မျှော်စင်ဟောင်းဆီ ပို့ဆောင်လိုက်ပါတယ်။ မျှော်စင်ဟောင်းထဲရောက်တဲ့အခါ အသစ်စက်စက် ကျန်းချီလင် ဖြစ်လာတဲ့ကောင်လေးဟာ နိုးထလာပြီး သူ့ရဲ့တာ၀န်ကိုစလုပ်ပါတော့တယ်။ ကောင်းကင်လှံတံကို ယန္ထရားထဲ ထိုးစိုက်ပြီး လှည့်လိုက်တဲ့အခါ ဖြေဆေးက ကျန်းမိသားစုအိမ်တော်ထဲကို စီးဆင်းသွားပြီး သူကိုယ်တိုင်ကတော့ ထွက်ပေါ်လာတဲ့ အနီရောင်ကပ်ပါးပိုးလို့ခေါ်ရမလား ထိုအရာလေးတွေကြောင့် ပူလောင်လာခဲ့ရပြီး ပုံမှန်ထက် ပိုမိုတောက်ပတဲ့ သူ့ရဲ့ချီလင်တက်တူးတောင် ပေါ်လာခဲ့ရပါတယ်။ထိုအချိန်မှာတော့ ကျန်းမိသားစု၀င်တွေဟာ ဖြေဆေးကိုသောက်ကြပြီးနောက် အိမ်တော်ဟောင်းကနေ ထွက်ခွာသွားကြပါတော့တယ်။ ကျန်းချီလင်ဟာ မျှော်စင်ဟောင်းထဲမှာ သုံးနှစ်ကြာနေခဲ့ရပြီး နောက် သူ့ရဲ့ ဘ၀ဇာတ်ကြောင်းကိုရှာဖြေဖို့ ခရီးစတင်ခဲ့ပါတယ်။ ထိုအချိန်မှာတော့ သူ့ရဲ့ထျန်းရှို့ဟာ စတင်နေပြီဖြစ်ပြီး မှတ်ညာဏ်တွေဟာ ပျောက်လိုက် ပေါ်လာလိုက်ဖြစ်နေပါပြီ။ ကျန်းမိသားစုရဲ့ အဓိကမိသားစုက ထိုကျေးဇူးကြောင့် ကျန်းချီလင်အတွက် တကယ်လိုအပ်လာချိန်မှာ အကူအညီတစ်ခုပေးဖို့ ကတိက၀တ်ပြုထားခဲ့ကြပါတယ်။ ထို့နောက်သူတို့ဟာ ကမ္ဘာအရပ်ရပ်ကိုပြန့်သွားပြီး ဇာတ်မြှုပ်ကာနေထိုင်သွားကြပါတော့တယ်။ ဒါပေမယ့် ကွဲကွာသွားကြတဲ့ ပြင်ပမိသားစုများကတော့ နောက်ပိုင်း နေသားမကျကြတာကြောင့် အိမ်တစ်ခုတည်းမှာပဲ ပြန်လည်ပေါင်းစုနေထိုင်ခဲ့ကြပါတယ်။ ထို့နောက် ကျန်းချီလင်ဟာ ခရီးလှည့်သွားရင်း ထို ပြင်ပကျန်းမိသားစုနေအိမ်မှာ နေထိုင်ခဲ့ပါသေးတယ်။ ထိုနေအိမ်မှာ သူ့ရဲ့မှတ်ဉာဏ်တွေကို မှတ်တမ်းတင်ပေးသူ အဖိုးကြီးတစ်ယောက်ရှိပါတယ်။ #ZhangQiling #TibetanSeaFlower #adventurebehindthebronzedoor #ZhangKangle
Daomu Biji Universe MM
Region: MM
Friday 26 June 2026 14:34:07 GMT
Music
Download
Comments
肖战 xiaozhan :
သနားစရာလေး
2026-06-26 14:45:42
3
kkkk :
အကိုလေးရယ်
2026-06-26 15:00:14
2
ကျွန်တော် :
အခုအပိုင်းကိုဘယ် movie မှာကြည့်ရမလဲ
နာမည်ပြောပြပေးလိုရမလားခင်ဗျာ
2026-06-26 15:22:01
2
Wang_Xiao#1823* :
အကိုလေးကိုသနားလွန်းလို့ဘယ်လိုလုပ်ရမလဲဖက်ထားပေးချင်လိုက်တာ🥺🥺😭
2026-06-26 14:41:01
5
blueberry :
အဲ့ကားကြည့်တုန်းကငိုလိုက်ရတာဆိုတာအကိုလေးဘဝကလဲလွယ်မနေဘူး🍀
2026-06-27 13:25:52
1
🌷Tulip🌷 :
အဲ့အခန်းငိုလိုက်ရတာ😔
2026-06-27 07:17:57
1
Hanny :
ဒါလေးအခုပြန်ကြည့်နေတာ ဘယ်နှခေါက်ကြည့်ကြည့် ရှောင်ကောအတွက်ဝမ်းနည်းရတဲ့စိတ်ကိုဖျောက်မရဘူး ကျန်းချီလင်အတွက်မခံစားနိုင်ဘူး🥺
2026-06-27 08:13:11
1
🍀THEINGI🍀 :
ငါငိုချင်တယ်ဟယ် အစ်ကိုလေးရယ် ဘယ်လိုတောင်လုပ်ရက်ကြတာလဲ😭😭😭
2026-06-27 08:29:12
1
Shwe Si Aung :
ဒါကြောင့်အစ်ကိုလေးရဲ့ဘဝကအရမးကိုသနားဖို့ကောင်းလိုက်တာ
2026-06-27 03:28:05
2
ချစ်သောမိုင် :
🥺🥺
2026-06-26 15:53:36
2
To see more videos from user @daomubiji.daomi, please go to the Tikwm
homepage.