@shoon.lae1591: #ချစ်တာနဲ့ သံယောဇဉ်ရှိတာက မတူပါဘူး သံယောဇဉ်ဆိုတာ ရုန်းထွက်ဖို့ အင်မတန်မှ ခက်ခဲသော မမြင်ရတဲ့ ကြိုးပါပဲ။ သံယောဇဉ်ကို အရင်းတည်ပြီး တည်ဆောက်ထားတဲ့ ဆက်ဆံရေးဟာ နွေးထွေးမှုကို ဖြစ်စေနိုင်တယ်။ သံယောဇဉ် ဆိုတာ ချစ်တယ်ဆိုတာထက် ပ်ိုပြီး လေးနက်ပါတယ်။ ပိုပြီးတော့လည်း ခိုင်မြဲပါတယ်။ အချိန်ယူပြီး တည်ဆောက်ရတဲ့ အရာလည်း ဖြစ်ပါတယ်။ သံယောဇဉ်က ခပ်လွယ်လွယ်နဲ့ မဖြစ်နိုင်သလို သံယောဇဉ် တွယ်သွားပြီရင်လည်း လွယ်လွယ်နဲ့ မပြတ်တောက်နိုင်တော့ဘူး။ ချစ်တယ်ဆိုတာက အကြည့်တစ်ချက်မှာတင် ချစ်သွားနိုင်သလို သိပ်မကြာခင်မှာပဲ ပြောင်းလဲသွားနိုင်ပါတယ်။ အချစ်က အပြောင်းအလဲ သိပ်မြန်တတ်တယ်။ အားလုံးကို မဆိုလိုပါဘူး။ အများစုရဲ့ ဖြစ်တတ်တဲ့ သဘာဝပါ။ ဒီနေ့ ချစ်နေပြီး နောက်နေ့ မု.န်းသွားတတ်တာမျိုးလည်း ရှိနိုင်ပါတယ်။ ချစ်တာက မျက်စိတစ်မှိတ် အတွင်းမှာပဲ ပြောင်းလဲသွားနိုင်တယ်။ ချစ်တယ်ဆိုတာ အပေါ်ယံတွေမှာ အခြေခံကြတာ များပါတယ်။ သင့်မှာ ငွေမရှိလို့ ချစ်သူရဲ့လိုချင်တာတွေ မဖြည့်ဆည်းပေးနိုင်တဲ့အခါ မြက်ဖျားပေါ်က နှင်းစက်လေးတွေလိုပဲ။ ခဏလေးနဲ့ ဝေးကွားသွားပါလိမ့်မယ်။ အချစ်က ငွေမရှိတဲ့ဒဏ်ကို ခံနိုင်ရည် မရှိဘူး။ အလွယ်တကူပဲ နောက်ဆုတ်တယ်။ သံယောဇဥ်ကတော့ ငွေမရှိတဲ့ဒဏ်ကို တောင့်ခံနိုင်တယ်။ ဒါကြောင့် သံယောဇဉ် ရှိတာနဲ့ ချစ်တာက အတော်လေးကို ကွဲပြားပါတယ်။ တူသယောင်ယောင် ရှိပေမယ့် လုံးဝမတူပါဘူး။ သံယောဇဉ်ဆိုတာက ချစ်တယ်ဆိုတာမျိုးလို အပြောင်းအလဲ သိပ်မရှိတတ်ပါဘူး။ ဒီနေ့ သံယောဇဉ် ရှိရင် နောက်နေ့, နောက်လ နောက် နှစ်ပေါင်းများစွာထိ ရှိနေမှာပဲ။ တစ်ယောက်နဲ့ တစ်ယောက် ချစ်တာအပြင် သံယောဇဉ်ပါရှိသွားရင် ဘယ်သူ ဖျက်ဖျက် မပျက်တာက များပါတယ်။ သံယောဇဉ်က ဖြတ်ရခက်ပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် ပျက်သွားတယ် ဆိုရင်တောင် သံယောဇဉ်ကြောင့် မမေ့နိုင်ကြပါဘူး။ သံယောဇဉ်ဆိုတာ ချစ်တယ် ဆိုတာထက် ပိုပြီးလေးနက်ပါတယ်။ မမြင်ရပေမယ့် ရုန်းထွက်ဖို့ခက်တဲ့ အခိုင်မာဆုံးကြိုးက သံယောဇဉ်ဆိုတဲ့ ကြိုးပါပဲ။ ဘဝမှာ အဲ့ဒီသံယောဇဉ်တွေကြောင့်ပဲ ပူပင်သောက ရောက်ရတာ များပါတယ်။ ဘဝမှာ အပူအပင်နည်းချင်ရင်တော့ သံယောဇဉ်ကို နည်းနိုင်သမျှ နည်းအောင် ကြိုးစားရပါလိမ့်မယ်။ သံယောဇဉ်ထားတာက ချစ်တာထက် ပိုပြီး ခိုင်မြဲတယ်ဆိုပေမယ့် တတ်နိုင်သမျှ သံယောဇဉ် နည်းအောင်ပဲ ကြိုးစားသင့်တယ်။ ဘာဖြစ်လို့လဲဆိုတော့ သံယောဇဉ်ဆိုတာလည်း ပူပင်သောက ဖြစ်စေလို့ပါ။ သံယောဇဉ်နွံထဲက ရုန်းထွက်နိုင်လေ ဘဝက အေးချမ်းလေပါပဲ....။#shoonlae #tiktokmyanmar🇲🇲

Shoon Lae
Shoon Lae
Open In TikTok:
Region: MM
Saturday 27 June 2026 01:26:48 GMT
312805
24400
586
5996

Music

Download

Comments

soe.soe.san55
soe soe san :
တင်ထားတဲ့စာသားလေးတွေကိုအရမ်းနှစ်သက်သဘောကျမိပါတယ်ရှင့်တစ်ဦးနဲ့တစ်ဦးအမှန်တစ်ကယ်ရင်ထဲကနေဖြစ်ပေါ်လာတဲ့အချစ်ဟာမေတ္တာအစစ်နဲ့ချစ်တဲ့အချစ်စစ်ဖြစ်ပါတယ်တ္တောအစစ်အချစ်စစ်တွေနဲ့တစ်ကယ်ချစ်မိနေပြီးဆိုရင်အလိုအလျောက်ဂရုဏာတွေပိုလို့ပိုလို့တိုးလာတတ်ကြပါတယ်ဂရုဏာဆိုတဲ့သဘောကတော့တစ်ဦးနဲ့တစ်ဦးအပြန်အလှန်ချစ်ခင်စုံမက်ပြီးသနားကြင်နာယုယထွေးပိုက်တွယ်တာခြင်းသဘောပါဘဲမေတ္တာစေတနာဂရုဏာတွေပေါင်းစပ်ထားပြီးဖြစ်ပေါ်လာတာကတော့သံယောဇဉ်ဆိုတဲ့ချည်နှောင်ထားတဲ့အချစ်တစ်ခုပါဘဲသာမန်ရိုးရိုးအချစ်နဲ့သံယောဇဉ်ဆိုတဲ့ချည်နှောင်ထားတဲ့အချစ်ကနှိုင်းယှဉ်လို့မရကြပါဘူးသံယောဇဉ်နဲ့ချည်နှောင်ထားတဲ့အချစ်ကအမြဲတမ်းလိုလိုတည်တံ့ခိုင်မြဲတတ်ကြပြီးအကယ်၍ဝေးကွာလို့သွားခဲ့ရင်တောင်တော်ရုံနဲ့မပြတ်နိုင်ကြဘဲမမေ့နိုင်ကြပါဘူးမကြာခဏအမြဲတမ်းလိုလိုသတိတရအမှတ်ရနေတတ်ကြပြီးရင်ထဲကနှလုံးသားတစ်နေရာရာမှာအမြဲတမ်းရှိနေတတ်ကြပါတယ်သံယောဇဉ်အချစ်ဆိုတာမေတ္တာအစစ်အချစ်စစ်တွေကနေအခြေခံထားတဲ့မေတ္တာစေတနာဂရုဏာတွေပေါင်းစပ်ထားတဲ့အရမ်းကိုမှခက်ခဲနက်ရှိုင်းလွန်းတဲ့အချစ်တစ်ခုပါစာသားလေးတွေကိုသဘောကျမိလို့ပါရှင့်ကျေးဇူးပါအားပေးနေပါတယ်🥰🥰🥰🥰🥰🥰🥰🥰🥰
2026-06-29 09:40:15
24
lin.khant6431
LIN Khant🤴👸 :
🥰👍👍👍copy.. please
2026-06-29 13:14:59
1
skykmg
မင်းချစ်သူ :
သနာ လို့ ချစ်မိတော့ ဘဝပါ ပေးဆပ် လိုက်တယ်လေ။
2026-06-29 07:56:03
16
user57701256795955
user57701256795955 :
💛💛💛💛💛💛💛💛💛💛
2026-06-28 12:32:41
2
ngelay141141
Nge Lay :
မှန်တယ် ကြိုက်တယ် စာသားကို🥰
2026-06-29 06:58:33
2
bakyawgyi81
#🇯🇵bakyawgyi🇯🇵🇯🇵🇯🇵acc :
အမှန်ပေါ့
2026-06-29 05:14:04
3
hlaingzarchi142
hlaingzarchi142 :
ယူမယ်နော်❤️
2026-06-29 04:14:54
2
hla.hla720
Hla Hla :
မှန်လိုက်တာ🥰🥰🥰
2026-06-29 03:35:36
2
nyonyo8584
Nyo Nyo :
ဟုတ်တယ်
2026-06-29 04:01:55
2
ayesandar6881
Aye Sandar :
အားပေးပါတယ်
2026-06-29 04:30:11
2
nang.a.hom07
Nang A Hom :
မှန်လိုက်တာ🥰🥰🥰
2026-06-29 03:06:20
2
kyi.mya73
Kyi Mya :
အမှန်ပေါ့
2026-06-29 04:02:42
2
tin.tin.nyo47
Tin Tin Nyo :
ဟုတ်ပ💜💜💜💜💜💜
2026-06-29 01:42:37
2
sumonoo179
#Su Mon Oo43 :
ပြန်တင်ခွင့်ပြုပါ🌹🌹🌹
2026-06-29 05:07:35
2
yuu698.u
Yu💞 :
အမှန်ပါပဲ
2026-06-29 05:09:10
2
nway.yu08
Nway Yu :
ဟုတ်တယ်အချစ်ထက်ခိုင်မြဲတဲ့အဲဒီသံယောဇဉ်ပူလောင်တယ်ဆိုပေမဲ့မဖြတ်နိုင်ဘူးဖြစ်နေတယ်😢😢😢
2026-06-29 03:41:17
5
hninsitin
Rose🌹 :
မှန်လိုက်တာဟယ်👍👍👍👍👍
2026-06-29 05:05:31
2
aye.min.soe412
အချစ်မရှီရင်ခွင် :
right🥰🥰🥰
2026-06-29 02:15:23
2
user4620144296152
ကိုယ်ဖ့ရင်ကို :
🥰🥰🥰🥰🥰ဟုတ်တယ်သံယောဇဉ်တွေ ပိုမြဲပါတယ်
2026-06-29 17:52:40
2
yadana746
Mar Mar Aye :
သံယောစဉ်ကြီးသူမို့ ခံစားရပါတယ်
2026-06-29 08:04:44
2
nanohn45
laylone :
hi
2026-06-29 01:27:05
2
To see more videos from user @shoon.lae1591, please go to the Tikwm homepage.

Other Videos


About