@heinly4560: ရင်က ကျွန်တော်ဟာ သံယောဇဉ်ကို အလေးအနက်ထားလွန်းတဲ့ ယောက်ျားတစ်ယောက်ပါ။ လူတစ်ယောက်ကို ခင်တွယ်ပြီဆိုရင် ကိုယ့်ဘက်က ရာနှုန်းပြည့် ပုံအောပေးတတ်တာ ကျွန်တော့်ရဲ့ အကျင့်ပေါ့။ အချစ်မှာပဲဖြစ်ဖြစ်၊ ခင်မင်မှုမှာပဲဖြစ်ဖြစ် "ဦးစားပေး" ရမယ်ဆိုရင် ကျွန်တော်က အမြဲတမ်း နောက်ဆုံးမှာပဲ နေခဲ့ပြီး သူတပါးကိုပဲ ရှေ့တန်းတင်ခဲ့တာ။ ဒါပေမဲ့ အဲဒီလို သံယောဇဉ်ကြီးတာကပဲ ကိုယ့်ကိုကိုယ် ပြန်သတ်နေတဲ့ လက်နက်ဖြစ်လာလိမ့်မယ်လို့ ကျွန်တော် မထင်ခဲ့ဘူး။ တစ်ဖက်လူရဲ့ စာတစ်ကြောင်းကို မျှော်နေရတာ၊ ကိုယ်က ဂရုတစိုက် မေးမြန်းသမျှကို သူက အဖတ်မလုပ်သလို နေတာ၊ ကိုယ့်ရဲ့ စေတနာတွေကို အပိုတွေလို့ သတ်မှတ်ခံရတာတွေက ကြာလာတော့ နှလုံးသားကို ညောင်းညာစေပါတယ်။ အချိန်တိုင်း တစ်ဖက်လူရဲ့ အလိုကျ လိုက်ဖြည့်ဆည်းပေးနေရတဲ့ ဘဝက "သက်တောင့်သက်သာ" မရှိမှန်း ကျွန်တော် သိလာရတယ်။ အခုတော့ ကျွန်တော် ပြောင်းလဲသွားပါပြီ။ လူတွေကတော့ ကျွန်တော့်ကို အရင်လို မဟုတ်တော့ဘူး၊ "အေးစက်သွားတယ်" လို့ ပြောကြတယ်။ "ဟုတ်ပါတယ် ကျွန်တော် အေးစက်သွားတာပါ' ဒါပေမဲ့ အဲဒါဟာ တစ်ဖက်လူကို မုန်းလို့ မဟုတ်ဘူး၊ ကိုယ့်ကိုယ်ကိုယ် ပြန်ချစ်ဖို့ အချိန်ပေးလိုက်တာပါ။ အရင်လို ဖုန်း Notification လေးတက်လာဖို့ မျှော်မနေတော့ဘူး။ သူ ဘာဖြစ်နေလဲ၊ ဘယ်သူနဲ့ ရှိနေမလဲဆိုတဲ့ အတွေးတွေနဲ့ ကိုယ့်ခေါင်းကို အပူမပေးတော့ဘူး။ တစ်ဖက်လူက အကြောင်းမပြန်ရင်လည်း "အင်း... သူ အလုပ်ရှုပ်နေလို့ ဖြစ်မှာပါ" လို့ ရိုးရိုးလေးပဲ တွေးပြီး ကိုယ်လုပ်စရာရှိတာ ဆက်လုပ်လိုက်တယ်။ ဒီလို အေးစက်စက် နေလိုက်ရတာက ပိုပြီး သက်တောင့်သက်သာ ရှိပါတယ်။ သံယောဇဉ်တွေ တနင့်တပိုးနဲ့ တစ်ဖက်လူနောက်ကို အပြေးလိုက်နေရတဲ့ အလုပ်က တကယ်တော့ ပင်ပန်းလွန်းပါတယ်။ အခုလို ဘာမှ မျှော်လင့်မထားတဲ့ "ဥပေက္ခာ" စိတ်လေးနဲ့ နေလိုက်တဲ့အခါမှပဲ ကျွန်တော့်ကမ္ဘာလေးက ပိုပြီး ငြိမ်သက်သွားတော့တယ်။ အေးစက်သွားတယ်ဆိုတာ... နှလုံးသားက သေဆုံးသွားတာမဟုတ်ပါဘူး။ ကိုယ့်ရဲ့ တန်ဖိုးရှိတဲ့ ခံစားချက်တွေကို မထိုက်တန်တဲ့နေရာမှာ မဖြုန်းတီးတော့ဖို့ "Safe Zone" တစ်ခု တည်ဆောက်လိုက်တာပါ။ အခု ကျွန်တော် အေးချမ်းပါတယ်... ဘယ်သူ့အပေါ်မှ အငြိုးအတေးမရှိသလို၊ ဘယ်သူ့ဆီကမှလည်း အထူးတလည် ဂရုစိုက်မှုကို မတောင်းခံတော့ဘူး။ ဒါဟာ ယောက်ျားတစ်ယောက်ရဲ့ ရင့်ကျက်တဲ့ အေးစက်ခြင်းပေါ့.......။ #crd #sad #foryoupage #foryou #စာတို
Tanjiro🖤
Region: TH
Saturday 27 June 2026 01:30:55 GMT
Music
Download
Comments
ȚØXĪČ :
စာသားလေးလိုချင်ပါတယ်ဆရာ
2026-07-15 06:11:19
1
Säm🍻 :
copy လေးပ့ဗျ🥹
2026-07-08 17:29:30
1
(•-•) (•-•)(•-•) :
ပြန်တင်ပါရစေ မူရင်းအတိုင်းပဲ ဒေါင်းပြီး တင်မှာပါနော် pls 🙂🙂🙂🙂
2026-07-11 15:11:51
3
YeHtetAung@@ :
ကျွန်တော်လည်းသံယောဇဉ်တွေထားမိလို့အရမ်းပူလောင်တယ်
2026-07-08 09:53:17
4
Aung Lay Pol :
respect မရှိရင်အထင်မကြီးတော့တာ
2026-07-19 04:25:43
2
𓀛𝙊𝙤 𝙎𝙚𝙞𝙣𝙩 𝙏𝙤 :
ပြန်ဝင်ခွင့်ပြုပါဗျ☺
2026-07-17 16:08:50
2
Thein ခတ္တဖူးခက် :
တင်ခွင့်ပြုပါ🥺
2026-07-12 14:12:57
1
Wxx Wxx :
ကျနော်လည်း ပြောင်းသွားမှဖစ်တော့မယ်ထင်တယ် အရမ်းချစ်တော့ အရမ်းထိခိုက်ခံစားနေတယ်😂😂😂😂😂
2026-07-07 18:39:42
3
✍️ℳℊ_ℋℯ𝒾𝓃_𝓈𝒶𝓇𝓉ℴ📝📚 :
စာသားအလျှူခံပါတယ်ဗျ🥺
2026-07-13 15:52:31
2
🥀Ä wai🫶🇱🇹 :
ဖိနေတာနဲ့စာတွေကလာထိနေတယ်🥺🥺
2026-07-14 16:37:29
1
*พี่ สอง(P*2) :
ပြန်တင်ပြဇေ 🙏🙏
2026-07-15 03:17:25
1
@♥️น่อตินลา🥀 Nawtinhla :
ပြောင်းလဲပါပီး ဟုတ်သားပီး
🥺🥺🥺💪🏻💪🏻💪🏻
2026-06-28 00:46:04
2
kokoAung Aung :
ကျေးဇူးတင်ပါတယ် ကျွန်တော့်ဘဝနဲ့ထပ်တူကျနေတယ်🥺🥺
2026-07-09 05:32:25
2
ᵗ𝐡乇𝒾ŇŤ :
စာသားလေးပြန်တင်ခွင့်ပြုပါရှင့်
2026-07-10 01:08:35
1
Ko Hein :
save ဖြစ်တယ် bro
ကျနော့်ဘဝမှာ
2026-07-14 14:21:34
1
🔥🔥Žâýđèñ🔥🔥 :
စာယူသုံးမယ်နော်အကို❤️❤️🥰
2026-07-14 13:40:01
1
💔𝕊𝕠𝕖💔 :
ပြန်တင်လိုက််ပီ ဗျာ
2026-07-11 16:48:33
1
🙂Myo☺Kyaw😊 :
ဆရာရယ့်ရင့်ကျက်မူတွေကပြင်းထံလွန်းတယ်ဆရာရယ်😁🥰🥺
2026-07-14 06:03:51
1
🤍ရီပေး🤍 :
စာသားလိုချင်လို့ပါရှင့်
2026-07-09 12:30:03
1
နောနောဖိုး :
ဘဝတူတွေပါ🥺🥺🥺
2026-07-18 12:25:40
1
Win Nyunt Htun :
copyလေးယူချင်ပါတယ်
2026-07-19 16:12:36
1
🖤chartur🖤 :
စာသားလေးယူပြီးပြန်တင်မိလို့ crdပေးပါတယ်
2026-07-19 13:28:05
1
●ᶫᵒꪜe ခွန် ခမ်းထက်『ᴮᴼᵞ ❤🇬🇲 :
ပြန်တင်ခွင့်ပြုပါ
2026-07-14 22:37:33
2
𝒴 𝒜 𝑀 :
ပြန်တင်ခွင့်ပြုပါနော်
2026-07-18 17:00:26
1
Ei Kay Khaing :
copy ယူမယ်နော်
2026-06-27 14:57:13
1
To see more videos from user @heinly4560, please go to the Tikwm
homepage.