@burmab.i.a3: မြန်မာနိုင်ငံဟာ ဂျပန်ယန်းငွေ သန်း ၁၆၈၀ တန်ကြေးရှိ အသေးစား ဂြိုလ်တု(Micro-satellite)နှစ်စင်းအား မြန်မာနိုင်ငံ လေကြောင်းနှင့်အာကာသပညာ တက္ကသိုလ် (MAEU) နှင့် ဂျပန်နိုင်ငံ ဟော့ကိုင်းဒိုးတက္ကသိုလ်/တိုဟိုကုတက္ကသိုလ် တို့နှင့်ပူးပေါင်းတည်ဆောက်ရန် ၅ နှစ်သက်တမ်းရှိစီမံကိန်းတစ်ရပ်အား ၂၀၁၉ ခုနှစ် စက်တင်ဘာလ ၁ ရက်နေ့မှာ တရားဝင်စတင်ပူးပေါင်းလုပ်ဆောင်ခဲ့ကြပါတယ်။ထိုစီမံကိန်းထဲမှာတော့ ၅၀ ကီလိုဂရမ်အလေးချိန်ရှိ MMSAT-1နှင့်MMSAT-2 (မြန်မာအမည် /လောကနတ်-၁နှင့်၂)အမည်ရ အသေးစားဂြိုလ်တုနှစ်လုံးအား ပူးပေါင်းတည်ဆောက်ရန်/မြေပြင်အသေးစားဂြိုလ်တုထိမ်းချုပ်ရေးစခန်းတည်ဆောက်ပေးရန်/​အသေးစားဂြိုလ်တု(Micro-Satellite)တည်ဆောက်နိုင်မဲ့ ဂြိုလ်တုလက်တွေ့တည်ဆောက်စမ်းသပ်ခန်းတို့အားမြန်မာနိုင်ငံအတွက်တည်ဆောက်ပေးရန်/နည်းပညာလွှဲပြောင်းပေးမှုအနေဖြင့်သင်တန်းသား(၁၄)ဦးအားလေ့ကျင့်ပေးရန်နှင့်လုပ်ငန်းခွင်လက်တွေ့ပညာရှင် ဆရာ/ဆရာမ (၇)ဦးတို့အား လေ့ကျင့်ပေးရန်တို့ပါဝင်ပါတယ်။စီမံကိန်းပထမခြေလှမ်းအနေဖြင့် မြန်မာနိုင်ငံ၏ပထမဆုံး ကိုယ်ပိုင်ဂြိုလ်တုဖြစ်လာမဲ့ လောကနတ် - ၁ (MMSAT-1)ကို ၂၀၁၉ ခုနှစ် စက်တင်ဘာလ ၁ ရက်နေ့တွင် စတင်ပူး​ပေါင်း တည်ဆောက်ခဲ့ကြပြီး တစ်နှစ်ခွဲအကြာ(၂၀၂၀ ခုနှစ် အောက်တိုဘာလ)တွင် ရာနှုန်းပြည့်အပြီးသတ်တည်ဆောက်နိုင်ခဲ့ကာ ၂၀၂၁ ခုနှစ် မတ်လ ၂၃ ရက်နေ့တွင်ကမ္ဘာ့အာကာသစခန်း (ISS) မှတစ်ဆင့် ကမ္ဘာပတ်လမ်းကြောင်းထဲသို့အောင်မြင်စွာလွှတ်တင်နိုင်ခဲ့ပါတယ်။ထို့နောက်ပိုင်းမြန်မာနိုင်ငံ၏နိုင်ငံရေးအခြေအနေဖြစ်ပေါ်လာမှု များကြောင့် လောကနတ်-၂ (MMSAT-2)တည်ဆောက်ရေးကိုမူဖျက်သိမ်းခဲ့ရကြောင်းသိရှိရပါတယ်။သို့သော်လည်း သင်တန်းသားများ လေ့ကျင့်ရေး / မြေပြင်ဂြိုလ်တုထိမ်းချုပ်ရေးစခန်းနှင့်ဂြိုလ်တုလက်​တွေ့စမ်းသပ်တည်ဆောက်ရေးစခန်းတို့ကိုမူ ၂၀၂၀ ခုနှစ် ဒီဇင်ဘာလထဲကစီမံကိန်းအပြီးသတ်ခဲ့ကာ မြန်မာနိုင်ငံမှ လက်ခံရရှိခဲ့ပြီးဖြစ်ပါတယ်။နှောင်းပိုင်းနိုင်ငံရေးအခြေအနေဖြစ်ပေါ်မှုများကြောင့် မြန်မာတို့၏ ကိုယ်ပိုင်ဂြိုလ်တုတည်​ဆောက်နိုင်ရေးအိမ်မက်ဟာ အလှမ်းဝေးကွာခဲ့ရပြီး ၂၀၂၅ ခုနှစ် သြဂုတ်လအတွင်းက သမ္မတကြီးရဲ့ တရုတ်နိုင်ငံထိပ်သီးအစည်းအဝေး ခရီးစဥ်အတွင်းမှာ လက်ရှိနိုင်ငံရေး တိုးတက်လာမှုအခြေအနေများနှင့်အတူ ​ကိုယ်ပိုင်ဂြိုလ်တု တည်ဆောက်နိုင်ရေး အိမ်မက်ဟာလည်း ပြန်လည်အသက်ဝင်လာခဲ့ပါတယ်။အခုရက်ပိုင်း သမ္မတကြီးရဲ့တရုတ်နိုင်ငံ ပူပူနွေးနွေးခရီးစဥ်မှာလဲပေကျင်း အာကာသမြို့တော် (Beijing Aerospace City) ကိုဝင်ရောက်လေ့လာခဲ့သလို သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဒေါက်တာခိုင်ခိုင်စိုးမှလည်း များမကြာမှီ တရုတ်နိုင်ငံနှင့်မြန်မာနိုင်ငံတို့ ပူးပေါင်းကာ ဂြိုလ်တုတစ်လုံးလွှတ်တင်မဲ့အကြောင်းကို အခုလ ဇွန်လ ၂၀ ရက်နေ့က တရာဝင်းထုတ်ဖော်ပြောကြားခဲ့​ပြီးဖြစ်ပါတယ်။ သို့ဆိုလျှင် အသေးစားဂြိုလ်တုလက်တွေ့တည်​ဆောက်ရေးစမ်းသပ်ခန်းရှိတဲ့မြန်မာနိုင်ငံဟာ အကြောင်းကြောင်း ကြောင့် တိမ်မြုပ်ခဲ့ရသည့် မြန်မာတို့၏ ​ကိုယ်ပိုင်ဂြိုလ်တုတည်ဆောက်ရေး စီမံကိန်းကို တရုတ် ပေါက်ဖော်ကြီးတို့ရဲ့အကူအညီဖြင့် ပြန်လည်အသက်သွင်းရင်း များမကြာမှီနှစ်များအတွင်း မြန်မာလုပ်ဂြိုလ်တုငယ်များ မြန်မာ့ကောင်းကင်ယံတွင် မြင်တွေ့လာရဖွယ်ရှိကြောင်း ဂုဏ်ယူစွာဖော်ပြလိုက်ပါတယ်ခင်ဗျား...(ဤဆောင်းနှင့်ပက်သက်၍တစ်စုံတစ်ရာမှားယွင်းရှိခဲ့ပါကကျွန်တော် BURMA(B.I.A)၏အားနည်းချက်သာဖြစ်ပါတယ်ခင်ဗျား)လေးစားစွာဖြင့်@BURMA(B.I.A)

BURMA(B.I.A)
BURMA(B.I.A)
Open In TikTok:
Region: TH
Saturday 27 June 2026 13:20:09 GMT
37613
3448
40
72

Music

Download

Comments

togerze22
ANV :
တို့အဘခေတ်မှာ အရမ်းတိုးတက်နေပြီ🥰🥰🥰🥰🥰🥰
2026-06-27 13:22:23
17
hee.hee9609
Hee Hee :
အရပ်သားတစ်ယောက်ပါ သတင်းကောင်းပါ
2026-06-27 16:14:01
8
yeyint65292
Ye Yint :
Good New ❤️
2026-06-29 02:58:14
0
.ye.ye673
🧊 အေးမြတ်ချယ်🧊အရက်သမား :
အ့ရရင် wifi free ရမာလား 🥰
2026-06-27 15:29:30
1
mdwarakan1
🌾ရွှေမြန်မာARAKAN💚 :
😁
2026-06-28 03:36:21
1
zin.gyi0047
Zin Gyi :
2026-06-28 08:46:39
1
koko.moung22
koko moung :
ကောင်းတာပေါ့ဗျာ
2026-06-28 09:23:08
1
g8941604
Kyaw Shine :
ဝမ်းသာ
2026-06-28 03:05:35
1
dama.aunglanpyu.a
Dama Aunglanpyu AGSY :
🥰
2026-06-27 14:52:39
1
zin.gyi0047
Zin Gyi :
2026-06-28 08:46:32
1
googirl778
gooboy :
အကြွင်းမဲ့ယုံတယ်..တောင်စဉ်ရေမရဒီမိုcrazyထက်တော့သာတယ်
2026-06-27 15:15:32
7
user7675187530443
CHANNYEIN :
အရင်တုန်းက ISSကနေ ကမ္ဘာ့ပတ်လမ်းထဲ လွှတ်တင်ခဲ့တဲ့ မြန်မာဂြိုဟ်တု လောကနတ်က သက်တမ်းကုန်သွားတာလား အဲ့သတင်း အစပျောက်သွားလို့
2026-06-27 17:34:00
2
aungkhaingmin85
☠ Akm ☠ :
စီးပွားရေးတိုးတတ်အောင်လုပ်စေချင်တယ်
2026-06-27 16:48:41
2
nyi.nyi.nyi.nyi218
Nyi Nyi Nyi Nyi :
အားပေးတယ် နိုင်ငံအတွက်အမှန်တစ်ကယ်လိုအပ်တယ်
2026-06-28 03:12:09
2
user114886322
BoBo :
အဘ ဂုဏ်ယူလေးစားပါတယ်
2026-06-28 06:22:30
1
mgtun.mgmg4
Mgtun Mgmg :
👍
2026-06-28 09:18:29
1
ko.mg.mg.soe2
Ko Mg Mg Soe :
🥰🥰🥰
2026-06-28 11:52:41
1
hninyulwin5189
hninyulwin :
🥰🙏🥰🙏🥰🙏🥰
2026-06-27 16:54:35
1
aung.myint005
Aung Myint :
🥰🥰🥰
2026-06-28 02:37:20
1
user493776882
Nay Lin :
🥰🥰🥰
2026-06-27 17:10:37
1
aung.paing2100
Aung Paing :
🥰🥰🥰
2026-06-27 17:15:31
1
kk009241k7i
NGy Myanmar :
👍👍👍
2026-06-27 15:45:45
1
thu.ya.lin320
Thu Ya ( ၉/ပမန) :
👍👍👍
2026-06-27 13:28:32
1
To see more videos from user @burmab.i.a3, please go to the Tikwm homepage.

Other Videos


About