@min.thant.wayne7: ဝိညာဉ်တစ်ခုရဲ့ ရှာဖွေပုံပြင် (သို့မဟုတ်) ပန်းတိုင်တွေကြားမှာ ပျောက်ဆုံးနေတဲ့ ကျွန်ုပ်တို့၏ နေ့ရက်များ ၂၀၂၀ ခုနှစ်၊ ကမ္ဘာကြီးတစ်ခုလုံး COVID ကပ်ရောဂါကြောင့် ရုတ်တရက် အမှောင်ကျပြီး တိတ်ဆိတ်သွားချိန်မှာ Pixar ဟာ ကျွန်တော်တို့ဆီကို ရုပ်ရှင်တစ်ကား ပါးလိုက်ပါတယ်။ အဲ့ဒီကားကတော့ အန်နီမေးရှင်းနဲ့ လာတဲ့ "Soul" ပါပဲ။ ရုပ်ရှင်အမည်အတိုင်းပဲ ဒီကားဟာ လူသားတိုင်းရဲ့ ရင်ဘတ်ထဲက 'ဝိညာဉ်' ကို တည့်တည့်ကြီး လာပုတ်နှိုးခဲ့ပြီး "ငါတို့ ဘာအတွက် ရှင်သန်နေကြတာလဲ" ဆိုတဲ့ မေးခွန်းဟောင်းကြီးကို ခပ်ဆန်းဆန်းလေး ပြန်မေးသွားခဲ့ပါတယ်။ ဇာတ်ကောင် Main Character Joe Gardner ဟာ အထက်တန်းကျောင်းက ဂီတအချိန်ပိုင်းဆရာတစ်ယောက် ဖြစ်ပြီး သူ့ဘဝရဲ့ တစ်ခုတည်းသော ရည်မှန်းချက်၊ တစ်နည်းအားဖြင့် ကမ္ဘာမြေပေါ် ရောက်လာရတဲ့ အကြောင်းအရင်းက "Jazz ဂီတပညာရှင်ကြီး ဖြစ်ဖို့" လို့ အခိုင်အမာ ယုံကြည်ထားသူပါ။ ကျွန်တော်တို့ လူ့အဖွဲ့အစည်းကလည်း ဒါကိုပဲ သင်ပေးခဲ့ကြတာ မဟုတ်လား။ "မင်းမှာ ရည်မှန်းချက်ကြီးကြီးမားမား ရှိရမယ်၊ အဲ့ဒါကို မရရအောင် အမိဖမ်းရမယ်" ဆိုပြီးတော့ပေါ့။ ဒါပေမဲ့ ရုပ်ရှင်က "The Great Before" တစ်နည်းအားဖြင့်ဝိညာဉ်တွေ ကမ္ဘာမြေမလာခင် ပြင်ဆင်ရာနေရာလို့ယူစရမယ် ဒါကို ပြသရင်းနဲ့ အဲ့ဒီအယူအဆကို ပြောင်းပြန်လှန်ပစ်လိုက်ပါတယ်။ ဝိညာဉ်တစ်ခု ကမ္ဘာမြေကို သွားဖို့ လိုအပ်တဲ့ နောက်ဆုံးသော့ချက် "Spark" ဆိုတာ သေချာပေါက် အောင်မြင်ရမယ့် 'ဘဝရည်မှန်းချက်ကြီး (Purpose)' မဟုတ်ဘဲ၊ ရှင်သန်ရခြင်းကို မြတ်နိုးစေမယ့် 'စိတ်အားထက်သန်မှုအစက်အပြောက်လေး' မျှသာ ဖြစ်တယ်ဆိုတာ Counselor Jerry ရဲ့ ပါးစပ်ကနေတစ်ဆင့် ပြောပြသွားခဲ့ပါတယ်။ "Soul" ထဲက အထိမိဆုံး ဇာတ်ဝင်ခန်းကို ပြောပါဆိုရင် ဂျိုးတစ်ယောက် သူ ဖြစ်ချင်လွန်းလှတဲ့ Jazz အဖွဲ့ကြီးထဲ ပါဝင်ခွင့်ရပြီး ပထမဆုံး ဖျော်ဖြေပွဲအပြီး လမ်းမပေါ်ရပ်နေတဲ့ အခန်းပါပဲ။ မျှော်လင့်ထားသလို ထူးထူးခြားခြားကြီး ပြောင်းလဲမသွားဘဲ ဟာတာတာကြီး ဖြစ်နေတဲ့ ဂျိုးကို ဂီတအဖွဲ့ခေါင်းဆောင် Dorothea က ငါးကလေးတစ်ကောင်ရဲ့ ပုံပြင်ကို ပြောပြပါတယ်။ သမုဒ္ဒရာကြီးကို အသည်းအသန် လိုက်ရှာနေတဲ့ ငါးကလေးတစ်ကောင်ဟာ ငါးကြီးတစ်ကောင်ကို လမ်းမေးမိတယ်။ အဲ့ဒီအခါ ငါးကြီးက "မင်းအခု ရောက်နေတာ သမုဒ္ဒရာပဲလေ" လို့ ပြောတော့၊ ငါးကလေးက "ဒါက ရေတွေပဲဥစ္စာ၊ ကျွန်တော် လိုချင်တာ သမုဒ္ဒရာကြီး" လို့ ငြင်းခုံခဲ့သတဲ့။ ဒီပုံပြင်လေးဟာ ကျွန်တော်တို့ လူသားတွေကို ပြောင်လှောင်နေသလိုပါပဲ။ ကျွန်တော်တို့ဟာ ဘွဲ့တစ်ခုရဖို့၊ ရာထူးတစ်ခုရဖို့၊ အောင်မြင်မှုတစ်ခု ရရှိဖို့အတွက် လက်ရှိဖြတ်သန်းနေရတဲ့ 'နေ့ရက်များ' ဆိုတဲ့ ရေပြင်ကြီးကို တန်ဖိုးမထားမိဘဲ ဝေးဝေးလံလံက 'သမုဒ္ဒရာ' ဆိုတဲ့ အောင်မြင်မှုအစုအဝေးကြီးကိုပဲ အပူတပြင်း လိုက်ရှာနေတတ်ကြပါတယ်။ တကယ်တော့ အဲ့ဒီအောင်မြင်မှု ပန်းတိုင်ကို ရောက်သွားတဲ့အခါမှာလည်း မျှော်လင့်သလောက် ထူးမခြားနားဘဲ နောက်ထပ် ရေပြင်အသစ်တစ်ခုကိုပဲ ထပ်တွေ့ရတာမျိုးပါ။ အဲ့ထဲက Character ၂၂ (Twenty-Two) ကနေတစ်ဆင့် ရုပ်ရှင်က ပြသသွားတဲ့ "Lost Souls" အယူအဆကလည် ကျွန်တော် တို့ အခု ခေတ်လူငယ်တွေရဲ့ပုံရိပ်စစ်ပါပဲ ။ ဘဝမှာ တစ်ခုခုကို အရမ်းစွဲလန်းလွန်းလို့ ဖြစ်စေ၊ ဘေးပတ်ဝန်းကျင်ရဲ့ ဝေဖန်အပြစ်တင်မှုတွေကြောင့် ဖြစ်စေ လူတွေဟာ စိုးရိမ်စိတ်နဲ့ စိတ်ဒဏ်ရာတွေအောက်မှာ နစ်မြုပ်ပြီး လက်ရှိအခြေအနေနဲ့ ပြတ်တောက်သွားတတ်ကြပါတယ်။ Social ပေါ်က တခြားလူတွေရဲ့ ဘဝတွေနဲ့လိုက်နှိုင်းယှဉ်ပြီး "အောင်မြင်မှ ဖြစ်မယ်" ဆိုတဲ့ စိတ်က အရူးအမူးဖြစ်လာတဲ့အခါ၊ ဒါမှမဟုတ် "ကိုယ့်ကိုကိုယ် Perfectမဖြစ်ဘူးလို့" လို့ ကိုယ့်ကိုယ်ကိုယ် သတ်မှတ်လိုက်တဲ့အခါမှာ ဝိညာဉ်တွေဟာ မှောင်မိုက်တဲ့ ခန္ဓာကိုယ်ကြီးတွေအဖြစ် ပြောင်းလဲပြီး ကန္တာရထဲမှာ လမ်းပျောက်ကုန်ကြပါတယ်။ ဒါဟာ အောင်မြင်မှုနောက်ကိုပဲ မျက်စိမှိတ်လိုက်ရင် ကျရှုံးတဲ့အခါ Depression ဝင်နေကြတဲ့ လူငယ်တွေလိုပါပဲ။ "Soul" က ကျွန်တော်တို့ကို အိပ်မက်တွေ မမက်ပါနဲ့တော့လို့ ပြောနေတာ မဟုတ်ပါဘူး။ အိပ်မက်တွေ၊ ရည်မှန်းချက်တွေရဲ့ နောက်ကွယ်မှာ မျက်ကွယ်ပြုထားမိတဲ့ နေ့စဉ်ဘဝရဲ့ "သာမန်အချိန်လေးတွေ" ကို ပြန်လည် သတိပြုမိဖို့ လက်တို့လိုက်တာ ဖြစ်ပါတယ်။ -wayne ent #movieedit #soul #myanmarsong #myanmarlyrics #squarelakepirates
Min Thant Kyaw
Region: MM
Saturday 27 June 2026 15:05:15 GMT
Music
Download
Comments
Shynn_22 :
Peak
2026-07-03 12:50:24
1
Robin chwan :
အိုင်ဒုတ်လန်း
2026-06-29 12:29:11
1
Waddy :
ဆရာသမား
2026-06-27 15:10:30
1
jelnissante :
စာရှည်တယ် ဖတ်ရတာပျင်းလို့ vm ပို့လိုက်
2026-06-27 15:20:35
1
Bhone Myint Myat :
peak
2026-06-29 01:01:16
1
Evander. :
so peak
2026-06-28 02:09:28
1
Unknown :
ဒိပုံနဲ့ အဲ့movieနဲ့ကိုက်ညီတယ်
2026-06-28 06:59:25
1
Min Thant Kyaw :
YouTube ပါ
https://youtu.be/bUBgH8jo-FY?si=Xf2Q62OcMDyt7jQ1
2026-06-28 00:10:57
0
To see more videos from user @min.thant.wayne7, please go to the Tikwm
homepage.