@jinsan850mmm3: အမှတ်အများဆုံး ၅၆၂မှတ်ရ ---------------------------------- ၂၀၂၆ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းတွေကို ဇွန်လ၂၈ရက် မနက်အစောပိုင်းက ကြေညာခဲ့ပြီး မြန်မာတစ်နိုင်ငံလုံး အမှတ်အများဆုံးအဖြစ် မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ CAE ကိုယ်ပိုင်ကျောင်းကနေ ဝင်ရောက်ဖြေဆိုတဲ့ မသီရိစိုးက ရမှတ်ပေါင်း၅၆၂မှတ်နဲ့ မြန်မာတစ်နိုင်ငံလုံး အမှတ်အများဆုံး အဆင့်၁ ကိုရရှိသွားတယ်လို့ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနက ကြေညာပါတယ်။ ဒုတိယအမှတ်အများဆုံးကတော့ မကွေးမြို့ Dဝေလျှံ ကိုယ်ပိုင်ကျောင်းကနေ ဝင်ရောက်ဖြေဆိုတဲ့ မအေးချမ်းမြေ့က အမှတ်ပေါင်း ၅၅၆မှတ်နဲ့ အဆင့်၂ ရရှိတာဖြစ်ပါတယ်။ ဝိပ္ပံဘာသာတွဲ အမှတ်အများဆုံးရရှိသူစာရင်းမှာ အ.ထ.က(၁၄) လှိုင်သာယာ(အရှေ့ပိုင်း)ကနေ ဝင်ရောက်ဖြေဆိုတဲ့ မနီနီကျော်က ရမှတ်ပေါင်း ၅၃၀နဲ့ အဆင့်၁ ရရှိသွားပြီး ဝိဇ္ဇာဘာသာတွဲ အမှတ်အများဆုံးရရှိသူစာရင်းမှာတော့ အ.ထ.က ကျောက်တံခါးကနေ ဝင်ရောက်ဖြေဆိုတဲ့ မစုမြတ်အောင်က ရမှတ်ပေါင်း ၄၉၈မှတ်နဲ့ အဆင့်၁ ရရှိသွားပါတယ်။ ၂၀၂၆ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းတွေကို ဇွန်လ၂၈ရက် မနက်အစောပိုင်းမှာ ထုတ်ပြန်ကြေညာလိုက်ပြီး တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အောင်ချက်ရာခိုင်နှုန်း ၅၂ဒသမ၃၇ရာခိုင်နှုန်းရှိတယ်လို့ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနက ကြေညာထားပါတယ်။
Jin San850M
Region: MM
Sunday 28 June 2026 06:43:46 GMT
Music
Download
Comments
Yoon 😜 :
မဟုတ်ပါဘူး 577မှတ်ကနှစ်ယောက်ရှိသေးတယ်လေမှားနေပြီနော်😅
2026-06-28 07:43:40
428
🖤 :
၂၀၁၆....၂၀၂၆....၅၆၂...
စံချိန်တစ်ပတ်လည်သွားပြီ🥰🥰🥰
2026-06-28 08:33:52
47
တိမ်တွေပေါ်မှာလွင့်နေဗိန်မာန် :
very good
2026-06-28 09:36:09
0
Boaz :
၆ဘာသာထွက်တော့ ဆရာဝန်ကျောင်းအမှတ်မှီ ပြီလား
2026-06-28 09:26:21
19
Daw Sander :
အမှတ်စာရင်းထွက်ပိလား
2026-06-28 07:42:33
69
KhinThandar Lwin KTL :
အမှတ်စရင်းကတခါထဲထွက်တာလားမဟုတ်တာ
2026-06-28 08:19:55
14
Ko Aung :
Share
2026-06-28 09:21:17
0
rey_rey300 :
ငါတ်ို့ကျောင်းCAEကဘဲ ဂျူနီယာလေးcongratulations ✨
2026-06-28 08:40:39
11
ပန်းကလေးများရဲ့ဥယာဥ်မှူး :
အမှတ်စာရင်းကတခါထဲပါလာသာလားမသိလို့ပါစနစ်ဟောင်းဘဲသိတာ...စနစ်သစ်တက်တဲ့သားသမီးမရှိလို့မသိသာပါ
2026-06-28 09:06:14
5
K👑 :
တော်လိုက်တာ သမီးရယ် congratulations ပါနော် 🎉
2026-06-28 08:42:47
9
light🌷🌷 :
တော်လိုက်တာ ညီမလေးရေ
2026-06-28 08:55:53
2
Khing Robert :
မိဘများနဲ့ထပ်တူဝမ်းသာပါတယ်သမိးလေးရယ်🥰🥰🥰🥰🥰🥰
2026-06-28 07:29:54
15
ဟိတကာရီသင်္ကန်းဆိုင် :
congratulations
2026-06-28 09:32:38
0
Nilartun :
တော်လိုက်တာသမီး🥰🥰🥰🥰🥰🥰
2026-06-28 08:08:26
5
Zaw Tun Aung :
Congratulation ပါတူမလေးမိသားစုနဲ.အတူဝမ်းသာရပါတယ်🥰
2026-06-28 07:46:03
6
Khaing Lay :
Congratulations par ♥️♥️♥️♥️♥️
2026-06-28 09:27:18
0
♒️ Bhone Myat ♒️ 💎👑⭐️ :
So Congratulations 💐💐🫶🩵
2026-06-28 09:11:11
0
War War Moe Myint :
ညီမလေးရည်မှန်းချက်အောင်မြင်ပါစေ
2026-06-28 07:35:46
5
Ko Aung :
Like
2026-06-28 09:21:21
1
moe 🌹 :
အမှတ်စာရင်မရသေးပါဘူး
2026-06-28 08:59:49
0
Htay Htay :
တော်တာသမီးရယ်
2026-06-28 08:49:10
2
琉衣⊹ଓ :
ဘယ်နှမှတ်ဆိုဆေးကျောင်းမှီတာလဲဟင်
2026-06-28 09:44:04
0
TMG :
Congratulation ပါ သမီးချေ
2026-06-28 08:35:55
4
To see more videos from user @jinsan850mmm3, please go to the Tikwm
homepage.