@pankalay298: @𝗘: အမျိုးသမီးတစ်ဦးရဲ့အထာအကျဆုံးပုံစံ ပြောပါဆိုရင်..။ ဘယ်သူ့ကိုမှ အထူးတလည် အားမကျဘူး။ မနာလိုမဖြစ်ဘူး။ အားမကိုးဘူး။ မမှီခိုဘူး။ ကိုယ့်ဘဝရပ်တည်ဖို့အတွက် ပိုက်ဆံရှာနိုင်တယ်။ Independent Woman ဖြစ်တယ်ပေါ့။ စားချင်တာ စားနိုင်ဖို့ လိုချင်တာ ဝယ်နိုင်ဖို့ ပိုက်ဆံအိတ်ထဲ အတော်အသင့်ရှိတယ်။ နေ့တိုင်း ကိုယ်နဲ့လိုက်မယ့် အဝတ်အစားဝတ်ပြီး မျက်နှာကို ကြည့်ကောင်းအောင် ပြင်တယ်။ ရိုးရှင်းပေမဲ့ တစ်မူထူးခြားပြီး လှနေတာမျိုး။ ဘဝကို ဖြစ်သလို မနေဘူး။ လုပ်စရာရှိတာ တာဝန်ကျေအောင် လုပ်တယ်။ ရွေးချယ်လိုက်တဲ့ ဘဝကို အဓိပ္ပာယ်ရှိရှိ ဖြတ်သန်းနေတယ်။ သူများအကြောင်း အများကြီး FOCUS မထားဘူး။ ကိုယ့်အကြောင်း ပိုစိတ်ဝင်စားတယ်။ စိတ်ထားလှအောင် အမြဲကြိုးစားနေထိုင်တယ်။ ကိုယ့်ပေါ်ကောင်းရင် ဆတိုး ပြန်ကောင်းတတ်သူ။ ရှိသင့် ရှိထိုက်တဲ့ မာနလေးတော့ရှိတယ်။ သူများအမြင်မှာ ချေတယ်ထင်ရပေမဲ့ ဒီလို lifestyle က အထာအကျဆုံးပါပဲ။ ဒီလိုအမျိုးသမီးများသည် လေးစားဖို့ကောင်းပြီး နှစ်လိုဖွယ်ကောင်းတယ်။ သဘောကျစရာကောင်းတယ်။ အဲလို အမျိုးသမီးတွေဟာ ကိုယ့်ကိုကိုယ်ချစ်တဲ့ အမျိုးသမီးတွေပါပဲ

Make Up💄Pan Kalay(Jet Jet)
Make Up💄Pan Kalay(Jet Jet)
Open In TikTok:
Region: MM
Sunday 28 June 2026 08:29:02 GMT
875
69
1
3

Music

Download

Comments

somato.00
somato.00 :
💖💖💖
2026-06-28 09:47:15
1
To see more videos from user @pankalay298, please go to the Tikwm homepage.

Other Videos


About