@thawthaw12062000: #လူကိုခင်ရင် ဆံပင်ကိုမကိုင်ပါနဲ့ဆိုတာ ဟာသသက်သက်ပြောနေတဲ့ အရာမဟုတ်ဘူးဆိုတာသိစေချင်ပါတယ် တစ်ချို့ကကျသာမန်စိတ်နဲ့ထိရင် ဘာမှမဖြစ်ပေမယ့် မနာလိုစိတ်နဲ့ထိမိတဲ့အခါအဲ့ဆံပင်က ပုံမှန်မဟုတ်တော့ပဲပျက်စီးတတ်တယ် ဆံပင်ကိုလာကိုင်တဲ့လူမှာလည်း အပူအပင်တွေရှိနေရင် ကိုယ့်ဆံပင်ဆီရောက်သွားတတ်ပြီး ဆံပင်ပျက်စီးတတ်တယ်လို့လဲကြားဖူးတယ် တစ်ချို့လူတွေက ကိုယ့်ဆံပင်ကောင်းနေတာ မကြိုက်တဲ့စိတ်ကြီးနဲ့ နင့်ဆံပင်လေးကဖြောင့်ပြီး အိစင်းနေတာပဲဆိုပြီးကိုင်သွားတတ်ကြတယ် အဲ့ချိန်ပြီးရင်ကိုယ့်ဆံပင်ကမကြာဘူး သူပြောတာနဲ့တစ်ခြားစီ စပြီးပြောင်းလဲသွားတာပဲ လူပြောများတာကကျ evil eye ထိတာလို့ပြောကြတယ် ဘာပဲဖြစ်ဖြစ် ရှေးလူကြီးတွေရဲ့စကားအရ မိန်းမတစ်ယောက်ရဲ့ဘုန်းဆိုတာက ဆံထုံးပဲတဲ့လေ သူများတွေဘာပြောပြော ကျွန်မကတော့ကျွန်မဆံပင်ကို အရင်းနှီးဆုံးနဲ့အချစ်ရဆုံးလူတွေကလွဲရင် လာကိုင်တာမျိုးလုံးဝမကြိုက်ဘူး ကိုယ့်ဆံပင်ကောင်းလို့ မောက်မာတာလဲမဟုတ်ပါဘူး လူတော်တော်များများလိုက်မေးကြည့်ပါ ဆံပင်ထိရင်ကြိုက်လားဆိုပြီး မကြိုက်တဲ့လူတွေက အဲ့လိုတွေဖြစ်ဖူးလို့ပါပဲ ကိုယ်ကလည်းဖြစ်ဖူးတော့ သူများဆံပင်တွေဆိုသူတို့ရဲ့ ခွင့်ပြုချက်မရဘဲသွားမကိုင်ဘူး ကိုယ့်ဆံပင်လည်းအထိမခံဘူး ဆံပင်ဆိုတာက အလှအပတစ်မျိုးလည်းဟုတ်သလို ကျက်သရေရှိတဲ့မိန်းမတစ်ယောက်ရဲ့ ဘုန်းတန်ခိုးလိုမျိုးပဲလေ အဲ့ကြောင့်မလို့ဒီစာဖတ်ပြီးလို့ရှိရင် မိန်းကလေးတစ်ယောက်က သူ့ဆံပင်ကိုဘာလို့မကိုင်စေချင်တာလဲဆိုတာ အနည်းနဲ့အများတော့နားလည်သွားပါလိမ့်မယ် ခွန်း။
Thaw Thaw🍀
Region: MM
Sunday 28 June 2026 11:33:52 GMT
Music
Download
Comments
Thu Zar Aung :
ဆံပင်ကြီးတော်တော်ရှည်ပြီရောမ🥰
2026-06-28 13:14:36
1
Thaw Thaw🍀 :
ဂျပန်မှာ ဆံပင်အသေကျွတ်သော်လည်း ငါ့ဆံပင်ကအဲ့လောက်ကျန်တာကံကောင်း🥲🥲
2026-06-28 11:36:41
0
To see more videos from user @thawthaw12062000, please go to the Tikwm
homepage.