@santarkham3: ပအိုဝ်းအမျိုးသားဘက်စုံဖွံ့ဖြိုးရေးကွင်းတွင် ဖွင့်လှစ်ကျင်းပသည့် သံဃာစွမ်းရည်မြှင့်သင်တန်း ဆင်းပွဲအခမ်းအနားသို့ ရှမ်းပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးခွန်ဝင်းနောင် တက်ရောက် ဇွန်လ ၂၈ ရက်၊ ၂၀၂၆ ခုနှစ် အထူးဒေသ ၆၊ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရားမြို့ရှိ ပအိုဝ်းအမျိုးသားဘက်စုံဖွံ့ဖြိုးရေးကွင်းတွင် ၁၀ ရက်ကြာ ဖွင့်လှစ်သင်ကြားခဲ့သော သံဃာတော်များ စွမ်းရည်မြှင့်သင်တန်း ဆင်းပွဲအခမ်းအနားကို ဇွန်လ ၂၈ ရက် နံနက် ၉ နာရီခွဲတွင် ကျင်းပခဲ့သည်။ အခမ်းအနားကို ဆရာတော်သံဃာတော်များနှင့် တက်ရောက်လာကြသူများက နမောတဿ သုံးကြိမ်ရွတ်ဆို၍ ဖွင့်လှစ်ခဲ့ပြီး၊ သင်တန်းကြီးကြပ်ရေးဆရာတော်များက သြဝါဒစကားများ မြွက်ကြားခဲ့သည်။ ထို့နောက် နောင်တောင်ကျောင်းဆရာတော်က သင်တန်းပြီးမြောက်သည့် သံဃာတော်များအနေဖြင့် မိမိတို့ဒေသတွင် လူမှုအကျိုးပြုလုပ်ငန်းများနှင့် သာသနာပြုလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်ကြရန် တိုက်တွန်းသြဝါဒပေးခဲ့သည်။ ယင်းနောက် စန္တားခမ်းရုမ်း ဥက္ကဋ္ဌ ဒေါက်တာစိုးမိုးကျော်က ကျေးဇူးတင်စကား ပြောကြားခဲ့ပြီး၊ ရှမ်းပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးခွန်ဝင်းနောင်နှင့် စန္တားခမ်းရုမ်း ကော်မတီအဖွဲ့ဝင်များက သင်တန်းပို့ချပေးခဲ့သော ဆရာ၊ ဆရာမများအား ဂုဏ်ပြုမေတ္တာလက်ဆောင်များ ပေးအပ်ခဲ့သည်။ ထို့နောက် ရေစက်ချ အမျှဝေကာ “ဗုဒ္ဓသာသနံ စိရံတိဌတု” သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို နေ့လယ် ၁၁ နာရီတွင် အောင်မြင်စွာ ရုပ်သိမ်းခဲ့သည်။ အဆိုပါ သံဃာစွမ်းရည်မြှင့်သင်တန်း ဆင်းပွဲအခမ်းအနားသို့ ဆရာတော်ကြီးများ၊ သံဃာတော်များ၊ သင်တန်းဆရာ/ဆရာမများ၊ ရှမ်းပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးခွန်ဝင်းနောင်၊ စန္တားခမ်းရုမ်း ကော်မတီဝင်များနှင့် ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။ #စန္တာႏခမ်းနီယိုမီဒီယာ #စန္တာႏခမ်းရွမ်း #fyp #youtube

စန္တာႏခမ်း နီယိုမီဒီယာ
စန္တာႏခမ်း နီယိုမီဒီယာ
Open In TikTok:
Region: MM
Sunday 28 June 2026 11:57:28 GMT
8056
682
8
13

Music

Download

Comments

thi.ha0572
Thi ha :
လွမ်းရပြန်ပြီ😳😳😳
2026-06-28 12:28:00
0
khun.tkll
𝕋𝕂𝕃𝕃(ခွန်လဲင်းလောင်း) :
🥰🥰🥰
2026-06-30 13:03:05
0
lovehero3817
🌹ကဝ်ႏပေႏ🌹 :
🙏🙏🙏
2026-06-29 10:30:50
0
user5179384984926
မွိုးဝင်း :
🙏🙏🙏
2026-06-30 23:58:57
0
To see more videos from user @santarkham3, please go to the Tikwm homepage.

Other Videos


About