@loveandlearn022: ခဏခဏချစ်ပေမယ့်ချစ်တိုင်းကွဲနေတဲ့သူတွေရှိတယ်ဟုတ် ငါ သူ့ကို အရမ်းချစ်တယ် ဒါပေမယ့် တစ်နေ့နေ့ကျရင် သူ ငါ့ကို ထားခဲ့မလား၊ အသည်းကွဲပြီး ကျန်ခဲ့ရမလားဆိုတဲ့ အကြောက်တရားတွေနဲ့ အချစ်ရေးမှာ စိတ်မအေး ဖြစ်နေရပြီလား ❓ တကယ်တော့ အသည်းမကွဲအောင် ချစ်နည်းဆိုတာ သူ့ကို မဖောက်ပြန်ပါနဲ့လို့ လိုက်တောင်းပန်နေရုံ၊ ဒါမှမဟုတ် ကိုယ့်ဘက်ကပဲ အကုန်ပုံအပ်ပြီး လိုက်ဖြည့်ဆည်းပေးနေရုံနဲ့ လုံးဝမရပါဘူး။ အဓိက လျှို့ဝှက်ချက်ကတော့ အချစ်ရေးထဲမှာ ကိုယ့်ရဲ့ တန်ဖိုး ကို ဘယ်တော့မှ အောက်ကျမခံဘဲ မှန်ကန်တဲ့ စံနှုန်းတွေနဲ့ ချစ်တတ်ဖို့ပဲ ဖြစ်ပါတယ်။ ပထမဆုံးအနေနဲ့ သူ့ကို ဘယ်လောက်ပဲ ချစ်ချစ် ကိုယ့်ရဲ့ ကိုယ်ပိုင်အလုပ်၊ ကိုယ့်ရဲ့ ပညာရေး၊ ကိုယ့်ရဲ့ ရည်မှန်းချက်တွေနဲ့ ကိုယ်ပိုင်ကမ္ဘာလေးကို ပစ်မထားပါနဲ့။ သူ့ဘဝကြီးထဲမှာပဲ ကိုယ့်ကိုယ်ကိုယ် နစ်ထားလိုက်ရင် သူ စိတ်ပြောင်းသွားတဲ့အခါ ကိုယ့်မှာ ဘာမှမကျန်ဘဲ အကြီးအကျယ် အသည်းကွဲရတတ်ပါတယ်။ သင်က သင့်ဘဝနဲ့သင် စမတ်ကျကျ တောက်ပနေမယ်၊ ကိုယ့်ကိုယ်ကိုယ် အပြည့်အဝ တန်ဖိုးထားပြီး ချစ်တတ်မယ်ဆိုရင် တစ်ဖက်လူဟာ သင့်ကို ဆုံးရှုံးရမှာကိုပဲ အမြဲ စိုးရိမ်နေရမှာပါ။ ဒါ့အပြင် သူ့ရဲ့ စိတ်ခံစားချက် အတက်အကျကို Roller Coaster စီးသလို သေသေချာချာ အကဲခတ်တတ်ပြီး အလိုက်သိပေးတတ်ဖို့ လိုအပ်သလို တစ်ဖက်မှာလည်း ကိုယ့်ရဲ့ ပြတ်သားတဲ့ စည်းတစ်ခု ကို ခိုင်ခိုင်မာမာ ထားရပါမယ်။ အားလုံးထက် ပိုပြီး အရေးကြီးတဲ့ အမှန်တရားကတော့အချစ်တစ်ခုတည်းနဲ့ မပြည့်စုံဘူးဆိုတာကို သဘောပေါက်ပြီး အစကတည်းက အနာဂတ်အတွက်ပါ Plan ရှိတဲ့သူ၊ စကားတည်တဲ့သူမျိုးကို ရွေးချယ်တတ်ဖို့ပါပဲ။ အကယ်၍ ကိုယ့်ဘက်က စမတ်ကျကျနဲ့ လိုလေသေးမရှိ အလိုက်သိပေးထားရက်နဲ့မှ မထိုက်တန်တဲ့ လုပ်ရပ်မျိုး ဖောက်ပြန်တာမျိုးလုပ်လာခဲ့ရင်လည်း နှလုံးသားတစ်ခုတည်းနဲ့ ဆွဲမထားဘဲ ကျောခိုင်းထွက်ခွာနိုင်တဲ့ သတ္တိ ရှိနေရပါမယ်။ ကိုယ့်ကိုယ်ကိုယ် အရင်ဆုံး အပြည့်အဝ တန်ဖိုးထားပြီး ကာကွယ်တတ်တဲ့ High Value မိန်းကလေးတစ်ယောက်ရဲ့ နှလုံးသားကိုတော့ ဘယ်သူမှ လွယ်လွယ်နဲ့ အသည်းခွဲသွားလို့ မရနိုင်ပါဘူးနော်။ အချစ်ရေးရဲ့ပြဿနာတွေကို အစ်မနဲ့လာတိုင်ပင်လို့ရတယ်။Move on မရတာ၊crushနဲ့အဆင်မပြေတာ၊ရည်းစားနဲ့အဆင်ပြေတာ၊ Situationship ပြသနာတွေနဲ့အတူ Move on မရတာ၊အသည်းကွဲတဲ့ ပြဿနာတွေက အစ Living Together case, အိမ်ထောင်ရေး Case တွေအထိကို Relationship Coach ဖြစ်တဲ့ အစ်မဆီမှာ မြန်မာ ငွေ (6000)ကျပ်ထဲနဲ့လာဆွေးနွေးလို့ရပါတယ်နော် ✅Privancy 100% အာမခံပြီး ယောင်္ကျားလေးရော၊မိန်းကလေးရော Normal Couple ရော LGBT Couple ရော Friend Zone သမားတွေရော အားလုံးလာဆွေးနွေးလို့ရတယ်နော်🩷 Telegram: @loveandlearn22 #creatorsearchinsights #relationships #couples #Love #relationshipcoaching
Love and Learn
Region: MM
Sunday 28 June 2026 13:23:36 GMT
Music
Download
Comments
There are no more comments for this video.
To see more videos from user @loveandlearn022, please go to the Tikwm
homepage.