@ubt_bky01: ကိုယ်လူတစ်ယောက်ကို ဘယ်တော့မှထိန်းချုပ်မှာမဟုတ်ဘူး။ ဖေဖေကအမြဲပြောတယ်။ "ကြွေကျတဲ့ အသီးဟာ အချိုဆုံးပဲ "တဲ့။ အဲ့ဒီ့လိုပဲ ကိုယ်လည်း သူစိမ်းတယောက်ဆီက ဘယ်အရာကိုမှ အတင်းရယူဖို့ ကြိုးစားမှာ မဟုတ်ဘူး။ ချစ်ခြင်းတွေ ဖြစ်စေ၊ မုန်းခြင်းတွေ ဖြစ်စေ အဲဒီ့လူပေးတဲ့ အတိုင်းပဲ ကိုယ်လက်ခံမယ်၊ကိုယ် တုံ့ပြန်မယ်။ နောက်ပြီး လူတစ်ယောက်ရဲ့ နေထိုင်မှုဘဝပုံစံတခုကိုလဲ ဘောင်ခတ်မှာ မဟုတ်ဘူး။ စိတ်သာရှိရင် ဘာမဆိုဖြစ်နိုင်တယ်မဟုတ်လား။ ဆင်ခြေတွေဟာလဲ သူ့စိတ်ပဲ၊ ရလဒ်တွေဟာလဲ သူ့စိတ်ပဲ။ ကိုယ့်အတွက်နဲ့ ကောင်းတဲ့ဘက်ကို တိမ်းမလား၊ ဆိုးတဲ့ဘက်ကို ယိမ်းမလားဆိုတာ အဲဒီ့လူအပေါ်ပဲ မူတည်တယ်။ ပြောမှသိမှာပေါ့ ဆိုတဲ့စကားက အရာရာမှာ အသုံးမဝင်ဘူး။ တချို့အရာတွေက နှလုံးသားနဲ့ ခံစားရုံနဲ့သိရ၊ မြင်ရ၊ နောက်ပြီး ပြုပြင်လို့ရတယ်။ အလိုက်သိတတ်တဲ့ လူတယောက်သာအနားမှာရှိရင် ငါတို့ ဆက်ဆံရေးတိုင်းဟာ ထင်သလောက် ဆိုးရွားကြမှာမဟုတ်သလို ၊ ဘယ်သူ့ ဘဝအစိတ်အပိုင်းမှာမှ ငါတို့ လူဆိုးဖြစ်မှာ မဟုတ်ဘူး။ အလိုက်တသိပေးတာကို ပဲယူမယ်၊ မတောင်းဆိုဘူး၊မတိုက်တွန်းဘူး။ ထိုက်တန်တဲ့သူဆီမှာနေမယ်၊ တန်ဖိုးရှိတဲ့ လူတယောက် လက်ထဲမှာ ငယ်ရွယ်ချိန်တွေကို ကျေကျေနပ်နပ်ကုန်ဆုံးမယ်။ လူတစ်ယောက်ကိုတော့ အမုန်းခံပြီး မပြုပြင်ဘူး။ အချစ်ခံရဖို့ အတွက်နဲ့ ထပ်ပြီး အမုန်းမခံတော့ဘူး။ -crd #oishi #ubt_bky01 #fyp#foryou #foryoupage @TikTok
Oishi
Region: MM
Sunday 28 June 2026 13:59:03 GMT
Music
Download
Comments
✝☪🐝ℭ𝔞𝔱𝔥𝔢𝔯𝔦𝔫𝔢𝔰𝔥𝔞🦋 :
ပြန်တင်မယ်နော🤗
2026-06-30 05:01:33
1
zin ko :
copy လေးပေးပါလား
2026-06-28 16:28:26
1
Ko Htet(Fatty🐷) :
ပြန်လည်မျှဝေခွင့်ပြုပါ♥️
2026-06-30 03:34:17
0
🇲🇲A.p.p🇲🇾အပိုင်း :
ပြန်တင်မယ်နော်
2026-06-30 05:22:26
1
To see more videos from user @ubt_bky01, please go to the Tikwm
homepage.