@burmese.cartoon.archive: ​ဗိုလ်အောင်ဒင်၏ ဇာတိချက်ကြွေ မွေးရပ်မြေ ပေါက်ခေါင်းမြို့နယ်အတွင်းရှိ "မိုးမညိုမြောက်ကျေးရွာ" နှင့် နယ်နိမိတ်ချင်း ထိစပ်နေသော "ချောင်းဇောက်ရွာ" သည် သမိုင်းတစ်ခေတ်တွင် ထင်ရှားခဲ့သော လူဆိုးကြီး ဗိုလ်အောင်ဒင်၏ ဇာတိချက်ကြွေ မွေးရပ်မြေ ဟု ဒေသခံများက လက်ခံထားကြသည်။ ထို့ကြောင့် ပေါက်ခေါင်းမြို့သို့ သွားရာလမ်းဘေး ပဲခူးရိုးမတောင်ခြေ အနီးအနားတွင်ရှိသော ဤသဘာဝကျောက်လှိုဏ်ဂူငယ်ကို လူဆိုးကြီး ဗိုလ်အောင်ဒင် ဓားပြတိုက်ရာတွင် ပုန်းအောင်းခဲ့သောနေရာ သို့မဟုတ် ၎င်းအခြေပြုခဲ့သောနေရာအဖြစ် အမှတ်တရ တင်စားကာ "ဗိုလ်အောင်ဒင်ဂူ" ဟု ခေါ်ဝေါ်လာကြခြင်းဖြစ်ပါတယ်။ ဗိုလ်အောင်ဒင် ဇတ်ကားသည် မြန်မာ့ရုပ်ရှင်သမိုင်းတွင် အောင်မြင်ကျော်ကြားခဲ့သော အဖြူအမည်း ဒရမ်မာ ရုပ်ရှင်ဇာတ်ကားကြီး နှင့် ယင်းဇာတ်ကားထဲမှ နာမည်ကြီး လူဆိုး/ဓားပြ ခေါင်းဆောင် ဇာတ်ကောင်အမည် ဖြစ်သည်။ ဤဇာတ်ကားကို ဒါရိုက်တာ ဦးရွှေဒုံးဘီအောင် က ရိုက်ကူးပြီး၊ ဗိုလ်အောင်ဒင် နေရာတွင် မင်းသားကြီး ခင်မောင်ရင် က ပါဝင်သရုပ်ဆောင်ခဲ့ကာ ၁၉၄၁ ခုနှစ်တွင် ရုံတင်ပြသခဲ့သည်။ ဒါရိုက်တာ - ဆရာရွှေဒုံးဘီအောင် အဓိကသရုပ်ဆောင်များ - ခင်မောင်ရင်၊ ဘချစ်၊ မေမေဝင်း ထိုဇတ်ကားကို ယခုဂူများတွင်လာရောက်ရိုက်ကူးခဲ့လို့ ဗိုလ်အောင်ဒင်ဂူလို့ခေါ်ကြတာလို့လည်းပြောကြပါတယ်။ (အမှားပြင်ဆင်ရေးသားထားပါသ်ု) #ပေါက်ခေါင်း #ဗိုလ်အောင်ဒင် #ဂူ

Burmese Cartoon
Burmese Cartoon
Open In TikTok:
Region: MM
Sunday 28 June 2026 14:09:09 GMT
14619
273
13
7

Music

Download

Comments

nchnchnch999
ရန်ကုန်မြို့က ဖေကံကောင်း :
သူ့အုတ်ဂူက ပေါက်ခေါင်းမြို့ပေါ်က ပညာဇောတာရုံကျောင်းတိုက်ထဲမှာ🥺
2026-07-02 15:05:14
1
user4601566587458
ဆရာဦးမြင့်ဝေ(မန္တလေး) :
ရွှေဒုံးဘီအောင်ရိုက်ကူးတဲ့ဗိုလ်အောင်ဒင် ဇာတ်ကားကမင်းသားခင်မောင်ရင် ပါဗျာ သေချာသိမှအများကိုချပြပါ
2026-07-01 02:25:05
3
user8200088345578fggh1
အမုန်း :
🥰🥰🥰
2026-06-28 14:24:01
1
To see more videos from user @burmese.cartoon.archive, please go to the Tikwm homepage.

Other Videos


About