@thwethwehtun0101: တစ်သက်လုံး သန်မာဖို့၊ ကိုယ့်အားကိုယ်ကိုးဖို့၊ ကိုယ့်ကိုယ်ကို ကာကွယ်ဖို့ပဲ သင်ယူခဲ့ရတဲ့ အမျိုးသမီးတွေရဲ့ Rs ပြဿနာ‼️ သွယ်ကိုယ်တိုင်လည်း အကြီးဆုံးသမီး ဖြစ်တဲ့အလျောက် သန်မာတဲ့ အမျိုးသမီး တစ်ယောက်အဖြစ် ရပ်တည်နိုင်ဖို့၊ ကိုယ့်ကိုယ်ကို ရော သူများကိုရော တာဝန်ယူတတ်ဖို့ ငယ်ငယ်ကတည်းက သင်ယူခဲ့ရပါတယ်။ ဒါကလည်း မကောင်းတဲ့အရာတစ်ခုတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ အသက်ကြီးလာတော့ RSတွေထားတဲ့ အခါမျိုးမှာ ပြဿနာလေးတွေ ရှိလာပါတယ် အဲ့ဒါက ဘာလဲဆိုတော့ သူများကို မမှီခိုတတ်တဲ့ ပြဿနာပါ။ ကိုယ့်ကိုယ်ကိုပဲ ယုံတဲ့အတွက် သူများကိုလည်း စိတ်မချရဲသလို အားလည်း မကိုးတတ်ပါဘူး။ RSတိုင်းမှာ ကိုယ်ကပဲ ဦးဆောင်၊ ကိုယ်ကပဲ ထိန်းချုပ်ပြီး အရာရာကို ကိုယ်ပဲစီမံခန့်ခွဲနေတာပါပဲ။ တိုတိုပြောရရင် Musculine Energy များနေတာပေါ့။ အဲ့ကျ ဘာဖြစ်လဲဆို ကိုယ်တွေ့တဲ့ partner တိုင်းက ကိုယ့်ရဲ့ ဦးဆောင်မှုကိုပဲ လိုက်မဲ့သူ၊ ကိုယ့်စကားကိုပဲ နားထောင်တတ်တဲ့သူ၊ သူ့ဘက်က စပြီး ဘာမှလုပ်မပေးတတ်တဲ့သူမျိုးနဲ့ပဲ ကြုံရပါတယ်။ တနည်းပြောရရင် ကိုယ့်လောက်မှ Musculine Energy မများတဲ့သူတွေပေါ့။ အဲ့ဒါကလည်း ကိုယ်ကကိုက feminine ဖြစ်မနေတော့ အားကိုးမှုက မရှိ၊ ဦးဆောင်ခွင့်မပေး၊ နောက်က မနေတတ်တော့ တစ်ဖက်ကလည်း လုပ်ပေးနေစရာမလိုတော့တာမျိုးလို့ မြင်တာလည်း ဖြစ်နိုင်ပါတယ်။ ငါကတော့ တခြားမိန်းကလေးတွေလို မပူဆာတတ်ဘူးနော်၊ မချွဲတတ်ဘူးနော် စသဖြင့် ပြောပြီး အဲ့အတွက်လည်း ကိုယ့်ကိုယ်ကိုလည်း ဂုဏ်ယူနေခဲ့တယ်။ ဒါပေမဲ့ အတွင်းထောင့် တစ်နေရာမှာတော့ သန်မာရတာ အရမ်းပင်ပန်းနေခဲ့တယ်။ သူများကောင်မလေးတွေလို အချစ်ခံချင်တယ်၊ အလိုလိုက်ခံချင်တယ်၊ အားကိုးချင်တယ်။ ကိုယ်ချစ်တဲ့ အမျိုးသားတစ်ယောက်က ကာကွယ်ပေးရင်တော့ ဘယ်မိန်းကလေးမဆို သဘောကျတာပဲလေ။ ဒါမဲ့ အဲ့လို ဘယ်တော့မှ ဖြစ်မလာဘူး။ သူ့ဘက်က ကိုယ့်ကိုလိုလိုလားလား လုပ်ပေးမျိုးတာထက် ကိုယ်ကပဲ အတူတူနီးစပ်ဖို့ တစ်ဖက်လူကို အမြဲ ထိန်းချုပ်နေရတယ်။ ကြာလာတော့ Rsကြီး ပြိုလဲမသွားဖို့ ကိုယ်ကပဲ ထမ်းပိုးထားရသလို ခံစားရ​တယ်ပေါ့နော်။ သွယ့်ရဲ့ Long Term Rsတစ်ခုပြတ်ပြီး Manifestation Journey ပေါ် ရောက်လာတဲ့အခါမှာတော့ Healing တွေ လုပ်ခဲ့ရရင်းနဲ့ ဒီလိုမျိုး အမြဲသန်မာပြနေရတယ်ဆိုတာ Trauma Response တစ်ခုပဲဆိုတာကို သိခဲ့ရတယ်။ ကိုယ့်ရဲ့ Feminine energy ကို ပြန်ရှာပြီး မျှတအောင် နေထိုင်တတ်လာတယ်။ အဲ့ကျမှပဲ RSတစ်ခုမှာ ဦးဆောင်မှုနောက်ကို လိုက်တတ်လာတယ်။ ကာကွယ်ပေးတာကို လက်ခံတတ်လာတယ်။ တစ်ဖက်က စေတနာနဲ့ လုပ်ပေးတဲ့အရာတွေအတွက် ကိုယ့်ကိုယ်ကို အပြစ်တင်စိတ်မဝင်ဘဲ ကျေးဇူးတင်ပြီး အသိအမှတ်ပြုတတ်လာတယ်။ ကိုယ့်ချစ်သူအပေါ် နူးနူးညံ့ညံ့ နွေးနွေးထွေးထွေး ဆက်ဆံတတ်လာတယ်။ ဒါကြောင့်ပဲ ကိုယ်က အချစ်ခံရတယ်ဆိုတဲ့ ခံစားချက်ကို ခံစားတတ်လာတယ်ပေါ့နော်။ အကျိုးဆက်အနေနဲ့ တစ်ဖက်လူကလည်း ကိုယ့်ကို မှီခိုမဲ့သူမဟုတ်ဘဲ ဦးဆောင်နိုင်တဲ့သူ၊ ကိုယ့်အတွက် ကြိုးစားပေးတဲ့သူ၊ စေတနာရှိတဲ့သူနဲ့ ဆုံလာရတယ်။ ဒါတွေက တိုက်ဆိုင်မှုမဟုတ်ပါဘူး။ ကိုယ့်ရဲ့လုပ်ရပ်တွေက တစ်ဖက်လူဆီမှာ ရောင်ပြန်ဟပ်တာပဲ ဖြစ်ပါတယ်။ ဒါကြောင့် သွယ့်အရင်တုန်းက ပုံစံလိုမျိုး သန်မာဖို့ပဲ သင်ယူခဲ့ရတဲ့အမျိုးသမီးလေးတွေ ရှိရင် RSတွေမှာ ကိုယ့်ကိုယ်ကို သတိပြုပါနော်။ ကိုယ့်ကို မဦးဆောင်နိုင်တဲ့အမျိုးသားတွေနဲ့ပဲ ကြုံနေရတယ်လို့ ခံစားနေရရင် ကိုယ်ကိုယ်တိုင်ကလည်း Musculine Energy အရမ်းများနေလားဆိုတာကို ပြန်ပြီး သုံးသပ်ကြည့်ပါလို့❣️ ဒီစာလေးတွေ့လို့ ကိုယ့်မှာလည်း ဒီလိုပြဿနာမျိုး ကြုံနေရတယ်လို့ ခံစားရရင် ကွန်းမန့်မှာ Me လို့ မန့်သွားပေးပါဦးရှင်🤗 #fyp #creatorsearchinsights #sharingiscaring #relationshipproblems #eldestdaughter

Thwe’s Sharing
Thwe’s Sharing
Open In TikTok:
Region: TH
Sunday 28 June 2026 16:59:00 GMT
3196
216
4
6

Music

Download

Comments

win.pa.pa.moe61
Win Pa Pa Moe :
me
2026-07-01 09:16:15
0
giegie0562
Mei Mei 🎀 :
me 😌
2026-06-29 02:51:19
1
thet.oo1181
@$Thet Oo#$ :
🥰🥰🥰
2026-06-28 17:23:58
1
yeyo_123
Ye Yo :
🥰🥰🥰
2026-06-29 05:08:15
1
To see more videos from user @thwethwehtun0101, please go to the Tikwm homepage.

Other Videos


About