@thehandmadestudiomya: မင်္ဂလာပွဲတစ်ခု အောင်အောင်မြင်မြင်နဲ့ စိတ်တိုင်းကျဖြစ်ဖို့ဆိုရင် အနည်းဆုံး ၆ လကနေ ၁ နှစ် ဝန်းကျင် ကြိုတင်ပြင်ဆင်ရပါမယ် ✨ ဒါမှလည်း စိတ်ကြိုက် Venue (ခန်းမ) နဲ့ ကိုယ့်ရဲ့ Dream Wedding ကို အချိန်မီစီစဉ်နိုင်မှာပ ခေါင်းမရှုပ်ရအောင် လအလိုက် စနစ်တကျ လုပ်ရမယ့်အလုပ်တွေကို မင်မင် ဖော်ပြပေးလိုက်ပါတယ် ၆ လမှ ၁ နှစ် ကြိုတင်🤵🏻‍♂️👰🏻‍♀️ ✅Budget သတ်မှတ်ခြင်း ✅ရက်ရွေးခြင်း (ရက်ရာဇာ ရှာခြင်း) ✅ခန်းမ ဟိုတယ် ရှာဖွေခြင်း ✅ဖိတ်စာစာရင်း (Guest List) စုဆောင်းခြင်း ငွေဘယ်လောက်သုံးမလဲ အရင်ညှိပါ။ လူကြိုက်များတဲ့ ခန်းမတွေက ၁ နှစ်ကြို booking ရပါတယ် ဧည့်သည် အရေအတွက်ပေါ်မူတည်ပြီး ခန်းမဆံ့/မဆံ့ တွက်ရပါမယ် နှစ် ၊ လ သတ်မှတ်ပြီးတာနဲ့ hotel or ဘုန်းကြီးကျောင်းကရတဲ့ရက် နဲ့ ကိုယ်လိုချင်တဲ့ရက် ကိုက်ပြီး တခါတည်း book ထားပါ သေချာယူမယ်ဆို deposit ကြိုချထားပါ (အနားနီးရင်လဲ ထပ်ပြီး confirm လုပ်၊ remind လုပ်ပါ) ____________________ ၄ လမှ ၆ လ ကြိုတင် 🤵🏻‍♂️👰🏻‍♀️ ✅Wedding Planner / Decoration အပ်ခြင်း ✅ မင်္ဂလာဝတ်စုံ Designer ရွေးခြင်း ✅ Makeup Artist (MUA) booked ခြင်း ✅ Photographer & Videographer ရွေးခြင်း ✅ စိတ်ကြိုက် Style ကို ရွေးချယ်ပြီး ဆွေးနွေးပါ ✅ နာမည်ကြီး MUA/Photographer /MC တွေက ရက်ထပ်တတ်ပြီး လိုချင်တဲ့ရက် မရတတ်လို့ အရင်ဆုံး စရန်ပေး (Deposit) သွင်းထားရပါမယ်။ ________________ ၂ လမှ ၃ လ ကြိုတင်🤵🏻‍♂️👰🏻‍♀️ ✅Pre-wedding (စေ့စပ်/မင်္ဂလာဦး) ပုံရိုက်ခြင်း ဒါမှအေးဆေးပြီး ပျော်စရာလည်းကောင်းမယ် ၊ နီးမှဆို stress များပြီး ပျော်စရာမကောင်းပါဘူး ၊ ၃လထက်ပိုစောလည်း ပိုကောင်းပါတယ် ၁လခွဲလောက်အကြာမှAlbum ၊ photo softcopy ရတောင် wedding နဲ့ ၁လခွဲလောက်ကွာသေးတာမို့ အေးဆေး facebook တင် ၊ ပုံမကြိုက်ရင်ပြင်ထုတ်နိုင်သေးတယ် ✅မင်္ဂလာလက်စွပ် ဝယ်ယူခြင်း ✅ ဖိတ်စာဒီဇိုင်းအပ်ခြင်း ဖိတ်စာအတွက်လူချရေးပါ (Hotel အတွက်လူတွက်လိုလျှင် ၁အိမ် လူ ၂ယောက်နှုန်းမဟုတ်ပါတဲ့ ဖိတ်စာ၁စောင် 1.5 နဲ့မြှောက်ကြည့်ပါတဲ့ ) ✅Wedding Door Gifts & Favors အပ်ခြင်း ပွဲပြန်ကမ်းလက်ဆောင်တွေကို Concept အတိုင်း အရေအတွက်အတိအကျနဲ့ Pre-order အပြီးအပ်ရပါမယ်။ အနားနီးအပ်ရင် လိုချင်တာတွေမရတာ၊ ပစ္စည်းပျက်တာ၊ တက်စျေးနဲ့မိတာ ဖြစ်ပါမယ် (အနားနီးမှ ထပ်တိုးလိုရင်ထပ်အပ်ပါ) ဒါဆိုစိတ်အေးရပါတယ် ဝတ်စုံတွေ တိုင်းထွာ ချုပ်လုပ်ရမယ့် အချိန်ပါ။ သတို့သမီး သတို့သား အပြင် အရံ မိဘ ဖို့ပါဆို ၃လလောက်စောတာ မပိုပါဘူး ၊ ချုပ်ပေးမယ်ဆို အရံတွေရွေးပါအုံး ၊ လူသေချာရမှ ချုပ်ပါ အရံဖို့ ဖိနပ် ဝယ်ပါ (ဝတ်စုံက ငှားမှာဆို ၂ ပတ်အလိုလောက် အားလုံးခေါ်သွားရွေး ဘိုကင်လုပ်ထားရပါမယ် __________________ ၁ လ ကြိုတင် ✅ဖိတ်စာ လိုက်ဝေခြင်း ✅ ဝတ်စုံများ Fit ဖြစ်/မဖြစ် နောက်ဆုံးအကြိမ် စမ်းဝတ်ခြင်း ✅ခမ်းမ၊ အလှဆင်၊ အစားအသောက် အားလုံးကို Double Check လုပ်ခြင်း ✅ဧည့်သည်စာရင်း အတည်ပြုပါ ✅ ပွဲနေ့ အစီအစဉ် (Agenda) ကို Planner သို့မဟုတ် MC နှင့် သေချာတိုင်ပင်ပါ ————————— ၂ ပတ် ကြိုတင် ✅သတို့သမီး အလှအပဆိုင်ရာ ပြင်ဆင်ခြင်း (Skincare/Hair/Nails) ✅မင်္ဂလာပွဲရက် ဝတ်မယ့် ဖိနပ်များ အသားကျအောင် စီးထားခြင်း ✅လက်ထပ်စာချုပ်အတွက် လိုအပ်သည်များ ပြင်ဆင်ခြင်း ✅မျက်နှာကို အသစ်အဆန်း Treatment တွေ မလုပ်ရပါ။ ✅ပွဲနေ့မှာ ဖိနပ်ပေါက်တာမျိုး မဖြစ်အောင် အိမ်မှာ ကြိုစီးထားပါ။ ———————— ၂ရက်အလို ✅ စိတ်မချရင် အားလုံးကို ph ဆက်ပြီး confirm လုပ်ပါ(hotel ၊ Make up ၊ အခမ်းအနားမှူး ၊ ဂီတ ၊ ပန်း ) ——————— ၁ရက် အလို ✅အဝတ်အစား၊ လက်စွပ်၊ မိတ်ကပ်ပစ္စည်းများ ဖိနပ်၊Photo Album ၊ Fram ၊ Slide show CD အကုန်စုစည်းထားခြင်း ✅ ပိုက်ဆံရှင်းမည့်သူ ၁ယောက်ကိုင်ပါ (ပွဲနေ့ငွေရှင်းရမည့်သူများအတွက် စာအိတ်များ ခွဲထည့်ထားခြင်း) ✅Reception အတွက် လက်ဖွဲ့လက်ခံ/ ဧည့်ခံရေးလူရွေးထားပါ (လက်ဖွဲ့ငွေတွေပျောက်တတ်တာမို့ ပွဲရှင်ဘက်ကလူပဲအနီးနားရှိပါစေ) ပုံးပြည့်တဲ့ချိန်ဘယ်သူလာတောင်းတောင်းမပေးရန် (ကြိုပြောထားရန်) ✅စောစောအိပ်ရာဝင်ခြင်း ✅ပွဲနေ့မှာ စိတ်လှုပ်ရှားပြီး ကျန်ခဲ့တာမျိုး မရှိအောင် အိတ်တစ်လုံးထဲ လိုအပ်မှာတွေ အကုန်စုထည့်ပါ ✅မိတ်ကပ်ကွက်တာ၊ မျက်ကွင်းညိုတာ မဖြစ်အောင် စိတ်အေးအေးထားပြီး အိပ်စက်ပါ။ ✅ကူမဲ့သူတွေဖုန်းဆက် ချိန်းပါ ရှေ့ထွက် အရံတွေ မိတ်ကပ်ပြင်ရန် ဘယ် အချိန်အရောက် မိဘတွေ ဘယ်အချိန် ရောက် လက်ဖွဲ့သိမ်း ၊ ဧည့်ခံ နေရာချ ဘယ်အချိန် လက်ဖွဲ့ ပစ္စည်းသိမ်း သယ်/ ဘယ်သူ ဘယ်ကား မင်္ဂလာဆောင်မယ့် မောင်နှံများအတွက် ကြိုပြီးစီစဉ်ထားနိုင်အောင် လိုအပ်မယ်ထင်တာလေးတွေ မင်တို့ The Handmade Studio မှ Sharing လုပ်ပေးလိုက်ပါတယ်ရှင် 🥰 အချိန်ယူပြီး သေချာလေး 𝗇𝗈𝗍𝖾 လုပ်ထားတာမို့ လွတ်လပ်စွာ 𝖲𝗁𝖺𝗋𝖾 နိုင်ပါတယ် 🥰 🚫ကူးယူဖော်ပြ ပြန်လည်တင်ခြင်း လုံးဝ(လုံးဝ) ခွင့်မပြုပါရှင် မင်္ဂလာမောင်နှံများအတွက် အကျိုးရှိစေမယ်လို့ မျှော်လင့်ပါတယ် အဆင်ပြေပါစေ 🥰🙏🏻 #weddingchecklist #weddingday #viral #fyp #tiktok

The Handmade Studio
The Handmade Studio
Open In TikTok:
Region: MM
Sunday 28 June 2026 15:37:26 GMT
68906
1899
1
1334

Music

Download

Comments

lavender.purple942
ကုသိုလ်စုဗူး🙏🙏🙏 :
Thank you for your share 🙏
2026-06-29 03:47:52
1
To see more videos from user @thehandmadestudiomya, please go to the Tikwm homepage.

Other Videos


About