@user2613915785870: တရားမဟောမှီ ဓမ္မာသနပလ္လင်ထက်မှ #ပလ္လင်ဖွင့်ဘုရားရှိခိုးဂါထာတော် ဟို…အရင်တစ်ချိန်က #ကချင်ပြည်နယ် $ဗန်းမော်မြို့၊ ခိုကျင်ကျေးရွာ #ဂုဏဝိသိဋ္ဌပူဇာညချမ်းကာလဓမ္မသဘင် “” ပလ္လင်ဖွင့်ဘုရားရှိခိုး “” 🪷🪷🪷🪷🪷🪷🪷🪷 ဝနေ ဇာတောစ ဥပ္ပန္နော၊ ဝနေ နိဗ္ဗူတိ ယောဇိနော။ ပရမေတံ သမာဒေတိ၊ တံ နမေ နရပုင်္ဂဝံ။ ~~~~~~~~~~~~~~~~~~~~~~~~~~~~~ ယော ဇိနော= ဒေဝ ပုတ္တ ကိလေသနှင့် ခန္ဓမစ္စု အဘိသင်္ခါရ ငါးဖြာသော မာရ်ယုတ်တို့ကို သုတ်သင်ပယ်ရှင်း အောင်မြင်တော်မူခဲပါသည့် အကြင်ဘုရားရှင် ကိုယ်တော်မြတ်ကြီးသည်။ ဝနေစ= ပွင့်မျိုးစုံညီ လုမ္ဗိနီသာမော အင်ကြင်းတောအရပ်၌။ ဇာတော= ဘွဲ့ဖြူပုဆိုး ဗြဟ္မာတွေ ထီးလုပ်၍မိုးပါလျက် ကမ္ဘာတစ်ဝန်းမှာ ဟိုးဟိုးကျော်အောင် ဖွားမြင်တော်မူခဲ့ပါပေ၏။ သော ဇိနော= ဒေဝ ပုတ္တ ကိလေသနှင့် ခန္ဓမစ္စု အဘိသင်္ခါရ ငါးဖြာသောမာရ်ယုတ်တို့ကို သုတ်သင်ရှင်းလင်း အောင်မြင်တော်မူခဲ့ပါသည့် ထိုဘုရားရှင်ကိုယ်တော်မြတ်ကြီးသည်။ ဝနေစ= ညောင်ဗုဒ္ဓဟေ ပလ္လင်ဗွေထက် တည်နေကိန်းဝပ်တော်မူသော ထိုတောအုပ်၌ပင်လျှင်။ ဥပ္ပန္နော= ရွှေမဂ္ဂင်ဖောင်ဝယ် အောင်လံတော် ဉာဏ်ဖွင့်၍ အရံသင့် ဘုရားအဖြစ်သို့ ရောက်ရှိတော်မူခဲ့ပါပေ၏။ ဝနေစ= မာလ္လာမင်းတို့၏ ရဂုံသာမော အင်ကြင်းတော အရပ်၌သာလျှင်။ နိဗ္ဗူတိ= များစွာသောသူတို့၏ အားကိုးအားထားရာတစ်ဆူ ဖြစ်တော်မူသော ဘုရားရှင်ကိုယ်တော်မြတ်ကြီး ခန္ဓပရိနိဗ္ဗာန် ဝင်စံချုပ်ငြိမ်း ရုပ်သိမ်းတော်မူခဲ့ပါပေ၏။ ပရမေဝ= ရာဟုလာသား ပမာထား သကဲ့သို့ တစ်ခြားတစ်ခြားသော ပုဂ္ဂိုလ်သတ္တဝါတွေကိုလည်းပဲ။ တံ= တောအုပ်ရှိနေချင်းအမှုကို။ သမာဒေတိ= ကောင်းစွာဆောက်တည်စေတော် မူခဲ့ပါပေ၏။ နရပုင်္ဂဝံ= လူနတ်ဗြဟ္မာသတ္တဝါတို့၏ ခေါင်းဆောင်ရှေ့သွား ဖြစ်တော်မူပေထသော။ တံ= ထိုဝနဝါသီ ဘာဂီဓလေ့ ကြည်ရွှင်မွေ့သည့် ဘုရားရှင် ကိုယ်တော်မြတ်ကြီးကို။ အဟံ= တရားဟောမည်စိတ်ကရည်၍ ကြံစည်အားထုတ် ဝိသုဒ္ဓ ဟု နာမသမုတ် အကျွန်ုပ်သည်။ မယံ= ဘုရားဖြစ်တော် အောင်းမေ့ မျှော်၍ ဗုဒ္ဓါနုဿတိ ဘာဝနာ ပွါးများကာနေကြသည့် တရားနာ ကြွလာကြကုန်သော ဆွေတော် မျိုးတော် ပရိသတ်မည်ခေါ် ဘုရားတပည့်တော် တပည့်တော်မတို့သည်။ ဝန္ဒေ-ဝန္ဒောမ= အများသူငှါ ဘေးရန်ကွာ၍ ကျန်းမာစေကြောင်း ဆုမွန်တောင်းလျက် ချမ်းသာစေကြောင်း ဆုမွန်တောင်းလျက် ဗုဒ္ဓဂုဏ်တော် မှန်းကာမျှော်၍ ယုံကြည်မြတ်နိုး လက်စုံမိုးကာ ရှိခိုးကန်တော့လိုက်ပါ၏ အရှင်ဘုရား.....။ သာဓု………………..သာဓု……………….သာဓု

ဓမ္မလုလင်
ဓမ္မလုလင်
Open In TikTok:
Region: MM
Sunday 28 June 2026 23:40:47 GMT
44156
3768
86
119

Music

Download

Comments

ashinnandacariya
Dr. Nandacariya :
စာသားလိုချင်ပါတယ်ဘုရား
2026-06-30 14:11:30
1
yatanar0909
နတ်မောက်ဆရာတော် :
အရမ်းတော်
2026-06-29 14:41:49
1
ashin.mandala41
✍မင်းကုသ✍ :
ဗန်းမော်မြို့မှာ နေသွားတော်မူဖူးတဲ့ ဆရာတော်ထင်ပါ့ဘုရား
2026-06-30 04:40:07
1
user7863237755924
စိုင်း ရှမ်း :
ကောင်းတယ်ဘုရား
2026-06-30 02:43:50
2
yyyyyyyyyyyyyyy3308
Ko Khaing :
ဘွဲ့တော် သိပါရစေ
2026-06-29 14:29:13
1
ko.tun7029
ko Tun :
ဘွဲ့တော်လေး တင်ပေးပါခင်ဗျာ တရားနာချင်လို့ပါ
2026-06-29 14:37:19
1
u.san.lwin816
U San Lwin :
ကြည်လင်စွာဖြင့် နာကြားခွင့် နာကြားရ၍ သာဓု သာဓု သာဓု ခေါ်ဆိုပါ၏ အရှင်ဘုရား 🙏🙏🙏
2026-06-30 06:20:50
1
uzaw0065
U Zaw :
🙏🙏🙏🙏🙏🙏🙏🙏🙏
2026-06-29 14:26:00
1
zarnihtet374
zarnihtet374 :
စာလေးနဲ့တင်ပေးပါလားဘုရား
2026-06-29 13:49:36
2
user9681118119296
လျွှမ်းလျှံ :
သာယာငြိမ်းညောင် ပီပြင်ပြက်သာသော အသံထူးရှိပါပေ၏ဘုရား
2026-06-29 09:09:09
2
u.wi.ma.la26
Ashin vimala :
အရမ်းတော်ပါတယ်ဘုရား ဦးတော်ပါဘုရား
2026-06-30 04:52:29
1
tunoo7813
ဘကြီး :
သာဓု သာဓု သာဓုပါဘုရား
2026-06-29 14:50:13
1
khainghtoo87
☘️U Khaing(Leo) :
🙏🙏🙏🙏🙏
2026-06-29 08:09:23
1
dawaye019
Daw Aye :
သာဓုသာဓုသာဓုပါဘုရား
2026-06-29 15:40:29
1
bo.htay10
Bo Htay :
သါဓုသါဓုသါဓုပါဘရား
2026-06-29 13:50:07
1
ashin.teyjananda
Ashin Tejānanda :
နာပျော်ဖွယ်ရှိပါတယ်ဘုရား။
2026-06-30 02:02:56
1
nann.khin.shwe
Nann Khin Shwe :
တော်လိုက်တာဘုရား နာကြားရတာအလွန်မှကြည်ညိုပါ၏ဘုရား🙏🙏🙏🙏🙏
2026-06-29 12:42:21
1
lulut2347
Lu Lu :
သာဓုသာဓုသာဓုပါဘုရား
2026-06-29 11:11:02
1
user985535369
Da Tha Na :
ဂါထာတော်လေးစွန့်ပါဘုရား🙏🙏🙏
2026-06-30 15:20:05
0
chitsi50
ကိုစိုင်းချစ်5121 :
ပါရမီ ဖြည့်တော်မူပါဘုရား
2026-07-01 03:46:24
0
user5720980075095
ဆီးနှင်းလေးတိုထာဝရဝေ :
ကြည်လင်ပြတ်သားသောအသံနှင့်ပြည်စုံလှပါသည်ဘုရား🙏🙏🙏🙏🙏
2026-07-01 01:50:32
0
ko.ko.htet6470
Ko Ko Htet :
ကောင်းလိုက်တာအရှင်ဘုရား
2026-07-01 04:48:59
0
koaung4949
KoAung :
🙏
2026-06-30 16:41:01
0
mgphone407
🫒K.H🫒 :
လိုချင်ပါသည်ဘုရား
2026-06-29 02:54:36
1
To see more videos from user @user2613915785870, please go to the Tikwm homepage.

Other Videos


About